သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတိုင္းနဲ႔ သင့္တင့္မွ်တ ဆက္ဆံေရး အတိုင္ပင္ခံပုဂၢိဳလ္႐ွင္းျပ


Myanmar State Counsellor Office

(Zawgyi / Unicode)

အင္အားႀကီးႏိုင္ငံေတြနဲ႔ ပတ္သက္ရင္ ႏိုင္ငံေရးသေဘာအရ ျမန္မာအတြက္ တခ်ဳိ႕ႏိုင္ငံေတြရဲ႕ အကူအညီကို ပိုၿပီးလိုတဲ့အခ်ိန္ရွိေပမယ့္ မွ်မွ်တတနဲ႔ ႏိုင္ငံတိုင္းနဲ႔ မိတ္ေဆြျဖစ္ေအာင္ ဆက္ဆံေရးဟာ NLD အစိုးရရဲ႕ ႏိုင္ငံျခားေရးမူ၀ါဒျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္ကိုရီးယား ခရီးစဥ္အတြင္း တနလၤာေန႔က ေျပာၾကားခဲ့ပါတယ္။

ဘူဆန္ၿမိဳ႕မွာက်င္းပေနတဲ့ ေတာင္ကိုရီးယားနဲ႔အာဆီယံ ထိပ္သီးေဆြးေႏြးပဲြမွာ ႏို၀င္ဘာလ ၂၅ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူ အဖြင့္မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ေတာင္ကိုရီးယားသမၼတ Moon Jae-in ကလည္း ျမန္မာနဲ႔ ဆက္ဆံေရးမွာ သိပၸံနဲ႔ နည္းပညာက႑ာမွာပါ တိုးခ်ဲ႕ ေဆာင္ရြက္ေနေၾကာင္း ထုတ္ေဖၚေျပာဆိုခဲ့ပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕မွာ ႏို၀င္ဘာလ ၂၅-၂၆ ရက္ေန႔ထိ က်င္းပေနတဲ့ ေတာင္ကိုရီးယားနဲ႔ အာဆီယံ ထိပ္သီးေဆြးေႏြးပဲြမွာ မေန႔က အဖြင့္မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ေတာင္ကိုရီးယားသမၼတ Moon Jae-in က ကုန္သြယ္ေရး၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ ဖြံၿဖိဳးေရး အစီအစဥ္အပါအ၀င္ နည္းပညာေတြနဲ႔ ပတ္သက္ရင္ ေတာင္ကိုရီးယားႏိုင္ငံအေနနဲ႔ အာဆီယံအဖဲြ႔၀င္ႏိုင္ငံခ်င္း အလိုက္ သီးသန္႔ တိုးျမွင့္ ေဆာင္ရြက္ေနတာေတြကို အေလးေပး ေျပာဆိုသြားပါတယ္။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ရင္ ဇီ၀ေဆးသိပၸံအပါအ၀င္ နည္းပညာ ထြန္းကားေရးအပိုင္းမွာ ေတာင္ကိုးရီးယားနဲ႔ ပူေပါင္းေဆာင္ရြက္မႈကို ပိုမိုတိုးခ်ဲ႕ေနေၾကာင္း Moon Jae-in က အခုလို သူ႔မိန္းခြန္းမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။

“စကၤာပူ၊ ျမန္မာ ႏိုင္ငံေတြနဲ႔ပတ္သက္ရင္ ဇီ၀ေဆးသိပၸံနဲ႕ IT နည္းပညာ အပါအ၀င္ က႑ေပါင္းစံုမွာ ေတာင္ကိုရီးယားႏိုင္ငံအေနနဲ႔ ေနာက္တဆင့္ တိုးခ်ဲ႕ၿပီး အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။”

သမၼတ Moon Jae-in အစိုးရလက္ထက္ ၂၀၁၇ခုႏွစ္မွာ ခ်မွတ္ခဲ့တဲ့ ေတာင္ပိုင္းေဒသမူ၀ါသစ္အရ ေတာင္ကိုရီးယားနဲ႔ အာဆီယံႏိုင္ငံေတြၾကားဆက္ဆံေရးဟာ အလ်င္အျမန္တိုးလာခဲ့တာပါ။ ေတာင္ကိုးရီးယားအေနနဲ႔ သူရဲ႕ မိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ တရုတ္၊ ရုရွား၊ ဂ်ပန္ စတဲ့နိုင္ငံေတြနဲ႔ အၿပိဳင္အဆိုင္ျဖစ္လာဖို႔ အခုလို မူ၀ါဒသစ္ခ်မွတ္ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ဆက္ဆံေရးတိုးျမွင့္ခဲ့တာျဖစ္ပါတယ္။

၁၉၈၉ ခုႏွစ္က စတင္ခဲ့တဲ့ အာဆီယံနဲ႔ ကိုရီးယားသမၼတႏိုင္ငံ ၾကားဆက္ဆံေရး ႏွစ္ (၃၀)ျပည့္ အထိမ္းအမွတ္အျဖစ္နဲ႔လည္း အခုလို ထိပ္သီးအစည္းအေ၀းကို က်င္းပတာျဖစ္ပါတယ္။ ဒီေဆြးေႏြးပဲြမွာ အဖြင့္မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္ကိုရီးယားနဲ႔ အာဆီယံၾကား လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္က စတင္ခဲ့တဲ့ လြတ္လပ္စြာကုန္သြယ္ခြင့္ သေဘာတူညီခ်က္ အေကာင္အထည္ေဖၚခ်ိန္ကစၿပီးေနာက္ပိုင္း တိုးတက္မႈရဲ႕ အက်ဳိးရလဒ္အျဖစ္ ျမန္မာႏိုင္ငံရဲ႕ စက္မႈက႑ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း အလ်င္အျမန္တိုးတက္လာေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ မၾကာေသးမီက ဖြင့္လွစ္ခဲ့တဲ့ ကိုးရီးယား-ျမန္မာစက္မႈဇံုအပါအ၀င္ မဟာဗ်ဴဟာ က်တဲ့ အေျခခံအေဆာက္အအံု တည္ေဆာက္ေရး လုပ္ငန္းသစ္ေတြေၾကာင့္ ေဆာက္လုပ္ေရးနဲ႔ စက္မႈ က႑ေတြမွာ တိုးတက္မႈကို အေထာက္အကူျဖစ္ေစခဲ့တယ္လို႔ သူက ထုတ္ေဖၚေျပာဆိုသြားပါတယ္။

သူ႔အစိုးရလက္ထက္ ႏိုင္ငံျခားေရးမူ၀ါဒနဲ႔ ပတ္သက္လို႔လည္း ႏွစ္ဖက္အက်ဳိးျဖစ္ထြန္းေစတဲ့ မိတ္ဖက္ ဆက္ဆံေရးကို အထူးအေလးထားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ထိပ္သီးစည္းေ၀းပဲြ အဖြင့္မိန္႔ခြန္းမွာ အေလးေပးေျပာၾကားခဲ့ပါတယ္။

အလားတူ ဘူဆန္ႏိုင္ငံျခားဘာသာသင္ တကၠသိုလ္က ျမန္မာစာသင္ၾကားေနတဲ့ ေတာင္ကိုးရီးယားေက်ာင္းသူ၊ ေက်ာင္းသားေတြအပါအ၀င္ ျမန္မာပညာေတာ္သင္ ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ မေန႔ တနလၤာေန႔ ညေနပိုင္း ေတြ႕ဆံုပဲြမွာလည္း အင္အားႀကီးႏိုင္ငံေတြက လက္ရွိ ျမန္မာႏိုင္ငံအေပၚ သေဘာထားအမ်ဳိးမ်ဳိးနဲ႔ ပတ္သက္လို႔ ျမန္မာေက်ာင္းသူတဦးရဲ႕ အေမးကို ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျဖၾကားခဲ့ပါတယ္။

“ လူသားေတြဆိုေတာ့ မတုန္မလႈပ္ ေက်ာက္ရုပ္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ သို႔ေသာ္လည္း မလႈပ္သင့္တာကို မလႈပ္ပဲနဲ႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကိုယ္သြားရမယ့္လမ္းကို သြားမယ္ အားလံုးနဲ႔ မိတ္ေဆြျဖစ္ေအာင္ေတာ့ ေနမယ္။ ႏိုင္ငံေရးသေဘာအရ တခ်ိဳ႕ႏိုင္ငံေတြရဲ႕ အကူအညီကို လိုတဲ့အခ်ိန္ရွိတယ္၊ ဒီေလာက္မလိုတဲ့ အခ်ိန္ရွိတယ္။ သို႔ေသာ္ ဘယ္လိုပဲေျပာေျပာ မွ်မွ်တတနဲ႔ ႏိုင္ငံတိုင္းနဲ႔ မိတ္ေဆြျဖစ္ေအာင္ေတာ့ ေနမယ္ဆိုတာက အေမတို႔ ႏိုင္ငံျခားေရးမူ၀ါဒေတြ ။ အဲဒီေတာ့ အဲဒီမွာ အင္အားႀကီးႏိုင္ငံေတြက ဘယ္လိုပဲ ၿပိဳင္ၿပိဳင္ ကိုယ္ကေနၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ တျခားႏိုင္ငံေတြ ၾကားထဲက အမုန္းမီးေတြကို မေတာက္ေအာင္လို႔ ၊ မေတာက္တဲ့အျပင္ ၿငိမ္းေအာင္လို႔ တတ္ႏိုင္သမွ်ႀကိဳးစားသြားမယ္။ ဒီနည္းနဲ႔ပဲ သြားမွ ကမာၻႀကီးဟာ ေအးခ်မ္းမယ္လို႔ အေမယံုၾကည္တယ္။”

ဒါအျပင္ သူအစိုးရလက္ထက္ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးေတြကို အေကာင္အထည္ေဖၚႏိုင္ဖို႔ ျပည္သူနဲ႔ ဟန္ခ်က္ညီညီလုပ္ေဆာင္ႏိုင္မွ ျဖစ္မယ္လို႔ အခုလို ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“အေမတို႔ႏိုင္ငံမွာဆိုရင္ မၾကာခင္ကအထိ အာဏာရွင္စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့တယ္။ အာဏာရွင္စနစ္မွာဆိုရင္ အစိုးရနဲ႔ ျပည္သူက အင္မတန္မွ ကြာပါတယ္။ အင္မတန္မွ ကြာေနတဲ့အခ်ိန္မွာ ဘယ္လုပ္လုိ႔ ဟန္ခ်က္ညီညီ ျဖစ္ႏိုင္မလဲ ၊ ဒါေပမယ့္ အစိုးရနဲ႔ ျပည္သူဆိုတာက ဒီလို ဒီမိုကေရစီစနစ္မွာဆိုရင္ ခြဲျခားလို႔လည္း သိပ္မရဘူး။ အစိုးရလူေတြက ဘယ္သူေတြလဲ ျပည္သူေတြပဲေလ ၊ ျပည္သူေတြထဲက အေရြးခံၿပီးေတာ့ ျပည္သူေတြ ေရြးခ်ယ္ၿပီး တင္လိုက္လို႔ ဘယ္လိုလုိ႔ ခြဲျခားမလဲ ။ ဒီလိုျပည္သူနဲ႔ အစိုးရ ခြဲျခားၿပီး ျမင္မယ္ဆိုရင္ ႏိုင္ငံတႏိုင္ငံက တိုးတက္သင့္သေလာက္ တိုးတက္မွာမဟုတ္ဘူး။ တလံုးတစည္းထဲ လုပ္မွ တိုးတက္မွာျဖစ္တယ္။”

ႏို၀င္ဘာလ (၂၆)ရက္ေန႔ အဂၤါေန႔ ညေနပိုင္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေတာင္ကိုရီးယား သမၼတ Moon Jae-in နဲ႔ သီးသန႔္ေတြ႕ဆုံဖို႔ရွိၿပီး ႏွစ္နိုင္ငံနားလည္မႈစာခၽြန္လႊာ MOU ၃ ခု လက္မွတ္ေရးထိုးဖို႔ရွိပါတယ္။ ဒါအျပင္ သူရဲ႕ ေလးရက္ၾကာခရီးစဥ္အတြင္း ႏို၀င္ဘာလ (၂၇)ရက္ေန႔မွာ ေတာင္ကိုရီးယားေရာက္ ျမန္မာမိသားစုေတြနဲ႔ ေတြ႕ဆံုပဲြကို ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

နိုင်ငံတိုင်းနဲ့ သင့်တင့်မျှတ ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ရှင်းပြ

(Zawgyi / Unicode)

အင်အားကြီးနိုင်ငံတွေနဲ့ ပတ်သက်ရင် နိုင်ငံရေးသဘောအရ မြန်မာအတွက် တချို့နိုင်ငံတွေရဲ့ အကူအညီကို ပိုပြီးလိုတဲ့အချိန်ရှိပေမယ့် မျှမျှတတနဲ့ နိုင်ငံတိုင်းနဲ့ မိတ်ဆွေဖြစ်အောင် ဆက်ဆံရေးဟာ NLD အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား ခရီးစဉ်အတွင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဘူဆန်မြို့မှာကျင်းပနေတဲ့ တောင်ကိုရီးယားနဲ့အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in ကလည်း မြန်မာနဲ့ ဆက်ဆံရေးမှာ သိပ္ပံနဲ့ နည်းပညာကဏ္ဍာမှာပါ တိုးချဲ့ ဆောင်ရွက်နေကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅-၂၆ ရက်နေ့ထိ ကျင်းပနေတဲ့ တောင်ကိုရီးယားနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မနေ့က အဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံဖြိုးရေး အစီအစဉ်အပါအဝင် နည်းပညာတွေနဲ့ ပတ်သက်ရင် တောင်ကိုရီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံချင်း အလိုက် သီးသန့် တိုးမြှင့် ဆောင်ရွက်နေတာတွေကို အလေးပေး ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ဇီဝဆေးသိပ္ပံအပါအဝင် နည်းပညာ ထွန်းကားရေးအပိုင်းမှာ တောင်ကိုးရီးယားနဲ့ ပူပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့နေကြောင်း Moon Jae-in က အခုလို သူ့မိန်းခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“စင်္ကာပူ၊ မြန်မာ နိုင်ငံတွေနဲ့ပတ်သက်ရင် ဇီဝဆေးသိပ္ပံနဲ့ IT နည်းပညာ အပါအဝင် ကဏ္ဍပေါင်းစုံမှာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ နောက်တဆင့် တိုးချဲ့ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေပါတယ်။”

သမ္မတ Moon Jae-in အစိုးရလက်ထက် ၂၀၁၇ခုနှစ်မှာ ချမှတ်ခဲ့တဲ့ တောင်ပိုင်းဒေသမူဝါသစ်အရ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေကြားဆက်ဆံရေးဟာ အလျင်အမြန်တိုးလာခဲ့တာပါ။ တောင်ကိုးရီးယားအနေနဲ့ သူရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ အပြိုင်အဆိုင်ဖြစ်လာဖို့ အခုလို မူဝါဒသစ်ချမှတ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်က စတင်ခဲ့တဲ့ အာဆီယံနဲ့ ကိုရီးယားသမ္မတနိုင်ငံ ကြားဆက်ဆံရေး နှစ် (၃၀)ပြည့် အထိမ်းအမှတ်အဖြစ်နဲ့လည်း အခုလို ထိပ်သီးအစည်းအဝေးကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယားနဲ့ အာဆီယံကြား လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စတင်ခဲ့တဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက် အကောင်အထည်ဖေါ်ချိန်ကစပြီးနောက်ပိုင်း တိုးတက်မှုရဲ့ အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ လွန်ခဲ့တဲ့နှစ်တွေအတွင်း အလျင်အမြန်တိုးတက်လာကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါအပြင် မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ ကိုးရီးယား-မြန်မာစက်မှုဇုံအပါအဝင် မဟာဗျူဟာ ကျတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းသစ်တွေကြောင့် ဆောက်လုပ်ရေးနဲ့ စက်မှု ကဏ္ဍတွေမှာ တိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့တယ်လို့ သူက ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

သူ့အစိုးရလက်ထက် နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့လည်း နှစ်ဖက်အကျိုးဖြစ်ထွန်းစေတဲ့ မိတ်ဖက် ဆက်ဆံရေးကို အထူးအလေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ အလေးပေးပြောကြားခဲ့ပါတယ်။

အလားတူ ဘူဆန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်က မြန်မာစာသင်ကြားနေတဲ့ တောင်ကိုးရီးယားကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် မြန်မာပညာတော်သင် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မနေ့ တနင်္လာနေ့ ညနေပိုင်း တွေ့ဆုံပွဲမှာလည်း အင်အားကြီးနိုင်ငံတွေက လက်ရှိ မြန်မာနိုင်ငံအပေါ် သဘောထားအမျိုးမျိုးနဲ့ ပတ်သက်လို့ မြန်မာကျောင်းသူတဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ လူသားတွေဆိုတော့ မတုန်မလှုပ် ကျောက်ရုပ်တော့ မဟုတ်ဘူးပေါ့နော်။ သို့သော်လည်း မလှုပ်သင့်တာကို မလှုပ်ပဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်သွားရမယ့်လမ်းကို သွားမယ် အားလုံးနဲ့ မိတ်ဆွေဖြစ်အောင်တော့ နေမယ်။ နိုင်ငံရေးသဘောအရ တချို့နိုင်ငံတွေရဲ့ အကူအညီကို လိုတဲ့အချိန်ရှိတယ်၊ ဒီလောက်မလိုတဲ့ အချိန်ရှိတယ်။ သို့သော် ဘယ်လိုပဲပြောပြော မျှမျှတတနဲ့ နိုင်ငံတိုင်းနဲ့ မိတ်ဆွေဖြစ်အောင်တော့ နေမယ်ဆိုတာက အမေတို့ နိုင်ငံခြားရေးမူဝါဒတွေ ။ အဲဒီတော့ အဲဒီမှာ အင်အားကြီးနိုင်ငံတွေက ဘယ်လိုပဲ ပြိုင်ပြိုင် ကိုယ်ကနေပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ တခြားနိုင်ငံတွေ ကြားထဲက အမုန်းမီးတွေကို မတောက်အောင်လို့ ၊ မတောက်တဲ့အပြင် ငြိမ်းအောင်လို့ တတ်နိုင်သမျှကြိုးစားသွားမယ်။ ဒီနည်းနဲ့ပဲ သွားမှ ကမ္ဘာကြီးဟာ အေးချမ်းမယ်လို့ အမေယုံကြည်တယ်။”

ဒါအပြင် သူအစိုးရလက်ထက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖေါ်နိုင်ဖို့ ပြည်သူနဲ့ ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှ ဖြစ်မယ်လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အမေတို့နိုင်ငံမှာဆိုရင် မကြာခင်ကအထိ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်။ အာဏာရှင်စနစ်မှာဆိုရင် အစိုးရနဲ့ ပြည်သူက အင်မတန်မှ ကွာပါတယ်။ အင်မတန်မှ ကွာနေတဲ့အချိန်မှာ ဘယ်လုပ်လို့ ဟန်ချက်ညီညီ ဖြစ်နိုင်မလဲ ၊ ဒါပေမယ့် အစိုးရနဲ့ ပြည်သူဆိုတာက ဒီလို ဒီမိုကရေစီစနစ်မှာဆိုရင် ခွဲခြားလို့လည်း သိပ်မရဘူး။ အစိုးရလူတွေက ဘယ်သူတွေလဲ ပြည်သူတွေပဲလေ ၊ ပြည်သူတွေထဲက အရွေးခံပြီးတော့ ပြည်သူတွေ ရွေးချယ်ပြီး တင်လိုက်လို့ ဘယ်လိုလို့ ခွဲခြားမလဲ ။ ဒီလိုပြည်သူနဲ့ အစိုးရ ခွဲခြားပြီး မြင်မယ်ဆိုရင် နိုင်ငံတနိုင်ငံက တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ဘူး။ တလုံးတစည်းထဲ လုပ်မှ တိုးတက်မှာဖြစ်တယ်။”

နိုဝင်ဘာလ (၂၆)ရက်နေ့ အင်္ဂါနေ့ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU ၃ ခု လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ ဒါအပြင် သူရဲ့ လေးရက်ကြာခရီးစဉ်အတွင်း နိုဝင်ဘာလ (၂၇)ရက်နေ့မှာ တောင်ကိုရီးယားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG