သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ် ရှာဖွေကယ်ဆယ်ရေး တရုတ်ကူညီထောက်ပံ့မည်


ပျက်ကျမြန်မာ့တပ်မတော်လေယာဉ် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်နေကြစဉ်။
ပျက်ကျမြန်မာ့တပ်မတော်လေယာဉ် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်နေကြစဉ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တနင်္သာရီကမ်းရိုးတန်းမှာ ပျက်ကျသွားခဲ့တဲ့ မြန်မာ့တပ်မတော်လေယာဉ် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေး တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အကူအညီ အထောက်အပံ့တွေ ပေးသွားမယ်လို့ ကမ်းလှမ်းလိုက်တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့လည်း ဒီဖြစ်ရပ်အပေါ်မှာ စိတ်မကောင်းဖြစ်မိကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးထင်ကျော်ကို ဝမ်းနည်းကြောင့် ပြောကြားတဲ့စာထဲမှာ ဖော်ပြထားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက သောကြာနေ့ နှောင်းပိုင်းက ပြောကြားလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းမိသလို၊၊ အထူးသဖြင့် မိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ရှင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

တရုတ်နိုင်ငံလုပ် Y-8-200F အမျိုးအစား ပု့ိဆောင်ရေးလေယာဉ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာ ပင်လယ်ပြင်ထဲမှာ မျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ မြန်မာ့တပ်မတော်က စစ်သည်တွေ ၊ မိသားစုဝင်တွေ နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ယောက်ပါသွားတာဖြစ်ပါတယ်။

အခုချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး၊ ပင်လယ်ထဲကနေ ရုပ်အလောင်း ၃၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာ့တပ်မတော်ဘက်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG