သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်လာမယ့် ဂျပန်နိုင်ငံသားတွေ တနှစ် ဗီဇာကင်းလွတ်ခွင့်ပေး


မြန်မာနိုင်ငံကိုအလည်လာသည့် အာရှခရီးသွားဧည့်သည်များ
မြန်မာနိုင်ငံကိုအလည်လာသည့် အာရှခရီးသွားဧည့်သည်များ

မြန်မာနိုင်ငံကို လာရောက်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားက ခရီးသွားဧည့်သည်တွေအတွက် တနှစ် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း မြန်မာအစိုးရရဲ့ ကြေညာချက်ဟာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားခရီးသွားတွေ ပိုပြီးလာရောက်စေဖို့ ဆွဲဆောင်နိုင်မယ်လို့ ဂျပန်သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဗီဇာကင်းလွတ်ခွင့် ထုတ်ပေးမယ့် လေဆိပ်တွေကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး လေဆိပ်တွေ ဖြစ်သလို ထိုင်း - မြန်မာ နယ်စပ်ဂိတ် ၄ ခုမှာလည်း ရယူနိုင်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီအစီအစဉ်အရ ခရီးသွား ဧည့်သည်တွေဟာ ရက် ပေါင်း ၃၀ အထိ နေခွင့်ရမှာဖြစ်ပေမယ့် ရက်ထပ်တိုးခွင့်တော့ မရှိပါဘူး။

အရင်တုန်းကတော့ ခရီးသွား ဗီဇာလျှောက်ထားသူတွေအနေနဲ့ ဒေါ်လာ ၁၀၀၀ ရှိကြောင်းပြသပြီး အပြန်လေယာဉ်လက်မှတ် ပြနိုင်ရင် ဗီဇာကင်းလွတ်ခွင့် ပေးဖို့ မြန်မာအစိုးရက စီစဉ်ထားတာပါ။ ဒါပေမယ့် ခရီးသွားဧည့်သည်တွေအနေနဲ့ ငွေသားထက် ခရက်ဒစ်ကပ်ပြားတွေ ကိုင်ဆောင်လေ့ ရှိတာမို့ အစိုးရက ဒီအစီအစဉ်ကို ပယ်ဖျက်လိုက်ပုံရပါတယ်။

အောက်တိုဘာလ တရက် တနင်္လာနေ့ကစတင်တဲ့ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်မှာ အကြုံးဝင်တဲ့ နိုင်ငံတွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားအပြင် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ဟောင်ကောင်နဲ့ မက်ကာအို က ခရီးသွားတွေပါဝင်ပါတယ်။
ရိုးရိုး သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တဲ့ ဗီဇာ ခြွင်းချက် ခွင့်ပြုထားတဲ့ အာဆီယံ ဆယ်နိုင်ငံထဲမှာတော့ မလေးရှားမှအပ ကျန်နိုင်ငံတွေ အားလုံး ပါဝင်ပြီး အခုထပ်တိုးခွင့်ပြုတဲ့ နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်တဲ့ နိုင်ငံ ဆယ်နိုင်ငံထဲပါဝင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာကို မြန်မာနိုင်ငံတံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့ပြီးတဲ့နောက်မှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG