သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦးကို မြန်မာပြန်လွှတ်ပေး


ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသအနီးမှာ တနင်္လာနေ့က ပြုလုပ်တဲ့ခဲ့တဲ့ ဆွေးနွေးမှုအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို မြန်မာနယ်ခြားစောင့် တပ်ဖွဲ့တွေက ပြန်လည် လွဲပြောင်းပေးအပ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။

အဲဒီ ငါးဖမ်းသမား ၆ ဦးဟာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၁၄ လ အပြည့်အဝကို မြန်မာနိုင်ငံက အကျဉ်းထောင်မှာ ကျခံပြီးတဲ့နောက်မှာ အခုလို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီ ငါးဖမ်းသမားတွေဟာ မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ပြီး ငါးဖမ်းခဲ့ကြတဲ့အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် Teknaf ဒေသက လက်ထောက်ရဲမှူးကြီး Abul Khayer က ပြောပါတယ်။

သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအရ သူတို့အနေနဲ့ အကျဉ်းချခံရနိုင်စရာ အကြောင်းမရှိပေမယ့်လည်း ၁၄ လအထိ အကျဉ်းကျခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG