သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှု စိုးရိမ်ဖွယ်ရှိ

၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးများနေ့ဆောင်ပုဒ်။
1/7 ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးများနေ့ဆောင်ပုဒ်။
Men hold a banner during a protest demanding stronger women's political representation and engagement in parliament in front of the Parliament building on International Women's Day in Tbilisi, March 8, 2015.
2/7 Men hold a banner during a protest demanding stronger women's political representation and engagement in parliament in front of the Parliament building on International Women's Day in Tbilisi, March 8, 2015.
Activists shout slogans during a march toward the Malacanang Presidential palace as they mark International Women's Day in Manila, Philippines, March 8, 2015.
3/7 Activists shout slogans during a march toward the Malacanang Presidential palace as they mark International Women's Day in Manila, Philippines, March 8, 2015.
Women walk as they shout slogans during an International Women's Day rally in Istanbul, Turkey, March 8, 2015.
4/7 Women walk as they shout slogans during an International Women's Day rally in Istanbul, Turkey, March 8, 2015.
The high-heeled dress wearing cyclists commemorated International Women's Day after reaching the end of their bike route in Mexico City, March 7, 2015.
5/7 The high-heeled dress wearing cyclists commemorated International Women's Day after reaching the end of their bike route in Mexico City, March 7, 2015.
Some protesters, hold torches in front of La Moneda palace, during a march ahead of International Women's Day in Santiago, Chile, March 6, 2015.
6/7 Some protesters, hold torches in front of La Moneda palace, during a march ahead of International Women's Day in Santiago, Chile, March 6, 2015.
Male Afghan women's rights activist wear burqas to show their solidarity with Afghan women ahead of International Women's Day in Kabul, March 5, 2015.
7/7 Male Afghan women's rights activist wear burqas to show their solidarity with Afghan women ahead of International Women's Day in Kabul, March 5, 2015.
Previous slide
Next slide

မြန်မာနိုင်ငံတွင်းမှာ အမျိုးသမီးတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်မှု အားနည်းနေတဲ့အတွက် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေဟာ စိုးရိမ်စရာအနေအထားမှာရှိနေလို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန်းကရပ်ပါလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက နိုင်ငံတကာအမျိုးသမီးများနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ (၁၀၄) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးက အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးဖို့ လုံခြုံအာမခံချက်ရှိရေး ကြေညာချက်အသီးသီး ထုတ်ပြန်တောင်းဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ဒီကနေ့ မတ်လ (၈) ရက်နေ့ကို ကုလသမဂ္ဂက International Women’s day နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသမီး အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးတွေကို အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ကမ္ဘာတဝှမ်းမှာ တိုက်တွန်း တောင်းဆိုမှုတွေနဲ့ ကျင်းပနေကြပါတယ်။ ဒီနှစ်၂၀၁၅ ခုနှစ်မှာ ကျရောက်တဲ့ (၁၀၄) ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်ကတော့ (Empowering Women, Empowering Humanity: Picture it”) လူသားအားလုံး တိုးတက်ဖို့၊ အမျိုးသမီး စွမ်းရည်မြှင့်တင်လို့ ပုံဖော်ကြပါစို့” ဆိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးတွေကို အာဏာပိုင်တွေဘက်က လုံခြုံရေး အကြောင်းပြ အတင်းအဓမ္မ ဖမ်းဆီး ထောင်ချ အနိုင်ကျင့်နေတာတွေကို ရပ်တန်းကရပ်ပေးဖို့ အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားမှု (၂၀၁၅) ရဲ့ တာဝန်ခံဖြစ်တဲ့ အမျိုးသမီးရေး လှုပ်ရှားသူ မသင်းသင်းအောင်က တောင်းဆိုပါတယ်။

“အမျိုးသမီးတွေကို နိုင်ငံရေးထဲမှာပါဝင်ဖို့ပဲဖြစ်ဖြစ်၊ ဦးဆောင်မှုအခန်းကဏ္ဍကို ပြောပြီဆိုရင် အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရပ်တန်းကရပ်ဖို့ လိုလိမ့်မယ်။ နိုင်ငံတော်အစိုးရကနေပြီးတော့မှ ဒီလို အခြေအနေကောင်းတွေကို ဖန်တီးပေးရမယ့်အစား ဖိနှိပ်ချုပ်ခြယ်ပြီးတော့မှ အကြမ်းဖက်မှုတွေလုပ်နေတဲ့ပုံစံ အခုတွေ့နေရတယ်။ လုပ်ခလစာတိုးဖို့အတွက် အခြေခံလစာတိုးဖို့တောင်းဆို ဆန္ဒပြတဲ့အလုပ်သမား အမျိုးသမီးတွေကိုလည်း အကြမ်းဖက်ဖြိုခွဲတယ်၊ ဖမ်းဆီးတယ်၊ ထောင်ချတယ်။ ပြီးတော့ လယ်ယာမြေဆုံးရှုံးတဲ့တောင်သူအမျိုးသမီးတွေကိုလည်း ဒေါ်ခင်ဝင်းပေါ့နော်- ရက်ရက် စက်စက် အသတ်ခံရတယ်၊ လယ်မြေတွေပြန်မရဘူး၊ စားဝတ်နေရေးကြပ်တည်း ဒုက္ခရောက်ရတယ်။ ကျူးကျော်ဆိုပြီးတော့မှ ဖမ်းဆီးပြီးတော့မှ အဖွားအိုတွေကိုတောင်မှ ဖမ်းဆီး ထောင်ချခံရတယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးတွေရှိနေတယ်။ အထူးသဖြင့် Conflict ပေါ့နော်၊ ပဋိပက္ခတွေဖြစ်နေတဲ့၊ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာဆိုရင် ကချင်ဆရာမလေးနှစ်ယောက်ရဲ့ အခြေအနေကိုကြည့်၊ အစိုးရအနေနဲ့က တကယ်ပဲ အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေပြီးတော့မှ ကာကွယ် စောင့်ရှောက်နိုင်မယ့် ဥပဒေတရပ်ကို အမြန်ဆုံး ပြဌာန်းပြီးတော့မှ လက်တွေ့ကိုလည်း ထိထိရောက်ရောက် ကျင့်သုံးပြီးတော့မှ ကျူးလွန်တဲ့သူတွေကို ထိရောက်စွာ အပြစ်ပေး အရေးယူပါ။ ပြစ်ဒဏ်ပေးပါ။ ဒါမျိုးလုပ်ဖို့အတွက်ကို ကျမတို့ တောင်းဆိုပါတယ်။”

မြန်မာအမျိုးသမီးတွေ အမျိုးသမီးအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိစေရေး လွှတ်တော်တွင်းမှာ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်နိုင်မှု တရားဝင် ဥပဒေတွေပြဋ္ဌာန်းပေးဖို့ အရေးတကြီး လိုအပ်တယ်လို့လည်း အမျိုးသမီးရေးလှုပ်ရှားသူ Triangle Women အဖွဲ့က ဒါရိုက်တာ မခင်လေးက အကြံပြုပါတယ်။

“အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဥပဒေကို အမြန်ဆုံးပြဌာန်းပေးဖို့ ပေါ့နော်။ လွှတ်တော်အတွင်းမှာရှိနေတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကိုလည်း ကျမတို့က မေတ္တာရပ်ခံချင်တာက - တိုင်းရင်းသား၊ လူမျိုး၊ ဘာသာနဲ့ အားလုံးကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် အဲဒီဥပဒေကို သေချာလေး လေ့လာပြီးတော့ အမြန်ဆုံးပြဌာန်းနိုင်အောင် အမျိုးသမီးကိုယ်စားလှယ်များမှ လည်း ထောက်ခံဆွေးနွေးပေးဖို့ တောင်းဆိုချင်ပါတယ်။”

အမျိုးသမီးတွေဟာ တိုင်းပြည်ရဲ့ စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အခန်းကဏ္ဍတွေမှာ ဦးဆောင်ပါဝင်နိုင်မှု အားနည်းနေတဲ့ အတွက်လည်း အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးနိုင်မှုအခွင့်အလမ်း မရှိသလောက်ဖြစ်နေရတာလို့လည်း အမျိုးသမီးများ နိုင်ငံရေး လှုပ်ရှားမှု ၂၀၁၅ အဖွဲ့က ထောက်ပြပါတယ်။

“အမျိုးသမီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုသက်သက်ကို ပြောမယ်ဆိုလို့ရှိရင် ဒီနေ့အခြေအနေက ဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုက အရမ်းနည်းနေပါသေးတယ်။ လွှတ်တော်ထဲမှာဆိုလို့ရှိရင်လည်း ၅ % လောက်ပဲရှိတယ်။ အစိုးရရဲ့ဌာနဆိုင်ရာတွေမှာဆိုလို့ရှိရင်လည်း ပြောမယ်ဆိုလို့ရှိရင် … ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအဆင့်တောင်မှ တနိုင်ငံလုံးအတိုင်းအတာနဲ့ကျေးရွာပေါင်း ၆ သောင်းကျော်လောက်ရှိတာတောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်က အယောက် ၂၀ လောက်ပဲရှိတယ်။ အမျိုးသမီးကလေ။ ဆိုတော့ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ နည်းနေခြင်းအားဖြင့် အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် ဥပဒေတွေ ပြဌာန်းနိုင်မှုမှာ အလှမ်းဝေးနေအုံးမှာဖြစ်တယ်။ ဒီကိစ္စကတော့ လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော် တကယ်ပဲလုံလောက်စွာရရှိဖို့အတွက် အရေးကြီးတယ်ဆိုတာ ပြောချင်ပါတယ်။”

အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ ကျားမ တန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေရဲ့ လူနေမှုဘဝမြှင့်တင်ရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်မှု အားနည်းနေတဲ့အတွက် လျစ်လျူရှုခံ အမျိုးသမီးတွေရဲ့အခွင့်အရေး အလေးအနက်ထား ဆောင်ရွက်ပေးဖို့ကို (၁၀၄) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးသမဂ္ဂ ( Burmese Women’s Union) -ကရင်အမျိုးသမီးအစည်းအရုံး (Karen Women’s Organization KWO) စတဲ့ အမျိုးသမီးရေးလှုပ်ရှားနေတဲ့အဖွဲ့တွေဘက်က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာလည်း မတ်လ ၂ ရက်နေ့ကနေ မတ်လ ဂ ရက် နိုင်ငံတကာအမျိုးသမီးများနေ့ သီတင်းတပတ်တာ အနုပညာလှုပ်ရှားမှုအဖြစ် လှုပ်ရှား ဆောင်ရွက်မှုတွေ ရှိသလို ရန်ကုန်ပြည်သူ့ရင်ပြင်မှာလည်း အမျိုးသမီးအဆိုတော်တွေ ဦးဆောင်ပါဝင်တဲ့ တေးဂီတဖျော်ဖြေပွဲ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ကျင်းပနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG