သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းလုံခြုံရေးတင်းကျပ်


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်သားများ (ယခင်မှတ်တမ်းပုံ)
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်သားများ (ယခင်မှတ်တမ်းပုံ)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင်တိုက်ပွဲကပြင်းထန်လာပြီးလေကြောင်းတိုက်ခိုက်မူတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေ ရက်ကြာလာတဲ့အချိန်မှာ ထိုင်းနိုင်ငံ တာခ့်ရိုင် အတွင်းကမဲဆောက်မြို့အပါအဝင် နယ်စပ်တလျှောက်ကို မတ် ၉ ရက်နေ့ကစလို့ ထိုင်းစစ်တပ်က လုံခြုံရေးတွေ တိုးမြှင့် တင်းကျပ်ထားပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ နဲ့ သင်္ကန်းညီနောင်ရဲစခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေပိုပြီး ပြင်းထန်ခဲ့ပါတယ်။ဒီအတွက်ထိုင်းဘက်ကလည်း နယ်စပ်လုံခြုံရေးကို တိုးချဲချထားပြီးမတ်လ ၁၁ရ်ကနေ့မှာတော့ မြန်မာနဲ့ထိစပ်နေတဲ့မြို့နယ်တွေ ဘက်မှာ စစ်ကားတွေနဲ့ကင်းလှည့်နေတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပါတယ်။

"ထိုင်းဘက်ခြမ်းမှာဆိုရင် ထိုင်းတော်ဝင်အထူးတပ်နဲ့နယ်ခြားစောင့်တပ်တွေက ကမ်းနားတလျောက်ပေါ့ အဓီကတာခ်ခရိုင်ထဲမှာရှိတဲ့ မဲဆောက် မယ့်ကိုကင်း မယ်ကု ကျောက်ခက်ဘက်မှာလုံခြုံရေးတွေတင်းကျပ်ထားတာတွေ့ရတယ်။ အဓိက တွေ့တာက ကားပေါ်မှာ စက်လက် (လက်နက်တွေ)ဆင်ထားတဲ့စစ်ကားတွေကိုတွေ့ရတယ်၊ အဲဒီကားတွေကတော့အခုရက်ပိုင်းမှာပဲတွေရတယ် ၂ရက်လောက်ပဲရှိသေးတယ် ၊ ထူးခြားတာကတော့ထိုင်းရဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ပေါင်းပြီး လုံခြုံရေးကိုယူထားတယ် ၊တင်းတင်းကျပ်ကျပ်တော့ရှိတယ်"

ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတား(၁)အနီးမှာလည်း လုံခြုံရေးကင်းလှည့်နေတာတွေ ရှိနေကြောင်းကိုလည်း နောက်ထပ်ပြည်သူတဦးကပြောပြပါတယ်။

"စစ်တပ်ကလုံခြုံရေးအရ အားလုံး ကားတွေ အမြှောက်ပါတဲ့ကားတွေ အဆင်သင့်ထားတာပေါ့ Ready လုပ်ထားတာပေါ့၊ မနေ့ညက ၁၂နာရီကျော်က လေကြောင်းကပစ်တာရှိတော့ ဒီမနက်တော့ထိုင်းဘက်ကပိုဆိုးသွားတယ် လုံခြုံရေးကိုတင်းကျပ်တာပေါ့ ၊ လုံခြုံရေးကတော့ စစ်တပ်ရယ်၊ ရဲရယ်၊ လ၀ကရယ်က ကမ်းနဖူးတလျှောက်အကုန်ရှိတယ်၊ ဟိုဘက်က နေ အတွင်းပိုင်းတွေကိုတော့ဝင်လို့မရဘူး"

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်နဲ့အနီးဆုံး ထိုင်းဘက်က မြို့နယ်တွေထဲက မဲဆောက်မြို့၊ မယ်လမတ်မြို့၊ ဖွတ်ဖရမြို့၊ ထမ်ဆောင်ယမ်းမြို့ စတဲ့ နေရာတွေကိုအရင်တုန်းကတော့ စစ်ဘေးရှောင်သူတွေလာရောက်ကြတာရှိတဲ့အတွက်လည်း အခုလည်းထပ်ရောက်လာမှာကိုစိုးရိမ်ပြီး ထိုင်းဘက်ကလုံခြုံရေးတွေကိုတိုးမြှင့်ချထားတာဖြစ်ပါတယ်။ပြီးခဲတဲ့နှစ် ဧပြီလတုန်းကလည်း မြန်မာနိုင်ငံကရင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို စစ်ဘေးရှောင်သူ ၉ထောင်လောက်ခိုလှုံလာကြပြီး ထိုင်းစစ်တပ်ကတော့ တိုက်ပွဲငြိမ်သက်တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ နေရပ်ကိုပြန်ပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG