(Zawgyi / Unicode)
ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အေမရိကန္ အမ်ိဳးသား လံုၿခံဳေရး အႀကံေပး ပုဂၢိဳလ္ Robert O’Brien တို႔ တနလာၤေန႔တုန္းက အာဆီယံ ထိပ္သီး အစည္းအေ၀း ျပင္ပမွာ သီးျခားေတြ႔ဆံုၿပီး ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရသူေတြ ဌာေနျပန္ေရး အပါအ၀င္ ကိစၥရပ္ အမ်ားအျပား ေဆြးေႏြးခဲ႔ၾကပါတယ္။
ရခုိင္ျပည္နယ္ကေန ေနရပ္စြန္႔ခြာ ထြက္ေျပးၾကရသူေတြ ဌာေနျပန္လာႏုိင္ေရး အတြက္ ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ၾကား သေဘာတူညီခ်က္နဲ႔ ေဆာင္ရြက္ေနတဲ႔ အေျခအေန၊ ေနာက္ ကုလသမဂၢ အဖြဲ႔အစည္းေတြ ျဖစ္တဲ႔ UNHCR၊ UNDP တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတဲ႔ ကိစၥေတြကိုလည္း ေဆြးေႏြးခဲ႔ေၾကာင္း ျမန္မာ အစိုးရဘက္က သတင္းထုတ္ျပန္ပါတယ္။
မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရး၊ လူကုန္ကူးမႈ၊ သားရိုင္း တိရိစာၦန္ ေမွာင္ခို ေရာင္း၀ယ္မႈ တားဆီး တိုက္ဖ်က္ေရး အျပင္ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ကိစၥေတြလည္း ေဆြးေႏြးခဲ႔ၾကပါတယ္။ အေမရိကန္ အမ်ိဳးသား လံုၿခံဳေရး အႀကံေပး ပုဂၢိဳလ္ Robert O’Brien နဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဘန္ေကာက္ၿမိဳ႕ေတာ္က သီးသန္႔ ေတြ႔ဆံုေဆြးေႏြးပြဲမွာေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Scott Marciel လည္း တက္ေရာက္ခဲ႔သလို ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္း နဲ႔ ဦးေက်ာ္တင္ တို႔လည္း ပါ၀င္ခဲ႔ပါတယ္။
..................
ကန်အမျိုးသားလုံခြုံရေးအကြံပေး နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံ
(Unicode)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien တို့ တနလာၤနေ့တုန်းက အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပမှာ သီးခြားတွေ့ဆုံပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ ဌာနေပြန်ရေး အပါအဝင် ကိစ္စရပ် အများအပြား ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဌာနေပြန်လာနိုင်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား သဘောတူညီချက်နဲ့ ဆောင်ရွက်နေတဲ့ အခြေအနေ၊ နောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တဲ့ UNHCR၊ UNDP တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု၊ သားရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်မှု တားဆီး တိုက်ဖျက်ရေး အပြင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဘန်ကောက်မြို့တော်က သီးသန့် တွေ့ဆုံဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scott Marciel လည်း တက်ရောက်ခဲ့သလို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နဲ့ ဦးကျော်တင် တို့လည်း ပါဝင်ခဲ့ပါတယ်။