သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းငယ် ပိုအားကောင်းလာ၊ အနီရောင်အဆင့် သတ်မှတ်ထား


မုန်တိုင်းငယ် ပိုအားကောင်းလာ (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
မုန်တိုင်းငယ် ပိုအားကောင်းလာ (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ တဖြည်းဖြည်း အားကောင်းလာနိုင်တဲ့ အတွက် မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမူ ဦးစီးဌာကနေ အနီရောင်အဆင့်မုန်တိုင်း သတိပေးချက်ကို အောင်တိုဘာလ ၂၃ ရက်နေ့ နေ့လယ် မှာထုတ်ပြန်ခဲ့ပါတယ်။ မုန်တိုင်းငယ် အားကောင်းလာမယ် ဆိုရင် ရခိုင်ပြည်နယ်ကမ်းရိုးတမ်းဒေသတွေနဲ့ ဧရာဝတီတိုင်း ဘက်တွေမှာလေတိုက်နှုန်း တွေက တနာရီကို ၄၅မိုင်ကနေ မိုင် ၅၀ အထိ တိုက်ခတ်လာမယ့် အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အရှေမြောက်ဘက်ကို ရွေ့လျားနေတာကြောင့် မြန်မာနိုင်ငံတွင်း ရခိုင်ကမ်းရိုးတန်းနဲ့ ရာဝတီတိုင်းဘက်မှာ မုန်တိုင်းအန္တရာယ် ကြုံရနိုင်တဲ့အခြေအနေ ရှိတယ်ဆိုပြီး မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကနေ အနီရောင်သတိပေးချက်ကို ထုတ်ပြန်လိုက်တာပါ။ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိ ပေးချက်ထုတ် ပြန်ရတဲ့အခြေအနေကို အခုလိုရှင်းပြပါတယ်။

“ဆိုင်ကလုံး မုန်တိုင်းအဖြစ်ကို ရောက်ဖို့အတွက် ကြားထဲမှာ အားကောင်းတဲ့ မုန်တိုင်းငယ်ဖြစ်ဖို့ အဆင့် ၁ ဆင့် ကျန်သေးတယ်ပေါ့နော်။ ဒါပေမယ့်လည်း မုန်တိုင်းငယ်လေးအဖြစ်နဲ့ပဲ ကျနော်တို့ ဧရာဝတီတိုင်းကို တဖြေးဖြေးရွေ့လာတယ် ကျနော်တို့တိုင်းနဲ့ နီးလာတဲ့ အခြေအနေဖြစ်တယ်။ ဒီမုန်တိုင်းခန့်မှန်းရဲ့ အများစု model တွေမှာလည်း မြန်မာ့ ကမ်းရိုးတန်းကို မကွေ့ခင်၊ မဝင်ခင်မှာ ပြန်ကွေ့သွားမယ့် ပုံစံတွေလည်း တွေ့ရသလို၊ မြန်မာ့ ကမ်းရိုးတန်း တောင်ပိုင်းဒေသတွေကို ကွေ့ပြီးတော့မှ အနောက်မြောက်ဘက် ပြန်ရွေ့သွားမယ့် အနေအထားလည်း တွေ့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတယ်ပေါ့နော်။ အဲဒီလိုမျိုးအခြေအနေတွေကြားမှာ ကျနော်တို့ ကမ်းရိုးနဲ့ အရမ်းနီးနေတဲ့အတွက်ကြောင့်မို့လို့ အနီရောင်မုန်တိုင်းငယ် သတိပေးချက်ကို ထုတ်ပြန်ထားပြီးတော့ ဒီမုန်တိုင်းငယ်နဲ့ ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေအဖြစ်နဲ့ တစ်နာရီလျှင် (၄၅)မိုင် - မိုင် ၅၀၊ ရန်ကုန်တိုင်း အတွက်ဆိုရင် ၃၀-၃၅ မိုင်အထိ အများဆုံး တိုက်ခိုက်နိုင်တဲ့ အခြေအနေ တွေရယ်။ နောက်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် တောင်ပိုင်းတွေအတွက် မုန်တိုင်းသက်ရောက်နိုင်တဲ့ ခန့်မှန်းချက် တွေရယ် ဆက်စပ်ပြီးတော့ အကြံပြုချက်တွေရယ်ကို ကျနော်တို့ ထုတ်ပြန်ထားတာ။”

ဒီတိုင်းထွာချက်တွေဟာ အောက်တိုဘာလ၂၃ရက်နေ့ ညကနေ ၂၄ရက်နေ့ မနက်အတွင်းမှာ မုန်တိုင်းငယ်တခုလည်းဖြစ်ပွားနိုင်တယ်လို့လည်း ဦးကျော်လွင်ဦးကဆိုပါတယ်။

“ကျနော်တို့ မုန်တိုင်းငယ်လေးရဲ့ ရွေ့လျှားမှု အလားအလာကလည်း ၂၃ရက်နေ့ ညသန်းခေါင်ယံအချိန် အနောက်ကျဆုံး နောက် ၂၄ရက်နေ့ မနက်ပိုင်းဆိုရင် အနောက်မြောက်ဘက် ပြန်ဖြစ်သွားနိုင်ခြေများတယ်။ သို့သော် ရေပြင်ကနေမဟုတ်ပဲနဲ့ ကျနော်တို့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ဝင်ပြီး ပြန်ကွေ့သွားမယ်ဆိုရင်ကျနော်တို့ ဧရာဝတီတိုင်းဒေသနဲ့ ရခိုင်တောင်ပိုင်းဒေသတွေအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာကြောင့် မို့လို့ ကျနော်တို့ သတိပေးချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။”

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အရှေ့- အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့မြောက်အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ဂွမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်၊ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် (၂၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာကြောင့်

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာ လေတိုက်နှှုန်း တနာရီကို ၄၅မိုင်ကနေ မိုင်၅၀ ထိ တိုက်ခတ်နိုင်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ တနာရီကိုမိုင် ၃၀ကနေ ၃၅မိုင်လောက်ထိလေတိုက်နှုန်း ပြင်းထန်နိုင်တယ်လို့ မိုးဇလကတော့ ထုတ်ပြန် ထားပါတယ်။

မုန်းတိုင်းအားကောင်းလာမူကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့ မှာ မုန်တိုင်း ဒီရေ (၇) ပေကနေ (၁၀)ပေခန့် အထိ မြင့်တက် နိုင်ကြောင့် ခန့်မှန်းထားပါတယ်။ ဒီအတွက် ကမ်းရိုးတမ်းတဝိုက် နေထိုင်သူတွေဟာ လေပြင်းတိုက်ခတ်တဲ့ဒဏ် မိုးကြီးတဲ့ဒဏ် ရုတ်တရက်ရေကြီးတဲ့ဒဏ်မြေပြိုမူစတဲ့အန္တရာယ်တွေ ကြုံရနိုင်တာမို့ ဘေးလွတ်ရာကို တိမ်းရှောင်းနိုင်ဖို့အတွက် သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG