သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ကိုယ်စားလှယ်နဲ့ လွှတ်တော်အကြီးအကဲများတွေ့ဆုံ


မြန်မာနိုင်ငံကို ၁၂ ရက်တာ ခရီးစဉ်နဲ့ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒိကနေ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ၊ လွှတ်တော် ဥက္ကဌဟောင်း သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံပါတယ်။

ဒါ့အပြင် လွှတ်တော် ဥပဒေမူကြမ်းကော်မတီနဲ့လည်း တွေ့ဆုံပြီး ကော်မတီက လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတယ်လို့ ပြည်သူ့လွတ်တော် ဥပဒေမူကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။ Ms. YangHee Lee ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဖို့ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ထားပေမယ့် အဲဒီ သတင်း မဟုတ်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

မနေ့တုန်းကတော့ မစ္စယန်ဟီးလီဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေတို့နဲ့ သီခြားစီ တွေ့ဆုံ ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်တဲ့ ကုလအထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ ခရီးစဉ်အဆုံးသတ် ပြန်မထွက်ခင် မနက်ဖြန် ရန်ကုန်မြိုမှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိပါတယ်။

ကုလ ကိုယ်စားလှယ်နဲ့ လွှတ်တော်အကြီးအကဲများတွေ့ဆုံ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG