သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးစစ်လေယာဉ်မှ Black Box ရှာတွေ့


ပျောက်ဆုံးစစ်လေယဉ်မှ Black Box ရှာတွေ့
ပျောက်ဆုံးစစ်လေယဉ်မှ Black Box ရှာတွေ့

ခရီးသည်နဲ့ လေယာဉ် အမှုထမ်းပေါင်း ၁၂၂ ဦး လိုက်ပါသွားတဲ့ ပျက်ကျ တပ်မတော် လေယာဉ်ရဲ့ အချက်အလက် မှတ်တမ်းတင်စက် ၂ ခုကို ရှာဖွေ တွေ့ရှိပြီလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် (Black Box ) နဲ့ လေယာဉ်မောင်းခန်း အတွင်းက အသံသွင်းစက် တို့ကို တွေ့ရှိတာ ဖြစ်ပြီး လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ဒေသခံ ငါးဖမ်းစက်လှေရဲ့ သတင်းပေးပို့ချက် အရ ရှာဖွေ တွေ့ရှိခဲ့ရတဲ့ လေယာဉ်ပျက်ရဲ့ အမြီးပိုင်းကိုလည်း ဒီကနေ့ အောင်အောင်မြင်မြင် ဆယ်ယူရရှိပြီး ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၁၂၂ ဦးထဲက အခုအချိန်ထိ ၉၂ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ ရရှိထားပြီး ၃၀ ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ လေယာဉ်ပျက် ကိုယ်ထည် အပိုင်းအစတွေကို ဒေသခံ ငါးဖမ်းစက်လှေတွေ၊ တပ်မတော် ရေ တို့ ပူးပေါင်းရှာဖွေနေဆဲ ဖြစ်ပါတယ်။

တရုတ်ထုတ် တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်က ဇွန်လ ၇ ရက်နေ့က တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို တင်ဆောင်ပြီး မြိတ်ကနေ ရန်ကုန်ကို ပျံသန်းစဉ်မှာ ထားဝယ်မြို့ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG