သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မလေးနယ်စပ်မှာ အထောက်အထားမဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ


ထိုင်း-မလေးရှား နယ်စပ်က Padang Besa နယ်စပ်ဂိတ်။
ထိုင်း-မလေးရှား နယ်စပ်က Padang Besa နယ်စပ်ဂိတ်။

(Zawgyi / Unicode)

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို စနေနေ့ညက ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

တောင်ပိုင်း Sadao ပြည်နယ်အတွင်းက ရဲစစ်ဆေးရေးဂိတ်ကို ရောက်တဲ့အချိန် အဲဒီ မြန်မာနိုင်ငံသားတွေကို တင်လာတဲ့ Pick-up ထရပ်ကားက ရပ်မပေးဘဲ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။ ၁၀ ကီလိုမီတာလောက် မောင်းအပြီး ဒရိုင်ဘာက အမျိုးမျိုး ထွက်ပြေးဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းရဲက ဖမ်းမိလိုက်ပါတယ်။

အဲဒီ Pick-up ပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို တင်ဆောင်လာတာလို့ ဆိုပါတယ်။ ကားသမားဟာ Songkhla ပြည်နယ်သား ထိုင်းလူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖမ်းမိသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပြီးတဲ့နောက် Songkhla မှာ ကားငှားပြီး မလေးရှားနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့ကြတာလို့ ထွက်ဆိုခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ရေးပါတယ်။ သူတို့ဟာ ပွဲစားကို တယောက် ဘတ်ငွေ ၂ သောင်းခွဲစီ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ စွဲချက်တင်သွားမှာဖြစ်ပြီး ကားသမားကိုတော့ သူတို့ကို ကူညီပေးမှုနဲ့ စွဲချက်တင်မယ်လို့ ဆိုပါတယ်။

ထိုင်း-မလေးနယ်စပ်မှာ အထောက်အထားမဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG