သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံပြောဆိုခဲ့သူတွေရဲ့ လုံခြုံရေး စိုးရိမ်ကြောင်း ကုလကိုယ်စားလှယ် ထုတ်ပြန်


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အဆုံးသတ်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သူတွေ့ဆုံခဲ့သူတွေအပေါ် လက်တုံ့ပြန်အရေးယူခံရမှာ စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။

သူတွေ့ဆုံ စကားပြောခဲ့တဲ့သူတွေထဲက အစိုးရကို ဝေဖန်သူတွေ၊ တခြားသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ကြိုးပမ်းနေသူတွေ၊ အာဏာပိုင်တွေနဲ့ ကွဲလွဲတဲ့ သဘောထား အမြင်တွေကို ပြောဆိုသူတွေအတွက် စိုးရိမ်မိကြောင်းနဲ့ ဆက်သွယ်ရေးဥပဒေ ၆၆ ဃ နဲ့ အရေးယူဖို့ ကြိုးပမ်းမှုတွေ တိုးလာနေတာကိုလည်း ကုလသမဂ္ဂရုံးချုပ်ရှိရာ ဂျနီဗာမြို့မှာ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ခရီးစဉ်အတွင်း သွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ပြန်စနေတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ရခိုင်ပြည်နယ်က အခြေအနေတွေကို ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နေသလို၊ ရေရှည်ပြေလည်မှု ရစေဖို့ ကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။

သူ့ခရီးစဉ်အတွင်း လုံခြုံရေးကြောင့် အကန့်အသတ်နဲ့သာ သွားခွင့်ရခဲ့တဲ့ ကချင်ပြည်နယ်မှာလည်း အခြေအနေတွေ အရင်ထက် ပိုဆိုးလာနေတာကို ထောက်ပြခဲ့တာပါ။ အလုပ်ကြမ်း စခန်းတွေ အပါအဝင်၊ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ တိုင်ကြားနိုင်တဲ့ စနစ်မရှိသလို၊ သူနဲ့တွေ့ဆုံ စကားပြောခဲ့တဲ့ အကျဉ်းသားတွေက နောက်ဆက်တွဲ တခုခုဖြစ်မှာကို စိုးရိမ်ကြတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တစောင်ကို ရှေ့လာမယ့် မတ်လထဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG