သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ် ကာချုပ်ထံ တောင်းပန်စာပေးပို့


ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကို လိပ်မူပေးပို့တဲ့ တောင်းပန်စာကို လက်ခံရရှိကြောင်း တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပါတယ်။ ဇူလိုင်လ ၁၃ ရက် ရက်စွဲနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တောင်းပန်စာက အမြန်ချောပို့ လမ်းကြောင်းနဲ့ ပေးပို့ခဲ့တာလို့လည်း သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ဖြစ်တယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူပေးဖို့ တပ်မတော်က တိုင်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တာပါ။ဒါပေမယ့် တောင်းပန်ချက် အသေးစိတ်ကိုတော့ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ဟာ အစိုးရရဲ့ သဘောထား မဟုတ်ဘူးလို့လည်း မြန်မာ အစိုးရက ပြောဆိုခဲ့တာပါ။ ဒါ့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပေါ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုုးမင်းသိန်းကို သတိပေး ဆုံးမလိုက်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကြေညာချက် ထုတ်ခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေနိုင်တဲ့အပြင် အစိုးရနဲ့ တပ်မတော်၊ လူထုနဲ့ တပ်မတော်အကြား ဆက်ဆံရေး ကောင်းမွန်စေဖို့ စဉ်ဆက်မပြတ် တည်ဆောက်ရမယ့် ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်ကိုပါ အခက်အခဲဖြစ်လာစေနိုင်သူ ဖြစ်ကြောင်း လည်း သုံးသပ်ထားပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟာ အပြုသဘောနဲ့ ရေရှည်ဆက်ဆံဖို့ မသင့်လျော်တာကြောင့် လိုအပ်သလို စိစစ်အရေးယူဖု ိ့ တင်ပြရခြင်းဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG