သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ် ရုပ်အလောင်းရှာဖွေမှု ၅၉ လောင်းရရှိထား


ပျက်ကျလေယာဉ် ရုပ်အလောင်းရှာဖွေမှု ၅၉ လောင်းရရှိထား (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ပျက်ကျလေယာဉ် ရုပ်အလောင်းရှာဖွေမှု ၅၉ လောင်းရရှိထား (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ထားဝယ်မြို့ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာ ပျက်ကျခဲ့တဲ့ တပ်မတော် လေယာဉ်မှာ လိုက်ပါသွားသူတွေထဲက ၅၉ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိပြီး ဖြစ်တဲ့ အကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော် လေယာဉ်မှာ လူပေါင်း ၁၂၂ ဦး လိုက်ပါသွားတာကြောင့် ၆၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ပျက်ကျခဲ့တဲ့ တရုတ်ထုတ် Y-8 လေယာဉ်ကို မြန်မာ့ တပ်မတော်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လမှာ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ တပ်မတော် မိသားစုတွေ သက်သာချောင်ချိရေး လေယာဉ် အဖြစ် ပျံသန်းနေတဲ့ Y-8 လေယာဉ်က ပြီးခဲ့တဲ့ သတင်းပတ် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ မြိတ်ကနေ ရန်ကုန်ကို ပျံသန်းစဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဆက်သွယ်မှု ပြတ်တောက်ပြီးနောက် နာရီဝက် အကြာမှာ ရှာဖွေ ကယ်ဆယ်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG