ျမန္မာႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈအားလုံးပိတ္ပင္ထားတာကို ေဖေဖာ္ဝါရီလမကုန္ခင္မွာ ျပန္လည္ခြင့္ျပဳေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရကေျပာဆိုလိုက္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို အေျခခံၿပီး အလိမၼာက တင္ျပေပးပါမယ္။
ႏိုင္ငံကူးလက္မွတ္အသစ္လုပ္တာ၊ သက္တမ္းတိုးတာ၊ ႏိုင္ငံျခားမွာ အလုပ္လုပ္ခြင့္စာအုပ္ ပုံစံေျပာင္းတာအပါအဝင္ စာအုပ္ေလွ်ာက္ဖို႔ အြန္လိုင္းကေန ရက္ခ်ိန္းယူတာက အစ အားလုံးကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကတည္းက စစ္ေကာင္စီဘက္က ပိတ္ပင္ထားခဲ့တာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းမွာေတာ့ ေလွ်ာက္ထားမႈလုပ္ငန္းစဥ္အသစ္တခုကို စစ္ေကာင္စီဘက္ကခ်ျပသြားဖို႔ရွိေနတယ္ဆိုၿပီး ေျပာေပမယ့္ အဆင္မေျပခဲ့တာမို႔၊ အခုလာမယ့္ ေဖေဖာ္ဝါရီကုန္ပိုင္းမွာမွ ေၾကညာဖို႔ရွိမယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။
"တရားဝင္ရက္ကေျပာျပလို႔မရေသးဘူးဗ်။ က်ေနာ္ေျပာႏိုင္တာဘဲေျပာႏိုင္မယ္ က်ေနာ္ေျပာႏိုင္တာ က အြန္လိုင္းကေနလုပ္ေနတဲ့ကိစၥေတြေကာ ယခင္ေဆာင္႐ြက္ေနတဲ့ကိစၥေတြေကာ ျပည္သူလူထုေကာ သြားလိုတဲ့လူေတြအဆင္ေျပေအာင္ေကာ ေဆာင္႐ြက္ေပးဖို႔အစီအစဥ္ရွိပါတယ္။ အဲေလာက္ဘဲေျပာႏိုင္ တယ္။ အရင္ထက္ အဆင္ေျပေအာင္ေဆာင္႐ြက္ေပးပါလိမ့္မယ္ခင္ဗ်။"
ျပည္ထဲေရးဝန္ႀကီးဌာနဘက္က အြန္လိုင္းကေနေလွ်ာက္ထားမႈလုပ္ဖို႔ျပင္ဆင္ေနတာျဖစ္ၿပီး၊ လာမယ့္ ေဖေဖာ္ဝါရီ ၂၄ ရက္မွာ ထုတ္ျပန္မယ္လို႔ အမည္မေဖာ္လိုတဲ့ ျပည္ထဲေရး ဝန္ႀကီးဌာန အရာရွိတဦးက အတည္ျပဳေပမယ့္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ သီးျခားအတည္မျပဳဘဲ ထြက္ရွိလာမွပဲ ျပင္ဆင္ထားတဲ့အပိုင္းေတြေလ့လာၾကည့္ဖို႔သာ ေျပာဆိုပါတယ္။ ဒါေပမယ့္ အြန္လိုင္းစနစ္ သုံးဖို႔ ျပင္ဆင္ေနတာကိုေတာ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကအတည္ျပဳေပးခဲ့ပါတယ္။
ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ဖို႔ ကိုယ္တိုင္႐ုံးမွာတန္းစီတဲ့ စနစ္ကေန အြန္လိုင္းဘြတ္ကင္စနစ္ကို ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ မတ္လကုန္ေလာက္မွာ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ေျပာင္းလဲခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူစုလူေဝး ေလွ်ာ့ခ်တဲ့အေနနဲ႔ စတင္လိုက္တဲ့ အြန္လိုင္းဘြတ္ကင္စနစ္အရ ရက္ခ်ိန္းယူၿပီးမွ လူကိုယ္တိုင္႐ုံးကို လာေရာက္ေလွ်ာက္ထားခြင့္ ရွိပါတယ္။
၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ အစပိုင္းမွာေတာ့ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈ ဘယ္လိုပုံစံမ်ိဳးကိုမဆို ယာယီရပ္ဆိုင္းလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၄ ရက္မွာေတာ့ ဗုဒၶဂယာဘုရားဖူးသြားမယ့္သူေတြ ကိုေတာ့ တစ္လအတြင္း ႏိုင္ငံကူးလက္မွတ္လုပ္ေပးတာ၊ က်န္းမာေရးအတြက္ လုပ္ေဆာင္လိုသူေတြကို ႏိုင္ငံကူးလက္မွတ္ထုတ္ေပးတာမ်ိဳးေတြ ျပန္လည္လုပ္ကိုင္လာခဲ့တာပါ။
ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံကူးလက္မွတ္လွ်ာက္ထားရာမွာ ပြဲစားကတဆင့္ လုပ္တဲ့ ေဈးကြက္ႀကီးလာသလို အခုဆိုရင္ ေငြလိမ္ညာခံရသူေတြလည္း အေတာ္မ်ားလာတယ္လို႔ သိရပါတယ္။
ပတ္စပို႔ေလွ်ာက္ထားဖို႔ျပင္ဆင္ေနတဲ့ လူငယ္တစ္ဦးကေတာ့ ဆက္လက္ၿပီးအြန္လိုင္းစနစ္နဲ႔သာလုပ္မယ္ဆိုရင္ ႏိုင္ငံကူးလက္မွတ္လွ်ာက္ထားရာမွာ ပြဲစားကတဆင့္ လုပ္တဲ့အဆမတန္ ေတာင္းတဲ့ ႀကိဳးနီစနစ္ ကသက္ဆိုးရွည္ဖို႔ သာျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ခုလိုသုံးသပ္ပါတယ္။
"ၿပီးခဲ့တဲ့ လအေစာပိုင္းကလည္း (ဗိုလ္ခ်ဳပ္) ေဇာ္မင္းထြန္းဘဲေျပာခဲ့တာဘဲ။ လကုန္ဖြင့္ေပးမယ္ေပါ့။ ၿပီးေတာ့မဖြင့္ဘူး။ ခုက် က်ေနာ္အျပင္တျခားသူေတြအျမင္ကက်ေတာ့ ဘယ္လိုျဖစ္လဲဆို တကယ္ဖြင့္ၿပီဆိုမွဘဲ ယုံၾကည္မယ္ဆိုတာျဖစ္လာတာေပါ့ေနာ္။ ေနာက္အြန္လိုင္းလို႔ေျပာကတည္းကိုက က်ေနာ္တို႔ျမန္မာႏိုင္ငံမွာ အြန္လိုင္းေပၚကိုမေရာက္ႏိုင္တဲ့သူေတြအမ်ားႀကီးရွိပါတယ္။ သူကပတ္စပို႔လိုခ်င္တယ္။ ဒါေပမယ့္ အြန္လိုင္းေပၚဘယ္လိုသြားရမလဲလုံးဝလုံးဝမသိတဲ့ လူေတြအမ်ားႀကီးပါ။ ဒီဘက္ကအြန္လိုင္းကေနေပးမယ္ဆိုကတည္းကေန ေျပာရမယ္ဆိုရင္ တဆင့္လုပ္တဲ့ ေအဂ်င္စီေတြကေန လုံးဝမကင္းႏိုင္တာမ်ိဳးျဖစ္တယ္ ဆိုတာေျပာခ်င္တယ္။ လုံးဝအြန္လိုင္းမသိသူကေန အြန္လိုင္းကိုသိတဲ့သူဆီလာၿပီးေတာ့ ဆက္သြယ္အကူညီေတာင္းရမွာဆိုေတာ့ ၾကားခံဆိုတဲ့စနစ္ကေအာ္တိုမက္တစ္ကိုျဖစ္လာမယ္ ဒီအေၾကာင္းအရာဘဲျဖစ္မွာပါဗ်"
လက္ရွိမွာေတာ့ ႏိုင္ငံကူးလက္မွတ္စာအုပ္ထုတ္ဖို႔ အဆင့္တခုသာ က်န္ေတာ့သူေတြအေနနဲ႔ ကိုယ္တိုင္ကိုယ္က် ေနျပည္ေတာ္႐ုံးကိုလိပ္မူၿပီး စာတင္တာေတြရွိလာပါတယ္။ ဒါေပမဲ့လည္း ႏိုင္ငံကူးလက္မွတ္ ပတ္စ္ပို႔စာအုပ္ရဖို႔အတြက္ ၾကားခံေဆာင္႐ြက္ႏိုင္မယ့္ ဘယ္လိုအဖြဲ႕အစည္းမွ အခုခ်ိန္ထိမရွိေသးဘဲ ျမန္မာႏိုင္ငံက ပတ္စ္ပို႔႐ုံးခြဲတိုင္း လုပ္ငန္းေဆာင္႐ြက္မႈေတြကို ပိတ္ပင္ထားဆဲျဖစ္ပါတယ္။
{Unicode}
နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ ဖေဖော်ဝါရီမကုန်ခင်ခွင့်ပြုဖွယ်ရှိ
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုအားလုံးပိတ်ပင်ထားတာကို ဖေဖော်ဝါရီလမကုန်ခင်မှာ ပြန်လည်ခွင့်ပြုပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။
နိုင်ငံကူးလက်မှတ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ခွင့်စာအုပ် ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာက အစ အားလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စစ်ကောင်စီဘက်က ပိတ်ပင်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာတော့ လျှောက်ထားမှုလုပ်ငန်းစဉ်အသစ်တခုကို စစ်ကောင်စီဘက်ကချပြသွားဖို့ရှိနေတယ်ဆိုပြီး ပြောပေမယ့် အဆင်မပြေခဲ့တာမို့၊ အခုလာမယ့် ဖေဖော်ဝါရီကုန်ပိုင်းမှာမှ ကြေညာဖို့ရှိမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။
"တရားဝင်ရက်ကပြောပြလို့မရသေးဘူးဗျ။ ကျနော်ပြောနိုင်တာဘဲပြောနိုင်မယ် ကျနော်ပြောနိုင်တာ က အွန်လိုင်းကနေလုပ်နေတဲ့ကိစ္စတွေကော ယခင်ဆောင်ရွက်နေတဲ့ကိစ္စတွေကော ပြည်သူလူထုကော သွားလိုတဲ့လူတွေအဆင်ပြေအောင်ကော ဆောင်ရွက်ပေးဖို့အစီအစဉ်ရှိပါတယ်။ အဲလောက်ဘဲပြောနိုင် တယ်။ အရင်ထက် အဆင်ပြေအောင်ဆောင်ရွက်ပေးပါလိမ့်မယ်ခင်ဗျ။"
ပြည်ထဲရေးဝန်ကြီးဌာနဘက်က အွန်လိုင်းကနေလျှောက်ထားမှုလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး၊ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်မယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတဦးက အတည်ပြုပေမယ့်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သီးခြားအတည်မပြုဘဲ ထွက်ရှိလာမှပဲ ပြင်ဆင်ထားတဲ့အပိုင်းတွေလေ့လာကြည့်ဖို့သာ ပြောဆိုပါတယ်။ ဒါပေမယ့် အွန်လိုင်းစနစ် သုံးဖို့ ပြင်ဆင်နေတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကအတည်ပြုပေးခဲ့ပါတယ်။
နိုင်ငံကူးလက်မှတ်လျှောက်ဖို့ ကိုယ်တိုင်ရုံးမှာတန်းစီတဲ့ စနစ်ကနေ အွန်လိုင်းဘွတ်ကင်စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကုန်လောက်မှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပြောင်းလဲခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေး လျှော့ချတဲ့အနေနဲ့ စတင်လိုက်တဲ့ အွန်လိုင်းဘွတ်ကင်စနစ်အရ ရက်ချိန်းယူပြီးမှ လူကိုယ်တိုင်ရုံးကို လာရောက်လျှောက်ထားခွင့် ရှိပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစပိုင်းမှာတော့ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ဘယ်လိုပုံစံမျိုးကိုမဆို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ဗုဒ္ဓဂယာဘုရားဖူးသွားမယ့်သူတွေ ကိုတော့ တစ်လအတွင်း နိုင်ငံကူးလက်မှတ်လုပ်ပေးတာ၊ ကျန်းမာရေးအတွက် လုပ်ဆောင်လိုသူတွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးတာမျိုးတွေ ပြန်လည်လုပ်ကိုင်လာခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကူးလက်မှတ်လျှာက်ထားရာမှာ ပွဲစားကတဆင့် လုပ်တဲ့ ဈေးကွက်ကြီးလာသလို အခုဆိုရင် ငွေလိမ်ညာခံရသူတွေလည်း အတော်များလာတယ်လို့ သိရပါတယ်။
ပတ်စပို့လျှောက်ထားဖို့ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးကတော့ ဆက်လက်ပြီးအွန်လိုင်းစနစ်နဲ့သာလုပ်မယ်ဆိုရင် နိုင်ငံကူးလက်မှတ်လျှာက်ထားရာမှာ ပွဲစားကတဆင့် လုပ်တဲ့အဆမတန် တောင်းတဲ့ ကြိုးနီစနစ် ကသက်ဆိုးရှည်ဖို့ သာဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခုလိုသုံးသပ်ပါတယ်။
"ပြီးခဲ့တဲ့ လအစောပိုင်းကလည်း (ဗိုလ်ချုပ်) ဇော်မင်းထွန်းဘဲပြောခဲ့တာဘဲ။ လကုန်ဖွင့်ပေးမယ်ပေါ့။ ပြီးတော့မဖွင့်ဘူး။ ခုကျ ကျနော်အပြင်တခြားသူတွေအမြင်ကကျတော့ ဘယ်လိုဖြစ်လဲဆို တကယ်ဖွင့်ပြီဆိုမှဘဲ ယုံကြည်မယ်ဆိုတာဖြစ်လာတာပေါ့နော်။ နောက်အွန်လိုင်းလို့ပြောကတည်းကိုက ကျနော်တို့မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်ကိုမရောက်နိုင်တဲ့သူတွေအများကြီးရှိပါတယ်။ သူကပတ်စပို့လိုချင်တယ်။ ဒါပေမယ့် အွန်လိုင်းပေါ်ဘယ်လိုသွားရမလဲလုံးဝလုံးဝမသိတဲ့ လူတွေအများကြီးပါ။ ဒီဘက်ကအွန်လိုင်းကနေပေးမယ်ဆိုကတည်းကနေ ပြောရမယ်ဆိုရင် တဆင့်လုပ်တဲ့ အေဂျင်စီတွေကနေ လုံးဝမကင်းနိုင်တာမျိုးဖြစ်တယ် ဆိုတာပြောချင်တယ်။ လုံးဝအွန်လိုင်းမသိသူကနေ အွန်လိုင်းကိုသိတဲ့သူဆီလာပြီးတော့ ဆက်သွယ်အကူညီတောင်းရမှာဆိုတော့ ကြားခံဆိုတဲ့စနစ်ကအော်တိုမက်တစ်ကိုဖြစ်လာမယ် ဒီအကြောင်းအရာဘဲဖြစ်မှာပါဗျ"
လက်ရှိမှာတော့ နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ဖို့ အဆင့်တခုသာ ကျန်တော့သူတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ နေပြည်တော်ရုံးကိုလိပ်မူပြီး စာတင်တာတွေရှိလာပါတယ်။ ဒါပေမဲ့လည်း နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ရဖို့အတွက် ကြားခံဆောင်ရွက်နိုင်မယ့် ဘယ်လိုအဖွဲ့အစည်းမှ အခုချိန်ထိမရှိသေးဘဲ မြန်မာနိုင်ငံက ပတ်စ်ပို့ရုံးခွဲတိုင်း လုပ်ငန်းဆောင်ရွက်မှုတွေကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။