သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်းကျဆုံး အမေရိကန်စစ်သည် ဂုဏ်ပြုအခမ်းအနား မန္တလေးမြို့မှာ ကျင်းပ


စစ်အတွင်းကျဆုံး အမေရိကန်စစ်သည် ဂုဏ်ပြုအခမ်းအနားကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျင်းပပုံ (မတ်၊ ၁၂၊ ၂၀၁၉)
စစ်အတွင်းကျဆုံး အမေရိကန်စစ်သည် ဂုဏ်ပြုအခမ်းအနားကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျင်းပပုံ (မတ်၊ ၁၂၊ ၂၀၁၉)

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားကို မန္တလေးမြို့မှာ ဒီကနေ့ ကျင်းပတဲ့အကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ကြွင်း ရှာဖွေ မှတ်တမ်းတင်ရေး အေဂျင်စီ (DPAA) ရဲ့ အစီအစဉ်ကတဆင့် အမေရိကန် စစ်သည်တွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူသားရုပ်ကြွင်းတွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး ဒေသတဝိုက်မှာ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရုပ်ကြွင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိနိုင်ရေး ခွဲခြမ်း စစ်ဆေးဖို့အတွက် ဟာဝိုင်အီမှာရှိတဲ့ DPAA ဓာတ်ခွဲခန်းကို ပို့သွားမှာဖြစ်ပြီး အဲဒီ ပြန်လည် သယ်ယူပို့ဆောင်တဲ့ အခမ်းအနားကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ ကျင်းပပါ တယ်။

DPAA အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ရှာဖွေရေး အစီအစဉ် သုံးကြိမ် လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ခုနစ်ကြိမ် လုပ်ခဲ့တဲ့အကြောင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျန်ရစ် ပျောက်ဆုံးပြီးတော့ ရှာမတွေ့သေးတဲ့ အမေရိကန် စစ်သည် ၆၃၂ ဦး အခုချိန်ထိ ရှိနေသေးတဲ့အကြောင်း၊ အရင်လုပ်ခဲ့တဲ့ ရှာဖွေရေးတွေရဲ့ ရလဒ်အရ စစ်သည် ၁၄ ဦးရဲ့ ရုပ်ကြွင်း တွေကို ရှာဖွေ ဖော်ထုတ်နိုင်ထားပြီဖြစ်ပြီး ဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ ရုပ်ကြွင်းတွေကို ဆက်ပြီး ရှာဖွေ ဖော်ထုတ်သွားမယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က “ဒီရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုတွေ အတွက် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG