သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အုပ္ခ်ဳပ္ေရးနဲ႔ လိႈင္သာယာမွာ လုပ္ငန္းတခ်ိဳ႕ ျပန္စ


ေဖေဖာ္၀ါရီ ၂၅ ရက္ေန႔က စက္ရံု လုပ္သားေတြရဲ႕ အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ ဓာတ္ပံု ရိုက္တာ။

(Zawgyi/ Unicode)

စစ္အာဏာသိမ္း ဆန္႔က်င္တဲ႔ သပိတ္ကို ေသြးထြက္သံယို ႏွိမ္နင္းၿပီး စစ္အုပ္ခ်ဳပ္ေရး က်င့္သံုးေနတဲ႔ လိႈင္သာယာမွာ စက္ရံု တခ်ိဳ႕ အလုပ္ေတြ ျပန္လည္ လည္ပတ္ေနပါၿပီ။ နယ္ျပန္တဲ႔ အလုပ္သမား တခ်ိဳ႕ ရန္ကုန္ကို ျပန္လာၿပီး အလုပ္ဆင္းေနေပမယ့္လည္း လံုၿခံဳေရး စိုးရိမ္ေနသလို အနာဂတ္ အလုပ္အကိုင္ အာမခံခ်က္ကလည္း မေရမရာ ျဖစ္ေနပါတယ္။ ျမန္မာႏုိင္ငံ အေထြေထြ အလုပ္သမား သမဂၢမ်ား အဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္ ေဒၚမိုးစႏၵာျမင့္္ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ေဒၚမိုးစႏၵာျမင့္ ။ ။ လိႈင္သာယာမွာ စစ္အုပ္ခ်ဳပ္ေရး ျဖစ္ေနၿပီ။ စစ္အုပ္ခ်ဳပ္ေရး စ ေၾကညာတဲ႔ မတ္လ ၁၄ ရက္ေန႔ ညက စၿပီးေတာ့ ၁၅၊ ၁၆ မွာ အလုပ္သမားေတြက ခြင့္ယူၿပီးေတာ့ ေနရပ္ ျပန္သြားတာမ်ိဳး ရွိတယ္။ စက္ရံုေတြ ပိတ္သြားတာမ်ိဳး ရွိတယ္။ အခု မတ္လ အကုန္မွာ ျပန္လည္ၿပီးေတာ့ အလုပ္ဖြင့္လာတဲ႔ အခါမွာ တခ်ိဳ႕ အလုပ္သမားေတြက ျပန္လာၿပီးေတာ့ လုပ္ငန္းေတြ ျပန္ၿပီးေတာ့ လည္ပတ္ေနတာမ်ိဳးေတြ ရွိပါတယ္။

သိဂၤ ီထုိက္ ။ ။ အဓိက ဘယ္လို စက္ရံုေတြ ျပန္လည္ပတ္ေနပါလဲရွင့္။

ေဒၚမိုးစႏၵာျမင့္ ။ ။ အဓိက ကေတာ့ အထည္ခ်ဳပ္ စက္ရံုေတြ ေတာ္ေတာ္မ်ားမ်ား ျပန္လည္ပတ္တာကို ေတြ႔ရပါတယ္။

သိဂၤ ီထုိက္ ။ ။ ဆိုေတာ့ ၀ယ္လက္ ကေတာ့ ဆက္ရွိေနတာေပါ့။ သူတို႔ကေတာ့ ဆက္ အလုပ္ျဖစ္ေနတာေပါ့။ ဘယ္လို ပံုစံမ်ိဳးလို႔ သံုးသပ္ပါလဲ။

ေဒၚမိုးစႏၵာျမင့္ ။ ။ က်မတို႔ လက္ရွိ သိတဲ႔ အေျခအေန အရက်ေတာ့ တခ်ိဳ႕ စက္ရံုေတြက ရွိၿပီးသား အမွာေတြကို ျဖတ္ေနတာပါ။ အမွာေတြကို အၿပီးသတ္ ျဖတ္ၿပီးေတာ့ ခ်ဳပ္ေနတာမ်ိဳးေတြ ေတြ႔ရတယ္။ တခ်ိဳ႕ကလည္း အမွာ မရွိေတာ့တာေတြ ေတြ႔ရတယ္။ တခ်ိဳ႕ကေတာ့ ရွိတာေလးကို ျပတ္ေအာင္ ခ်ဳပ္ေပးဖို႔ လိုတယ္။ ေနာက္ အမွာေတြ မရွိေတာ့ဘူး စက္ရံုေတာ့ ပိတ္ဖို႔ အေျခအေန ရွိတယ္ဆိုတာမ်ိဳးေတြလည္း က်မတို႔ ၾကားရတယ္။ လံုး၀ႀကီး အမွာေတြ ေကာင္းၿပီး ခ်ဳပ္ေနရတယ္ဆိုတဲ႔ စက္ရံုမ်ိဳး က်မတုိ႔ မေတြ႔ရဘူးေပါ့ေနာ္။

သိဂၤ ီထုိက္ ။ ။ လက္ရွိ အလုပ္သမားေတြရဲ႕ အလုပ္အကိုင္ အာမခံခ်က္ကို မမိုးစႏၵာျမင့္တို႔ ဘယ္လိုမ်ား သံုးသပ္ပါလဲရွင့္။

ေဒၚမိုးစႏၵာျမင့္ ။ ။ ဒီအေျခအေနကေတာ့ ဘာမွ လုပ္လို႔ မရတဲ႔ အေျခအေနလို႔ဘဲ ေျပာရမွာေပါ့။ ဥပေဒေတြ ရွိေတာ့ေရာ လုိက္နာျခင္း မလုိက္နာျခင္းက သူတို႔ အေပၚမွာဘဲ မူတည္ေနတာေလ။ ဥပမာ ေျပာရရင္ အလုပ္သမားေတြမွာ ဥပေဒပါ ခြင့္ရက္ေတြ ရွိတယ္။ အဲဒီ ခြင့္ရက္ေတြကို ယူၿပီးေတာ့ သူတို႔က လံုၿခံဳေရး စိုးရိမ္ခ်က္ေၾကာင့္ နားခ်င္ရင္ေတာင္မွ အလုပ္ရွင္က မေပးဘူး။ မေပးရင္ ဘာမွ လုပ္လို႔ မရဘူး။ အလုပ္မလာရင္ ျဖဳတ္မယ္ဆိုတဲ႔ အရာမ်ိဳးေပါ့။ ဒါကေတာ့ အနီးစပ္ဆံုး အေျခအေနေပါ့။

တကယ္လို႔ အလုပ္သမားေတြ အေနနဲ႔ သူတို႔ရဲ႕ ရပိုင္ခြင့္ အတိုင္း ယူမယ္ဆိုရင္လည္း သူတို႔ အလုပ္ရွင္က မေပးတဲ႔ အေျခအေနမ်ိဳး။ ျဖစ္ေပၚေနတဲ႔ အေျခအေနမွာ မူတည္ၿပီးေတာ့ အခြင့္အေရးကို ရတဲ႔ အခြင့္အေရးကို ေကာင္းေကာင္း အသံုးခ်ၿပီးေတာ့ အလုပ္သမားေတြကို ဖိႏွိပ္ေနတဲ႔ အေျခအေနမ်ိဳးေတြမွာက ေျပာရမယ္ဆိုရင္ အလုပ္သမားေတြကို လက္ရွိ အေျခအေနမွာ ဘယ္အရာမွ အကာအကြယ္ မေပးႏုိင္တဲ႔ အေျခအေနမ်ိဳးဘဲ ျမင္တယ္။

ဒါေၾကာင့္ က်မတို႔ အလုပ္သမားေတြက အျမဲတမ္း ဖိႏွိပ္ခံ အေျခအေနမ်ိဳးနဲ႔ အစဥ္အဆက္ ေနလာရတယ္။ အဲေတာ့ အခုလို အေျခအေနမ်ိဳးက ပိုဆိုးတဲ႔ အေျခအေနမ်ိဳးကို က်မတို႔ အလုပ္သမားေတြက တကယ္ကို ရင္ဆိုင္ေနရတယ္။ အဲဒီေတာ့ အလုပ္သမားေတြ အတြက္ အကာအကြယ္ေပးႏုိင္မယ့္ အေျခအေနမ်ိဳးေတြက ဘာမွ လက္ရွိမွာ မေတြ႔ေသးဘူးေပါ့ေနာ္။ အဲေတာ့ အလုပ္သမားေတြကေတာ့ အေျခအေနေပၚမွာ မူတည္ၿပီးေတာ့ ခါးစည္းၿပီး ခံရမယ့္ အေျခအေနမ်ိဳးေတြဘဲ က်မတို႔က ျမင္ေနရေတာ့မွာေပါ့။

သိဂၤ ီထုိက္ ။ ။ လိႈင္သာယာ၊ ေရႊျပည္သာမွာ စက္ရံုေတြ မီးေလာင္ေနတဲ႔ အေပၚမွာေရာ သမဂၢ အဖြဲ႔ေတြ၊ မမိုးစႏၵာျမင့္တို႔လို အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြ ဘက္က ဘာမ်ား ေျပာလို႔ ရပါလဲ။ ဘာေတြ ျဖစ္ေနတာပါလဲ။

ေဒၚမိုးစႏၵာျမင့္ ။ ။ လိႈင္သာယာ ၿဖိဳခြင္းၿပီး ေနာက္မွာေတာ့ လိႈင္သာယာ၊ ေရႊျပည္သာမွာ စက္ရံု မီးေလာင္တဲ႔ သတင္းပိုစ္႔ေတြေတာ့ ေတြ႔ရတယ္။ မီးေလာင္မႈေတြနဲ႔ ပတ္သက္ၿပီး ေျပာရရင္ေတာ့ ေလာင္ေနတာဘဲ ေတြ႔ရ ျမင္ရတဲ႔ အေျခအေနေပါ့။ ဒီမီးေလာင္မႈက ဘာေၾကာင့္ ျဖစ္တည္လာတယ္၊ ဘယ္သူက စၿပီးေတာ့ ျဖစ္တည္လာသလဲ ဆိုတာကေတာ့ က်မတို႔ အေသးစိတ္ မသိရဘူးေပါ့။

သိဂၤ ီထုိက္ ။ ။ အလုပ္သမားေတြ အေနနဲ႔ တခ်ိဳ႕တ၀က္ ျပန္လာၾကတယ္။ အလုပ္အကိုင္ ဆံုးရံႈးမယ့္ အေရး စိုးရိမ္ခ်က္လည္း ပါႏုိင္တာေပါ့ေနာ္။ ျပန္လာၿပီးေတာ့ အလုပ္လုပ္ၾကတယ္ ဆိုေတာ့ သူတို႔ လံုၿခံဳေရး စိုးရိမ္ခ်က္ေရာ ရွိပါသလား။ သူတို႔ လက္ရွိ ဘယ္လို ခံစားေနရပါလဲ။

ေဒၚမိုးစႏၵာျမင့္ ။ ။ လက္ရွိ လိႈင္သာယာမွာ ေနေနရတဲ႔ ေရႊ႕ေျပာင္း အလုပ္သမားေတြ အဖို႔ကလည္း ပံုမွန္ ၀င္ေငြ ရွိမွ သူတို႔ ေနေရး စားေရးက ေရရွည္ ရပ္တည္ႏုိင္မယ္။ မိသားစု ရပ္တည္ႏုိင္မယ့္ အေျခအေန ရွိတာကိုး။ အလုပ္အကိုင္နဲ႔ ပတ္သက္ရင္လည္း အလုပ္က ရဖို႔ မလြယ္တဲ႔ အေျခအေနမွာ လက္ရွိ အလုပ္ တည္ျမဲဖို႔ အတြက္ကို အေၾကာက္အရြံ႔ေတြ ၾကားထဲက အခက္အခဲေတြ ၾကားထဲက ျပန္ဆင္းေနတာေတြ ေတြ႔ရတယ္။ ဒါေပမယ့္လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လုပ္ငန္းခြင္ ဆင္းေနတာမ်ိဳး မေတြ႔ရဘူး။ အႏၱရာယ္ေတြ ၾကားထဲက၊ အခက္အခဲေတြ ၾကားထဲက စိတ္ပိုင္းဆိုင္ရာ ေၾကာက္ရြံ႔မႈေတြနဲ႔ လုပ္ငန္းခြင္ သြားေနတဲ႔ အေျခအေနမ်ိဳးေတြ က်မတို႔ ေတြ႔ရတယ္ေပါ့ေနာ္။

က်မတို႔ သိရတာက လံုၿခံဳေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဖယ္ရီ ကားေတြနဲ႔ အလုပ္သမားေတြကို ေခၚတယ္။ ဖယ္ရီကားေတြနဲ႔ အပို႔အႀကိဳ လုပ္ေပးတယ္။ ေနာက္ တခုက ဒီ စက္ရံုက အလုပ္သမားမွန္း သိေအာင္လို႔ စက္ရံု ယူနီေဖာင္း ၀တ္ေစတာမ်ိဳး က်မတို႔ ေတြ႔ရတယ္။

သိဂၤ ီထုိက္ ။ ။ အလုပ္သမားေတြ အေနနဲ႔ လိႈင္သာယာထဲမွာ လြတ္လြတ္လပ္လပ္ သြားလာခြင့္ေရာ ရွိပါသလားရွင့္။

ေဒၚမိုးစႏၵာျမင့္ ။ ။ လြတ္လြတ္လပ္လပ္ သြားလာခြင့္ေတာ့ မရွိဘူး။ လိႈင္သာယာ မွာက သြားေနတဲ႔ လမ္းေတြမွာ ဆိုင္ကယ္နဲ႔ သြားတယ္ဆိုရင္ ဆိုင္ကယ္ ေနာက္ဖံုးကို ဖြင့္ၿပီး စစ္တာမ်ိဳး၊ စက္ဘီးန႔ဲ သြားတယ္ဆိုရင္လည္း သူတို႔ မသကာၤတဲ႔ လူဆိုရင္ ေက်ာပိုးအိတ္တို႔ ဘာတို႔ ပါမယ္ဆိုရင္ ဖြင့္ၿပီးေတာ့ စစ္တာမ်ိဳး အဲလို အစစ္အေဆးေတြ လုပ္ေနတဲ႔ အတြက္ အလုပ္သမားေတြက လုပ္ငန္းခြင္နဲ႔ အလုပ္ကိုဘဲ ပံုမွန္သြားရတယ္။ အရင္လို လြတ္လြတ္လပ္လပ္ သြားလာခြင့္ကေတာ့ အရင္လို မရွိဘူး။ သြားလာဖို႔လည္း မရဲဘူးလို႔ က်မတို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်အုပ်ချုပ်ရေးနဲ့ လှိုင်သာယာမှာ လုပ်ငန်းတချို့ ပြန်စ


စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ သပိတ်ကို သွေးထွက်သံယို နှိမ်နင်းပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လှိုင်သာယာမှာ စက်ရုံ တချို့ အလုပ်တွေ ပြန်လည် လည်ပတ်နေပါပြီ။ နယ်ပြန်တဲ့ အလုပ်သမား တချို့ ရန်ကုန်ကို ပြန်လာပြီး အလုပ်ဆင်းနေပေမယ့်လည်း လုံခြုံရေး စိုးရိမ်နေသလို အနာဂတ် အလုပ်အကိုင် အာမခံချက်ကလည်း မရေမရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်မိုးစန္ဒာမြင့်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဒေါ်မိုးစန္ဒာမြင့် ။ ။ လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေး ဖြစ်နေပြီ။ စစ်အုပ်ချုပ်ရေး စ ကြေညာတဲ့ မတ်လ ၁၄ ရက်နေ့ ညက စပြီးတော့ ၁၅၊ ၁၆ မှာ အလုပ်သမားတွေက ခွင့်ယူပြီးတော့ နေရပ် ပြန်သွားတာမျိုး ရှိတယ်။ စက်ရုံတွေ ပိတ်သွားတာမျိုး ရှိတယ်။ အခု မတ်လ အကုန်မှာ ပြန်လည်ပြီးတော့ အလုပ်ဖွင့်လာတဲ့ အခါမှာ တချို့ အလုပ်သမားတွေက ပြန်လာပြီးတော့ လုပ်ငန်းတွေ ပြန်ပြီးတော့ လည်ပတ်နေတာမျိုးတွေ ရှိပါတယ်။

သိင်္ဂ ီထိုက် ။ ။ အဓိက ဘယ်လို စက်ရုံတွေ ပြန်လည်ပတ်နေပါလဲရှင့်။

ဒေါ်မိုးစန္ဒာမြင့် ။ ။ အဓိက ကတော့ အထည်ချုပ် စက်ရုံတွေ တော်တော်များများ ပြန်လည်ပတ်တာကို တွေ့ရပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ ဝယ်လက် ကတော့ ဆက်ရှိနေတာပေါ့။ သူတို့ကတော့ ဆက် အလုပ်ဖြစ်နေတာပေါ့။ ဘယ်လို ပုံစံမျိုးလို့ သုံးသပ်ပါလဲ။

ဒေါ်မိုးစန္ဒာမြင့် ။ ။ ကျမတို့ လက်ရှိ သိတဲ့ အခြေအနေ အရကျတော့ တချို့ စက်ရုံတွေက ရှိပြီးသား အမှာတွေကို ဖြတ်နေတာပါ။ အမှာတွေကို အပြီးသတ် ဖြတ်ပြီးတော့ ချုပ်နေတာမျိုးတွေ တွေ့ရတယ်။ တချို့ကလည်း အမှာ မရှိတော့တာတွေ တွေ့ရတယ်။ တချို့ကတော့ ရှိတာလေးကို ပြတ်အောင် ချုပ်ပေးဖို့ လိုတယ်။ နောက် အမှာတွေ မရှိတော့ဘူး စက်ရုံတော့ ပိတ်ဖို့ အခြေအနေ ရှိတယ်ဆိုတာမျိုးတွေလည်း ကျမတို့ ကြားရတယ်။ လုံးဝကြီး အမှာတွေ ကောင်းပြီး ချုပ်နေရတယ်ဆိုတဲ့ စက်ရုံမျိုး ကျမတို့ မတွေ့ရဘူးပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ လက်ရှိ အလုပ်သမားတွေရဲ့ အလုပ်အကိုင် အာမခံချက်ကို မမိုးစန္ဒာမြင့်တို့ ဘယ်လိုများ သုံးသပ်ပါလဲရှင့်။

ဒေါ်မိုးစန္ဒာမြင့် ။ ။ ဒီအခြေအနေကတော့ ဘာမှ လုပ်လို့ မရတဲ့ အခြေအနေလို့ဘဲ ပြောရမှာပေါ့။ ဥပဒေတွေ ရှိတော့ရော လိုက်နာခြင်း မလိုက်နာခြင်းက သူတို့ အပေါ်မှာဘဲ မူတည်နေတာလေ။ ဥပမာ ပြောရရင် အလုပ်သမားတွေမှာ ဥပဒေပါ ခွင့်ရက်တွေ ရှိတယ်။ အဲဒီ ခွင့်ရက်တွေကို ယူပြီးတော့ သူတို့က လုံခြုံရေး စိုးရိမ်ချက်ကြောင့် နားချင်ရင်တောင်မှ အလုပ်ရှင်က မပေးဘူး။ မပေးရင် ဘာမှ လုပ်လို့ မရဘူး။ အလုပ်မလာရင် ဖြုတ်မယ်ဆိုတဲ့ အရာမျိုးပေါ့။ ဒါကတော့ အနီးစပ်ဆုံး အခြေအနေပေါ့။

တကယ်လို့ အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့် အတိုင်း ယူမယ်ဆိုရင်လည်း သူတို့ အလုပ်ရှင်က မပေးတဲ့ အခြေအနေမျိုး။ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ မူတည်ပြီးတော့ အခွင့်အရေးကို ရတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီးတော့ အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ အခြေအနေမျိုးတွေမှာက ပြောရမယ်ဆိုရင် အလုပ်သမားတွေကို လက်ရှိ အခြေအနေမှာ ဘယ်အရာမှ အကာအကွယ် မပေးနိုင်တဲ့ အခြေအနေမျိုးဘဲ မြင်တယ်။

ဒါကြောင့် ကျမတို့ အလုပ်သမားတွေက အမြဲတမ်း ဖိနှိပ်ခံ အခြေအနေမျိုးနဲ့ အစဉ်အဆက် နေလာရတယ်။ အဲတော့ အခုလို အခြေအနေမျိုးက ပိုဆိုးတဲ့ အခြေအနေမျိုးကို ကျမတို့ အလုပ်သမားတွေက တကယ်ကို ရင်ဆိုင်နေရတယ်။ အဲဒီတော့ အလုပ်သမားတွေ အတွက် အကာအကွယ်ပေးနိုင်မယ့် အခြေအနေမျိုးတွေက ဘာမှ လက်ရှိမှာ မတွေ့သေးဘူးပေါ့နော်။ အဲတော့ အလုပ်သမားတွေကတော့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ခါးစည်းပြီး ခံရမယ့် အခြေအနေမျိုးတွေဘဲ ကျမတို့က မြင်နေရတော့မှာပေါ့။

သိင်္ဂ ီထိုက် ။ ။ လှိုင်သာယာ၊ ရွှေပြည်သာမှာ စက်ရုံတွေ မီးလောင်နေတဲ့ အပေါ်မှာရော သမဂ္ဂ အဖွဲ့တွေ၊ မမိုးစန္ဒာမြင့်တို့လို အလုပ်သမားရေး ဆောင်ရွက်နေသူတွေ ဘက်က ဘာများ ပြောလို့ ရပါလဲ။ ဘာတွေ ဖြစ်နေတာပါလဲ။

ဒေါ်မိုးစန္ဒာမြင့် ။ ။ လှိုင်သာယာ ဖြိုခွင်းပြီး နောက်မှာတော့ လှိုင်သာယာ၊ ရွှေပြည်သာမှာ စက်ရုံ မီးလောင်တဲ့ သတင်းပိုစ့်တွေတော့ တွေ့ရတယ်။ မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ လောင်နေတာဘဲ တွေ့ရ မြင်ရတဲ့ အခြေအနေပေါ့။ ဒီမီးလောင်မှုက ဘာကြောင့် ဖြစ်တည်လာတယ်၊ ဘယ်သူက စပြီးတော့ ဖြစ်တည်လာသလဲ ဆိုတာကတော့ ကျမတို့ အသေးစိတ် မသိရဘူးပေါ့။

သိင်္ဂ ီထိုက် ။ ။ အလုပ်သမားတွေ အနေနဲ့ တချို့တဝက် ပြန်လာကြတယ်။ အလုပ်အကိုင် ဆုံးရှုံးမယ့် အရေး စိုးရိမ်ချက်လည်း ပါနိုင်တာပေါ့နော်။ ပြန်လာပြီးတော့ အလုပ်လုပ်ကြတယ် ဆိုတော့ သူတို့ လုံခြုံရေး စိုးရိမ်ချက်ရော ရှိပါသလား။ သူတို့ လက်ရှိ ဘယ်လို ခံစားနေရပါလဲ။

ဒေါ်မိုးစန္ဒာမြင့် ။ ။ လက်ရှိ လှိုင်သာယာမှာ နေနေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အဖို့ကလည်း ပုံမှန် ဝင်ငွေ ရှိမှ သူတို့ နေရေး စားရေးက ရေရှည် ရပ်တည်နိုင်မယ်။ မိသားစု ရပ်တည်နိုင်မယ့် အခြေအနေ ရှိတာကိုး။ အလုပ်အကိုင်နဲ့ ပတ်သက်ရင်လည်း အလုပ်က ရဖို့ မလွယ်တဲ့ အခြေအနေမှာ လက်ရှိ အလုပ် တည်မြဲဖို့ အတွက်ကို အကြောက်အရွံ့တွေ ကြားထဲက အခက်အခဲတွေ ကြားထဲက ပြန်ဆင်းနေတာတွေ တွေ့ရတယ်။ ဒါပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် လုပ်ငန်းခွင် ဆင်းနေတာမျိုး မတွေ့ရဘူး။ အန္တရာယ်တွေ ကြားထဲက၊ အခက်အခဲတွေ ကြားထဲက စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေနဲ့ လုပ်ငန်းခွင် သွားနေတဲ့ အခြေအနေမျိုးတွေ ကျမတို့ တွေ့ရတယ်ပေါ့နော်။

ကျမတို့ သိရတာက လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဖယ်ရီ ကားတွေနဲ့ အလုပ်သမားတွေကို ခေါ်တယ်။ ဖယ်ရီကားတွေနဲ့ အပို့အကြို လုပ်ပေးတယ်။ နောက် တခုက ဒီ စက်ရုံက အလုပ်သမားမှန်း သိအောင်လို့ စက်ရုံ ယူနီဖောင်း ဝတ်စေတာမျိုး ကျမတို့ တွေ့ရတယ်။

သိင်္ဂ ီထိုက် ။ ။ အလုပ်သမားတွေ အနေနဲ့ လှိုင်သာယာထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရော ရှိပါသလားရှင့်။

ဒေါ်မိုးစန္ဒာမြင့် ။ ။ လွတ်လွတ်လပ်လပ် သွားလာခွင့်တော့ မရှိဘူး။ လှိုင်သာယာ မှာက သွားနေတဲ့ လမ်းတွေမှာ ဆိုင်ကယ်နဲ့ သွားတယ်ဆိုရင် ဆိုင်ကယ် နောက်ဖုံးကို ဖွင့်ပြီး စစ်တာမျိုး၊ စက်ဘီးနဲ့ သွားတယ်ဆိုရင်လည်း သူတို့ မသကာၤတဲ့ လူဆိုရင် ကျောပိုးအိတ်တို့ ဘာတို့ ပါမယ်ဆိုရင် ဖွင့်ပြီးတော့ စစ်တာမျိုး အဲလို အစစ်အဆေးတွေ လုပ်နေတဲ့ အတွက် အလုပ်သမားတွေက လုပ်ငန်းခွင်နဲ့ အလုပ်ကိုဘဲ ပုံမှန်သွားရတယ်။ အရင်လို လွတ်လွတ်လပ်လပ် သွားလာခွင့်ကတော့ အရင်လို မရှိဘူး။ သွားလာဖို့လည်း မရဲဘူးလို့ ကျမတို့ သိရပါတယ်။

XS
SM
MD
LG