သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံကူးလက္မွတ္ေတြ အခုလ ၂၄ ရက္ေန႔မွာ ျပန္ထုတ္ေပးေတာ့မည္ 


ျမန္မာႏိုင္ငံကူးလက္မွတ္စာအုပ္

ျမန္မာႏိုင္ငံကူးလက္မွတ္ေတြ လာမယ့္ေသာၾကာေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္ကစၿပီး ျပန္ထုတ္ေပးေတာ့မယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီေန႔အတည္ျပဳေပးလိုက္ပါတယ္။

မႏွစ္ ဒီဇင္ဘာလဆန္းထဲက ဒီႏိုင္ငံကူးလက္မွတ္ထုတ္ေပးတာကို ႏိုင္ငံထဲမွာ ရပ္ဆိုင္းထားခဲ့ရာကေန ၃ လခန္႔အၾကာ အခု ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ စတင္ထုတ္ေပးဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာနကလည္း ထုတ္ျပန္ခဲ့ပါတယ္။

အင္တာနက္ Online ေလွ်ာက္ထားမႈ ပိုျမန္ေအာင္ ျပင္ဆင္ေနခဲ့ရတာေၾကာင့္ အခုလို ရပ္ဆိုင္းခဲ့ရတာလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့ၿပီး အခု On-line booking စနစ္သစ္ စသံုးႏိုင္ေတာ့မယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ ဒီ Online booking စနစ္သစ္ကို ရန္ကုန္မွာရွိတဲ့ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး ရံုးမွာသာ အသံုးျပဳမွာျဖစ္ၿပီး၊ တျခား ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ရံုးခြဲေတြမွာေတာ့ ယခင္ပံုစံအတိုင္း ေလွ်ာက္ႏိုင္တယ္လို႔ ဒီထုတ္ျပန္ခ်က္ထဲ ဆက္ေဖာ္ျပထားပါတယ္။

ဒီ Booking စနစ္သစ္အရ www.passport.gov.mm အင္တာနက္စာမ်က္ႏွာမွာ အခ်ိန္အကန္႔အသတ္မရွိ လြယ္ကူစြာ ေလွ်ာက္ႏိုင္ၿပီး၊ အကူအညီလိုရင္ သက္ဆိုင္ရာၿမိဳ႕နယ္ရဲစခန္းမွာ ေတာင္းခံႏိုင္ၿပီး ၾကားပြဲစားေတြမသံုးဖို႔လည္း ထုတ္ျပန္ခ်က္ထဲ တိုက္တြန္းထားပါတယ္။

အရင္သံုးခဲ့တဲ့ ႏိုင္ငံကူးလက္မွတ္ ကိုယ္တိုင္႐ုံးမွာတန္းစီတဲ့ စနစ္ကေန ကိုဗစ္ကာကြယ္ေရး လူစုခြဲႏိုင္ဖို႔ Online Booking နဲ႔ ရက္ခ်ိန္းႀကိဳယူၿပီးမွ ရံုးမွာလာေလွ်ာက္ရတဲ့ စနစ္ကို မႏွစ္မတ္လကုန္ေလာက္မွာ ေျပာင္းလဲလုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

[Unicode]

နိုင်ငံကူးလက်မှတ်တွေ အခုလ ၂၄ ရက်နေ့မှာ ပြန်ထုတ်ပေးတော့မည်

မြန်မာနိုင်ငံကူးလက်မှတ်တွေ လာမယ့်သောကြာနေ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ပြန်ထုတ်ပေးတော့မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့အတည်ပြုပေးလိုက်ပါတယ်။

မနှစ် ဒီဇင်ဘာလဆန်းထဲက ဒီနိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို နိုင်ငံထဲမှာ ရပ်ဆိုင်းထားခဲ့ရာကနေ ၃ လခန့်အကြာ အခု ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်ထုတ်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အင်တာနက် Online လျှောက်ထားမှု ပိုမြန်အောင် ပြင်ဆင်နေခဲ့ရတာကြောင့် အခုလို ရပ်ဆိုင်းခဲ့ရတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပြီး အခု On-line booking စနစ်သစ် စသုံးနိုင်တော့မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီ Online booking စနစ်သစ်ကို ရန်ကုန်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးမှာသာ အသုံးပြုမှာဖြစ်ပြီး၊ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး ရုံးခွဲတွေမှာတော့ ယခင်ပုံစံအတိုင်း လျှောက်နိုင်တယ်လို့ ဒီထုတ်ပြန်ချက်ထဲ ဆက်ဖော်ပြထားပါတယ်။

ဒီ Booking စနစ်သစ်အရ www.passport.gov.mm အင်တာနက်စာမျက်နှာမှာ အချိန်အကန့်အသတ်မရှိ လွယ်ကူစွာ လျှောက်နိုင်ပြီး၊ အကူအညီလိုရင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ တောင်းခံနိုင်ပြီး ကြားပွဲစားတွေမသုံးဖို့လည်း ထုတ်ပြန်ချက်ထဲ တိုက်တွန်းထားပါတယ်။

အရင်သုံးခဲ့တဲ့ နိုင်ငံကူးလက်မှတ် ကိုယ်တိုင်ရုံးမှာတန်းစီတဲ့ စနစ်ကနေ ကိုဗစ်ကာကွယ်ရေး လူစုခွဲနိုင်ဖို့ Online Booking နဲ့ ရက်ချိန်းကြိုယူပြီးမှ ရုံးမှာလာလျှောက်ရတဲ့ စနစ်ကို မနှစ်မတ်လကုန်လောက်မှာ ပြောင်းလဲလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG