သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဦး၀င္းျမင့္ကို အခမ္းအနားနဲ႔ ႀကိဳဆို


(Zawgyi/Unicode)

သမၼတဦးဝင္းျမင့္ကို အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi က ဒီကေန႔ နယူးေဒလီၿမိဳ႕ေတာ္မွာ အခမ္းအနားနဲ႔ ဂုဏ္ျပဳႀကိဳဆိုပါတယ္။ အိႏိၵယသမၼတ Ram Nath Kovind ရဲ႕ ဖိတ္ၾကားခ်က္နဲ႔ သမၼတဦးဝင္းျမင့္ဟာ သမၼတကေတာ္ ေဒၚခ်ဳိခ်ဳိနဲ႔အတူ ႏုိင္ငံေတာ္ ခရီး စဥ္အျဖစ္ အိႏိၵယမွာေရာက္ေနတာပါ။

ခရီးစဥ္အတြင္း ဝန္ႀကီးခ်ဳပ္ ေနရိန္ဒရာ မိုဒီနဲ႔ သမၼတဦးဝင္းျမင့္တို႔ ေတြ႔ဆံုေဆြးေႏြးမွာျဖစ္ၿပီး ႏွစ္ႏုိ္င္ငံ နားလည္မႈစာခၽြန္လႊာေတြကို လက္မွတ္ေရးထိုးၾကဖို႔ရွိပါတယ္။

လက္မွတ္ထိုးဖို႔ သေဘာတူညီထားတဲ့ နားလည္မႈစာခၽြန္လႊာေတြကေတာ့ တရားမဝင္ သစ္ေမွာင္ခိုကူးမႈ တားဆီးတိုက္ဖ်က္ေရး၊ က်ားနဲ႔ တျခား ေတာ႐ိုင္းတိရစၧာန္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ ဓာတ္ဆီ ေလာင္စာဆီနဲ႔ ဆက္စပ္တဲ့ပစၥည္းေတြ ထုတ္လုပ္ေရးနဲ႔ ဆက္သြယ္ေရးက႑မွာ ပူးေပါင္းေဆာင္ရြက္ေရးတို႔ျဖစ္တယ္လို႔ အိႏိၵယျပန္ၾကားေရးဝန္ႀကီး Prakash Javadekar က ဗုဒၶဟူးေန႔မွာ ေျပာထားပါတယ္။

ေတာ႐ိုင္းတိရစၧာန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ပတ္သက္ၿပီး အိႏိၵယက ျမန္မာကို သင္တန္းပို႔ခ်ေပးသြားမယ္လုိ႔လည္း ဝန္ႀကီး Javadekar ကေျပာပါတယ္။

အခုလို နားလည္မႈစာခၽြန္လႊာေတြကို လက္မွတ္ေရးထိုးႏုိင္တဲ့အတြက္ အိႏိၵယနဲ႔ျမန္မာႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈ တိုးတက္ ေကာင္းမြန္လာေစမယ္လုိ႔ အိႏိၵယ တာဝန္ရွိသူေတြက ေျပာထားပါတယ္။

သမၼတဦးဝင္းျမင့္ အိႏိိၵယႏုိင္ငံမွာေရာက္ေနခ်ိိန္မွာပဲ တ႐ုတ္ႏုိင္ငံ၊ ဝူးဟန္ၿမိဳ႕က ျမန္မာႏုိင္ငံသား ေက်ာင္းသူတဦးနဲ႔ ေက်ာင္းသား တဦးတို႔ကို အိႏိၵယေလတပ္ေလယာဥ္ Globemaster နဲ႔ အိႏိၵယႏုိင္္ငံကို ဒီကေန႔ ျပန္ေခၚလာေပးတဲ့အေၾကာင္း ျမန္မာႏုိင္္ငံဆိုင္ရာ အိႏိၵယသံ႐ံုးရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

အဲဒီေက်ာင္းသားႏွစ္ေယာက္အတြက လိုအပ္တဲ့ အကူအညီအားလံုးကုိ အိႏိၵယတာဝန္ရွိသူေတြက စီစဥ္ ေဆာင္ရြက္ေပးေနတယ္ လို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

သမၼတဦး၀င္းျမင့္ကို အခမ္းအနားနဲ႔ ႀကိဳဆို
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္


...............

သမ္မတဦးဝင်းမြင့်ကို အခမ်းအနားနဲ့ကြိုဆို

(Unicode)

သမ္မတဦးဝင်းမြင့်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ နယူးဒေလီမြို့တော်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပါတယ်။ အိန္ဒိယသမ္မတ Ram Nath Kovind ရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတဦးဝင်းမြင့်ဟာ သမ္မတကတော် ဒေါ်ချိုချိုနဲ့အတူ နိုင်ငံတော် ခရီး စဉ်အဖြစ် အိန္ဒိယမှာရောက်နေတာပါ။

ခရီးစဉ်အတွင်း ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီနဲ့ သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးကြဖို့ရှိပါတယ်။

လက်မှတ်ထိုးဖို့ သဘောတူညီထားတဲ့ နားလည်မှုစာချွန်လွှာတွေကတော့ တရားမဝင် သစ်မှောင်ခိုကူးမှု တားဆီးတိုက်ဖျက်ရေး၊ ကျားနဲ့ တခြား တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဓာတ်ဆီ လောင်စာဆီနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ ထုတ်လုပ်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်တယ်လို့ အိန္ဒိယပြန်ကြားရေးဝန်ကြီး Prakash Javadekar က ဗုဒ္ဓဟူးနေ့မှာ ပြောထားပါတယ်။

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး အိန္ဒိယက မြန်မာကို သင်တန်းပို့ချပေးသွားမယ်လို့လည်း ဝန်ကြီး Javadekar ကပြောပါတယ်။

အခုလို နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးနိုင်တဲ့အတွက် အိန္ဒိယနဲ့မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်လာစေမယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောထားပါတယ်။

သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံမှာရောက်နေချိန်မှာပဲ တရုတ်နိုင်ငံ၊ ဝူးဟန်မြို့က မြန်မာနိုင်ငံသား ကျောင်းသူတဦးနဲ့ ကျောင်းသား တဦးတို့ကို အိန္ဒိယလေတပ်လေယာဉ် Globemaster နဲ့ အိန္ဒိယနိုင်ငံကို ဒီကနေ့ ပြန်ခေါ်လာပေးတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီကျောင်းသားနှစ်ယောက်အတွက လိုအပ်တဲ့ အကူအညီအားလုံးကို အိန္ဒိယတာဝန်ရှိသူတွေက စီစဉ် ဆောင်ရွက်ပေးနေတယ် လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

XS
SM
MD
LG