သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရောက်နေသူ နှစ်ထောင့်လေးရာကျော် မြန်မာပြန် လက်ခံမည်


ဘင်္ဂလား ကော့ဘဇာဘက် ထွက်ပြေးနေကြတဲ့ မြန်မာ မူဆလင်များ။ ( နိုဝင်ဘာ ၊ ၂၀၁၆)
ဘင်္ဂလား ကော့ဘဇာဘက် ထွက်ပြေးနေကြတဲ့ မြန်မာ မူဆလင်များ။ ( နိုဝင်ဘာ ၊ ၂၀၁၆)

ဘင်္ဂလားဒေရှ့်နိုင်ငံကို တရားမဝင်ရောက်နေကြတဲ့ သူတွေထဲ့ နှစ် ထောင့်လေး ရာကျော်ကို မြန်မာဘက်ကပြန်လက်ခံမယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ အဆိုအရ အောက်တိုဘာ ၉ ရက်နောက်ပိုင်း သူတို့နိုင်ငံဘက် ထွက်ပြေးလာကြ ၅ သောင်းလောက် အပါအဝင် မြန်မာဘက်က ၃ သိန်းလောက်ကို အစောစီးဆုံးပြန်ခေါ်ရေးဆောင်ရွက်ပါလို့ ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရရဲ့ စာရင်းတွေအရ ဘင်္ဂလားဒေရှ့်ဘက် မှာ မြန်မာနိုင်ငံ သား နှစ် ထောင့် ၄ ရာ ၁၅ ယောက်ပဲရှိပြီး ဘင်္ဂလားဒေရှ့်ဘက်ကပြောနေတဲ့ အရေအတွက် ၃ သိန်း ဆိုတာကို မသိဘူးလို့ မြန်မာနိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျရဲ့ အပြောကို Reuters သတင်းထဲမှာ ကိုးကားရေးထားပါတယ်။

အဲဒီသူ ၂ ထောင်ကျော်ကို ၂၀၁၇ ခုနှစ်ထဲမှာ ပြန်ခေါ်ဖို့ စီစဉ်နေတယ် လို့လည်း နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲက နယ်စပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ မွတ်ဆလင်တွေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

ခုလို မြန်မာဖက်က မွတ်ဆလင်တွေ သူတို့နိုင်ငံထဲ အလုံးအရင်း ရောက် လာနေတာကို စိုးရိမ်ကြောင်းနဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို အမြန်ဆုံးဖြေရှင်းဖို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးရုံး ၂ နိုင်ငံဆိုင်ရာကောင်စစ်ဝန်ဌာန အတွင်းဝန်က မြန်မာသံအမတ်ကြီးကို ကြာသပတေးနေ့က ဒုတိယအကြိမ် ခေါ်ယူတွေ့ဆုံပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မကြာခင်မှာ ဘင်္ဂလားဒေရှ့်ကို အထူး သံတမန်စေလွှတ်ပြီး ဆွေးနွေးဖို့ စီစဉ်နေတဲ့အကြောင်း နိုင်ငံခြားရေးဌာန တာဝန်ရှိသူက VOA မြန်မာပိုင်းကိုပြောပါတယ်။ ၂ နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေအပါအဝင် ကိစ္စတော်တော် များများဆွေးနွေးဖို့ ၂ ဘက်သင့်တော်တဲ့ အချိန်မှာ မြန်မာ အထူးသံတမန်သွားရောက်မယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG