သုံးရလွယ်ကူစေသည့် Link များ

မြန်မာ-တူရကီ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့၏ သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ဟာ ဒီကနေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့တွေ့ဆုံပြီး ၂ နိုင်ငံကြားဆက်ဆံရေး တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ပါတ်သတ်ပြီးတော့လည်း တူရကီအနေနဲ့ ဆက်လက် ကူညီသွားမှာ ဖြစ်သလို ဒီလိုလုပ်ဆောင်ရာမှာလည်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်ထောင်စုအစိုးရ၊ ကုလသမဂ္ဂ၊ အေဂျင်စီတွေ၊ ဒေသအာဏာပိုင်တွေနဲ့ အတူ ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Cavusoglu က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်က အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ အဖြေရှာနေတာနဲ့ ပါတ်သတ်လို့ အခုလိုနားလည်မှုပေးတဲ့အတွက် ၀န်ကြီး Cavusoglu ကို အထူးပဲ ကျေးဇူးတင်ရှိကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြား ခဲ့ပါတယ်။ဒါ့အပြင် Mr. Cavusoglu ဟာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့လည်း နိုင်ငံတော် သမ္မတအိမ်မှာ ဒီကနေ့ တွေ့ဆုံပြီး ၂ နိုင်ငံ ဆက်ဆံရေး၊ စီးပွါးရေး ကူသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေး ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်နဲ့ တူရကီနိုင်ငံသံအမတ်ကြီးတို့လည်း တက်ရောက်ကြပါတယ်။ နေ့လည်ပိုင်းမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့လည်း Mr. Cavusoglu တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG