သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ရနောင်းအချုပ်ထဲ မြန်မာအကျဉ်းသားများဆန္ဒပြ


ထိုင်းနိုင်ငံ၊ ရနောင်းမြို့ လဝက အချုပ်က လွတ်ရက်စေ့မြန်မာတွေကိုပြန်ပို့ဖို့ ကြန့်ကြာနေတဲ့တွက် အမြန်ဆုံးပြန်ပို့ရေး ဆန္ဒပြနေကြတဲ့မြန်မာများ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ဇန်နဝါရီလ ၂ ရက်)
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ လဝက အချုပ်က လွတ်ရက်စေ့မြန်မာတွေကိုပြန်ပို့ဖို့ ကြန့်ကြာနေတဲ့တွက် အမြန်ဆုံးပြန်ပို့ရေး ဆန္ဒပြနေကြတဲ့မြန်မာများ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ဇန်နဝါရီလ ၂ ရက်)

ထိုင်းနိုင်ငံ ရနောင်း လူ၀င်မှုကြီးကြပ်ရေးအချုပ်ထဲမှာ နေရပ်ပြန့်ပို့ဖို့စောင့်နေရတဲ့ လွတ်ရက်စေ့ မြန်မာ ၂၅၈ ‌ယောက်ဟာ မြန်မာပြည်ကိုပြန်ပို့ဖို့ ကြန့်ကြာနေတာကြောင့် နှစ်သစ်ကူးမှာမြန်မာပြည်ကိုအမြန်ဆုံးပြန်ပို့ပေးရေး ဇန်နဝါရီလ ၂ရ က်နေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသ တင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်အသီးသီးက ထောင်တွေထဲမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ အဖမ်းအဆီးခံရတဲ့မြန်မာတွေ လွတ်ရက်စေ့တဲ့အခါ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ ရနောင်းလူဝင်မှု ကြီးကြပ်ရေးအချုပ်မှာထားတာပါ။ ဒီအချုပ်ထဲမှာ လနဲ့ချီ ကြန့်ကြာနေတာကြောင့် “နှစ်သစ်ကူးမှာ အမိမြန်မာနိုင်ငံကိုပြန်ပို့ပေးပါ” ဆိုတဲ့စာတမ်းကိုကိုင်ပြီး မြန်မာ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။ ထောင်တွင်းမှာ အခုလိုဆန္ဒပြပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့အတွက် အခင်းဖြစ်ပွားရာ ရနောင်းလ၀က အချုပ်ကို စစ်တပ်နဲ့ရဲ အင်အား ၆၀ ကျော်က ဝိုင်းထားခဲ့ပါတယ်။

ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိ ဗိုလ်ချုပ် ဆူပရပ် ပန်ကိုစွန် (Pol. Col. Supharerk Pankoson, Director of Ranong Immigration Bureau) က အခုလိုပြောဆိုပြီးညှိနှိုင်းခဲ့ပါတယ်။

“ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ဆွေး‌နွေးဖို့ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ အင်အာသုံးပြီး ဖြိုခွင်းမှာ မဟုတ်ဘူး။” လို့ ထိုင်းဘာသာနဲ့ ‌ပြောနေတာပါ။

ပထမပိုင်းမှာ အာဏာပိုင်တွေဟာ မြန်မာတွေဆန္ဒပြနေတဲ့အထပ်ကို ၀င်ရောက်ဖို့ တခါးတွေကို သံတိုင်တွေနဲ့ထုနှက်ပြီး ဖျက်၀င်ဖို့ ကြိုးစားနေခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ ဆန္ဒပြခေါင်းဆောင်တဲ့လူ ၆ ဦးကိုရွေးထုတ်ပြီးညှိနိုင်းရာမှာ ပြေလည်သွားခဲ့တယ်လို့ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ အမျိုးသား၂၁၀ အမျိုးသမီး ၄၈ ယောက်ဖြစ်ပြီး သူတို့ဟာ မြန်မာပြည်ကို နှစ်သစ်ကူးမှာပြန်ပို့ပေးဖို့ အစာငတ်ခံ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၃ ခု နှစ်စတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာ ထိန်းချုပ်ခံထားရတဲ့ လွတ်ရက်စေ့ မြန်မာ ၆၇၀ ကျော်ဟာ နေရပ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ပြီးတဲ့နောက် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ အချုပ်ထဲက မြန်မာအားလုံးကို ထိုင်းမြန်မာအာဏာပိုင်တွေက ညှိနှိုင်းပြီးပြန်ပို့ပေးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG