သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ Smart City ဆု မန္တလေး ရရှိ


မန္တလေးမြို့
မန္တလေးမြို့

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ဟာ ၂၀၁၉ခုနှစ်အတွက် Smart City Award နည်းပညာဆိုင်ရာ အသုံးချမှုဆု ကို ရရှိခဲ့ပါတယ်။ သက်တမ်း ၁၆၀ ရှိပြီဖြစ်တဲ့ ရှေးဟောင်း မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး နည်းပညာမြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ လူတွေနေထိုင်လို့ကောင်းတဲ့ မြို့တစ်မြို့ကို ဖန်တီးဖို့ပဲဖြစ်ပါတယ်” လို့ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီနဲ့ အတူ ပူးပေါင်း အလုပ်လုပ်ကိုနေတဲ့ IT ပညာရှင် ရဲမြတ်သူက ပြောပါတယ်။

ဒီ ဆုပေးပွဲကို ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ စင်္ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

တက်ရောက်သူတွေထဲမှာ ကျွမ်းကျင်သူတွေနဲ့ အစိုးရကိုယ်စားလှယ် တွေအပြင် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဟာ ၂၀၁၇ ခုနှစ်ထဲက ဒီ Smart City ဆုကို ရရှိဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ကော်မတီ အနေနဲ့ နှစ် ၃၀ မြို့ပြ ဖွဲ့ဖြိုးရေး စီမံကိန်းကို ရေးဆွဲလို့ ရေးပေးဝေမှု စနစ်၊ ရေဆိုး ထုတ်လွှတ်မှု စနစ်နဲ့ စွန်ပစ် ပစ္စည်း စီမံခန့်ခွဲရေး စနစ်တွေမှာ နည်းပညာတွေ အသုံးပြုခဲ့ပါတယ်။ စင်္ကာပူ နည်းပညာ အသုံးပြဲထားတဲ့ မန္တလေးမြို့ရဲ့ ယာဉ်ကျောထိန်းချုပ်ရေး စနစ်ဟာ ယာဉ်ကျောပိတ်ဆို့မှုတွေ ပေါ်မူတည် ပြီး အပြောင်းအလဲ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၉ Smart City ဆု မန္တလေး ရရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG