သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဟာ ဒုတိယဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာအစီရင်ခံစာဖေါ်ပြ


International Narcotics Control Board (INCB) အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့က ကမ္ဘာ့မူးယစ်ဆေးဝါးဆိုင်ရာ ၂၀၁၇ အစီရင်ခံစာကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးူမှု ဒုတိယအများဆုံးနိုင်ငံအဖြစ်ဖော်ပြထားပါတယ်။

မြန်မာ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၀၆ မှာ အနိမ့်ဆုံးကို ကျသွားပေမယ့် တဖြည်းဖြည်းနဲ့ ပြန်တိုးလာနေခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းက ရှမ်းပြည်မြောက်ပိုင်းကဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC ရဲ့ နောက်ဆုံးကောက်ယူခဲ့တဲ့စစ်တမ်းအရ ရှမ်းပြည်နယ်တွင်းဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ၂၀၁၆ မှာပိုတိုးလာတယ်လို့ ဆိုထားပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်း မက်သာဖက်သာမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးပြားထုတ်လုပ်မှုတွေ တိုးလာနေပြီး ၂၀၁၆ ခုနှစ်အတွင်းစိတ်ကြွးဆေးပြား ၂တန်ခွဲကို ဖမ်းဆီးမိခဲ့ပါသေးတယ်။

ဒါ့အပြင် ဘိန်းဖြူနဲ့ fentanyl လို့ခေါ်တဲ့ မူးယစ်ဆေးဝါး တင်ပို့မှုတွေဟာ Mexico နဲ့ အမေရိကန်ပြည်ထောင်စုမှာ တိုးပွါးလာနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ကမ္ဘာတဝှမ်း မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုအကြောင်းအသေးစိတ် ဖော်ပြထားတဲ့အစီရင်ခံစာကို ကြာသပတေးနေ့မှာ INCB ကထုတ်ဝေလိုက်တာပါ။ Mexico နိုင်ငံတွင်းသုံးစွဲနေတဲ့ ကိုကိန်း လေးပုံ သုံးပုံဟာ Mexico နဲ့ အမေရိကတိုက်အလယ်ပိုင်းက ဝင်ရောက်လာတာဖြစ်တယ်လို့လည်း အစီရင်ခံစာကဖော်ပြပါတယ်။

XS
SM
MD
LG