သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ် အမြီးပိုင်းတွေ့ရှိ


ပျက်ကျလေယာဉ်ရှာဖွေရေးလုပ်ငန်းများပြုလုပ်စဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ပျက်ကျလေယာဉ်ရှာဖွေရေးလုပ်ငန်းများပြုလုပ်စဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဒီကနေ့ ဇွန်လ ၁၅ရက်နေ့ ညနေပိုင်းမှာ ပျက်ကျ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ရဲ့ လေယာဉ် အမှတ် ၅၈၂၀ အမှတ်အသားပါရှိတဲ့ လေယာဉ်အမြီးပိုင်းကို စတင်တွေ့ရှိပြီး ဆယ်ယူဖို့ ကြိုးစားနေတယ် လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိတဦးက ပြောပါတယ်။ လက်ရှိ အချိန်ထိတော့ ပျက်ကျ တပ်မတော် ပို့ဆောင်ရေး လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ရုပ်အလောင်း ၉၀ လောင်း တွေ့ရှိ ထားပြီး ၃၂ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ နောက်ဆုံးသိထားသမျှကို ဗွီအိုအေ မြန် မာ ပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ပျက်ကျ တပ်မတော် Y-8 လေယာဉ်ရဲ့ လေယာဉ်အမြီးပိုင်းကို ပင်လယ်ပြင်အတွင်း တွေ့ရှိထားပြီး ဆယ် ယူဖို့ ကြိုးစားနေတဲ့ အခြေအနေကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးကြီး မြတ်မင်း ဦးက အခုလိုပြောပြပါတယ်။

“ကျနော်တို့က အခုလောလောဆယ်တွေ့တယ်ဆိုပြီးတော့ ကျနော်တို့အတည်ပြုပြီးသွားပြီ။ ဒါပေမယ့် ဆည်ယူဖို့ကတော့ ကြိုးစားရဦးမယ်။ အဲလောက်ပဲ ပြောလို့ရမယ် အခုက မှောင်နေတယ်။ အမှီးပိုင်းတွေ့ပါတယ် ၅၈၂၀ ဖြစ်ကြောင်းသိရတယ်။ ပြီးရင် ဆက်ပြီးတော့ ရှာဖွေပါ့မယ် ဒါကြီးတောင်မှ အပေါ်တက်ဖို့က မလွယ်ဘူးထင်တယ် ကျနေ်ာ့စိတ်ထင်လေ ဟုတ်တယ်မလား။ ပြီးတော့ ပေ ၁၀၀ မှာတွေ့တယ်ဆိုရင် ပေ ၆၀ မှာတော့ လုံးဝမှောင်နေပြီ Dark ပဲ လမှိက်ညလိုတောင်မှောင်နေတာ ၊ ဆိုတော့ အဲဒါကိုလည်း ဆွဲတင်ရဦးမှာပေါ့နော် ။”

ဒီကနေ့ ဇွန်လ ၁၅ရက်နေ့ ညနေပိုင်းမှာ ပင်လယ်ပြင်အတွင်း ပျက်ကျ တပ်မတော် Y-8 လေယာဉ်ရဲ့ လေယာဉ်အမှတ် ၅၈၂၀ အမှတ်အသားပါတဲ့ လေယာဉ်အမြီးပိုင်းကို ရေအောက်အနက် ၃၅မီတာခန့်မှာ ရှာဖွေတွေ့ရှိထားပြီလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ဇွန်လ ၇ရက်နေ့မှာ မြိတ်ကနေ ရန်ကုန်ကိုအသွား ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက် ပျက်ကျ ခဲ့ တာဖြစ်ပြီး လက်ရှိအချိန်ထိ အဲ့ဒီလေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ရုပ်အလောင်း ၉၀ လောင်း ရှာဖွေတွေ့ ရှိထားပြီး ၃၂ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို သိနိုင်ဖို့တော့ Black Box ကို ရှာတွေ့မှ အဖြေရှာနိုင်မှာဖြစ်ပြီး မြန်မာပြည်မှာ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေသေးတာမို့ Black Box ကို ရှာမတွေ့ဘဲ လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို ဖော်ထုတ်ဖို့ ခက်ခဲတယ်လို့ နိုင်ငံတကာအတွေ့ကြုံရှိတဲ့ အငြိမ်း စား လေယာဉ်မှူးကြီးတဦးက သုံးသပ်ပါတယ်။

“နံပတ်၁ က ခုနပြောသလိုပဲ Black Box ပဲ Recorder ပေ့ါ အထဲမှာ အကုန်လုံးမြင်နေရမှာကို ၊ ပျက်ကျသွားတယ်ဆိုမှတော့ ပစ္စည်းတွေကတော့ မြေကြီးပေါ်မှာလည်းပေါက်ကွဲသွားနိုင်တယ်၊ လေထဲမှာလည်း ပေါက်ကွဲသွားနိုင်တယ်။ မြေကြီးနဲ့ ထိတဲ့အခါကျတော့လည်း Impact ရှိတဲ့အခါကျတော့ အစိတ်အပိုင်းတွေဖြစ်သွားတယ်ဆိုတော့ ပြောလို့လည်းမရဘူး။ ဘယ်ဟာဆိုတာကို ကျနော်တို့ကိုယ်တိုင်လည်း investigation တော့လုပ်ဖူးတယ်။ တစီးလုံးပျက်သွားတယ်၊ မီးလောင်သွားတဲ့လေယာဉ်မျိုးကျတော့ ပြောရခက်တယ်။ အဲဒါတွေက ကျနော်ထင်တယ် ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ လိုက်မမှီသေးဘူး အဲဒီလောက်။ ကျနော်တို့ အမေရိကမှာတော့ သူတို့က ပစ္စည်းတွေကို တစစီပြန်ပြီးတော့ သူတို့ဆက်ပြီးတော့မှ ဘယ်ဟာက ဖြစ်နိုင်တယ်၊ ဆိုတာကို တွေ့တာပေါ့နော်။ တခါတလေ ဘို့လေးတလုံးချောင်နေတာကအစပေါ့နော်။ သူ့နေရာနဲ့သူ ရှိရမယ့်ပစ္စည်းက ချောင်နေလို့ ရွှေ့နေလို့ မီးလောင်နိုင်တယ်။ အဲလိုမျိုးဖြစ်နိုင်ခြေကတော့ အများကြီး ဘယ်အပိုင်းကိုတွေ့ပြီးတော့ ပြောလို့မရဘူး။”

လေယာဉ် ပျက်ကျတယ်လို့ ဆိုရာမှာ ပေါက်ကွဲပစ္စည်းတွေ၊ လေယာဉ်မောင်းသူရဲ့ အားနည်းချက် အပါ အဝင်၊ ရာသီဥတုနဲ့ စက်ပိုင်းဆိုင်ရာ ချု့ိယွင်းချက်တွေကို ထည့်တွင်းစဉ်းစားရမယ်လို့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ပြောဆိုထားပြီး Y-8 လေယာဉ် ပျက်ကျမှုဟာ တပ်မတော်ရဲ့ သမိုင်းမှာ ပထမ ဆုံးနဲ့ အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှု ဖြစ်စဉ် ဖြစ်တယ်လို့လဲ ပြောထားပါတယ်။

ပျက်ကျလေယာဉ် အမြီးပိုင်းတွေ့ရှိ
please wait

No media source currently available

0:00 0:03:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG