သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရိေခၚဒါရ္ၿမိဳ႕နဲ႔ မတူပီၿမိဳ႕ ဖမ္းဆီးခံရသူတခ်ိဳ႕ ျပန္လြတ္ေျမာက္


ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ Rihkhawdar ၿမိဳ႕ (Credit: MIMU)

[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ဘက္မွာ စစ္ေကာင္စီတပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈစစ္ဆင္ေရးအတြင္း ေဒသခံကာကြယ္ေရးတပ္လို႔ သကၤာမကင္းျဖစ္သူေတြကို ဖမ္းဆီးေနၿပီး အဲဒီအထဲကတခ်ိဳ႕ကေတာ့ ျပန္လြတ္ေျမာက္လာပါတယ္။ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕နဲ႔ မတူပီၿမိဳ႕နယ္တြင္း စစ္ေကာင္စီတပ္က ဖမ္းဆီးထားတဲ့သူေတြထဲက တခ်ိဳ႕ျပန္လည္လႊတ္ေပးခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႔ တာဝန္ရွိသူေတြနဲ႔ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕ တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ကေနဖမ္းဆီးသြားတဲ့ ေဒသခံျပည္ သူ (၄) ဦးအနက္ (၂) ဦးကေတာ့ မတ္လ (၂၉) ရက္မွာျပန္လြတ္လာၿပီလို႔ ခ်င္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ Chin National Organisation ျပန္ၾကားေရးတာဝန္ခံကေျပာပါတယ္။

“တိုက္ပြဲျဖစ္တဲ့မနက္က အဖမ္းခံရတာ။ (၄) ေယာက္အဖမ္းခံရတယ္။ အဲဒီအထဲမွာ (၂) ေယာက္ေတာ့ ျပန္လြတ္လာၿပီး (၂) ေယာက္ကေတာ့ မလြတ္ေသးဘူး။ စစ္ေဆးေမးျမန္းတုန္းပဲ တူပါတယ္။ ဒီအတိုင္းပဲ ျပန္လႊတ္ေပးခဲ့တယ္ဗ်။ သူတို႔က။”

ၿပီးခဲ့တဲ့မတ္လ (၂၆) ရက္ေန႔တုန္းက ရိေခၚဒါရ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းအမ်ိဳးသားကာကြယ္ေရး CNDF အဖြဲ႔တို႔ တိုက္ပြဲျဖစ္ခဲ့ၾကၿပီး ေဒသခံျပည္သူ (၄) ဦး အဖမ္းခံခဲ့ရတာပါ။

“ဒီ (၂၆) ရက္ေန႔မနက္က က်ေနာ္တို႔ရဲ႕အဝင္အထြက္တံတားေပၚမွာ အလံထူလႊင့္လိုက္တာကို သူတို႔ မေက်နပ္လို႔ အေပၚဘက္က ဖိအားေပးၿပီးေတာ့ တိုက္ခိုင္းတဲ့ပုံစံမ်ိဳးျဖစ္ေနတယ္။ အလစ္ငိုက္ထိုးစစ္က မနက္ (၅) နာရီခြဲေလာက္ၿပီး အရပ္ဝတ္ေတြနဲ႔လာပစ္ၾကေတာ့ က်ေနာ္တို႔လည္း လုံၿခဳံေရးဘက္မွာ အားနည္းသြားေတာ့ အဖမ္းခံရတာ။ ေဒသခံျပည္သူေတြဗ်။”

မတ္လ (၂၅) ရက္ေန႔မွာ ရိေခၚဒါရ္ၿမိဳ႕ရဲ႕ အိႏၵိယနယ္စပ္ျဖတ္ကူးတဲ့တံတားေပၚမွာ စစ္ေကာင္စီအသုံးျပဳေနတဲ့အလံအစား ခ်င္းအမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕CNDF ရဲ႕အလံကို လႊင့္ထူထားခဲ့ပါတယ္။

မတ္လ (၂၆) ရက္ေန႔ နံနက္လင္းအားႀကီးအခ်ိန္ နယ္စပ္ဂိတ္အနီး CNDF ယာယီတပ္စြဲထားတဲ့ေနရာကို စစ္ေကာင္စီတပ္က ဝင္ေရာက္ပစ္ခတ္ခဲ့လို႔ CNDF ဘက္က တဦး ဒဏ္ရာရရွိခဲ့တယ္လို႔ Chin National Organisation အဖြဲ႕ခ်ဳပ္ကေန သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ခ်င္းျပည္နယ္မတူပီၿမိဳ႕နဲ႔ (၅) မိုင္ခန႔္ေဝးတဲ့ ေဝတူး႐ြာမွာ ေဒသခံ႐ြာသားအပါဝင္ (၄) ဦးကို မတ္လ (၂၄) ရက္မွာ နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနတဲ့ စစ္ေကာင္စီတပ္ကေန ဖမ္းဆီးသြားခဲ့ပါတယ္။ အဲဒီဖမ္းဆီး႐ြာသား (၄) ဦးအနက္က (၂) ဦး ျပန္လြတ္လာၿပီလို႔ မတူပီၿမိဳ႕ခံတဦးက ေျပာပါတယ္။

“မေန႔ကလြတ္ပါၿပီ။ ေဝတူး႐ြာသားေတြ။ (၂) ေယာက္လြတ္တယ္။ (၂) ေယာက္က်န္ေသးတယ္။ အေျခအေန ဘယ္လို ျဖစ္လဲမသိေသးဘူး။”

ျပန္လည္လြတ္ေျမာက္လာသူ (၂) ဦးရဲ႕ မိသားစုေတြကို ဆက္သြယ္ေမးျမန္းခ်က္အရ ခ်ဳပ္ေႏွာင္ခံရစဥ္အတြင္း ႏွိပ္စက္ခံရတာမ်ိဳး မရွိဘူးလို႔ သူကဆိုပါတယ္။

မတ္လ (၂၄) ရက္ေန႔က အင္အား (၁၀၀) ေလာက္ရွိတဲ့ စစ္ေကာင္စီတပ္ကေန ေဝတူး႐ြာကို ဝင္ေရာက္ၿပီးေတာ့ သန္းေခါင္စာရင္း စစ္ေဆးတာ၊ လက္ကိုင္ဖုန္းစစ္ေဆးတာျပဳလုပ္ၿပီး ႐ြာသား (၄) ဦးကို ဖမ္းဆီးေခၚေဆာင္ သြားတာပါ။ ေထာက္ခံစာမပါမႈ၊ လက္နက္မႈ၊ ဖုန္းမွာအခ်က္ေပးစာေတြ႔ရွိမႈနဲ႔ပက္သက္ၿပီး အဖမ္းခံရတဲ့သူ (၄) ဦးကို မတူပီၿမိဳ႕ စစ္ဗ်ဴဟာ႐ုံးမွာ ဖမ္းဆီးထားရာကေန (၂) ဦးကို ျပန္လႊတ္ေပးခဲ့တာပါ။

ခ်င္းျပည္နယ္တြင္းမွာ စစ္ေကာင္စီက တပ္အင္အားျဖည့္တင္းလာတာနဲ႔အတူ နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ရင္း ႐ြာသားေတြကိုဖမ္းဆီးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ တာဝန္ရွိသူေတြကေန ေျပာပါတယ္။

ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ရဲ႕မွတ္တမ္းအရ စစ္တပ္ကေန အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္အတြင္း ဖမ္းဆီးခံ ရသူ (၉၀၀) ေက်ာ္ သတ္ျဖတ္ခံရသူ (၂၀၀) ေက်ာ္ရွိတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဇာအုတ္ကလင္က ေျပာပါတယ္။

စစ္ေကာင္စီကေန ဖမ္းဆီး သတ္ျဖတ္ခံရတဲ့သူေတြအထဲမွာအရပ္သားေတြပါဝင္သလို စစ္ေကာင္စီတပ္ကို ဆန႔္က်င္ေနတဲ့ CDF အဖြဲ႕ဝင္ေတြလည္း ပါေနတယ္လို႔ ခ်င္းအခြင့္အေရးအဖြဲ႔က မွတ္တမ္းျပဳစုထားပါတယ္။

#MyanmarArrest #MyanmarMilitary #ChinFighting #VOABurmese #CDF #ရိေခၚဒါရ္ #မတူပီ #စစ္ေကာင္စီတပ္ #ဗီြအိုေအ
===========

[[Unicode]]

ရိခေါ်ဒါရ်မြို့နဲ့ မတူပီမြို့ ဖမ်းဆီးခံရသူတချို့ ပြန်လွတ်မြောက်

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း ဒေသခံကာကွယ်ရေးတပ်လို့ သင်္ကာမကင်းဖြစ်သူတွေကို ဖမ်းဆီးနေပြီး အဲဒီအထဲကတချို့ကတော့ ပြန်လွတ်မြောက်လာပါတယ်။ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့နဲ့ မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သူတွေထဲက တချို့ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေဖမ်းဆီးသွားတဲ့ ဒေသခံပြည် သူ (၄) ဦးအနက် (၂) ဦးကတော့ မတ်လ (၂၉) ရက်မှာပြန်လွတ်လာပြီလို့ ချင်းအမျိုးသားအဖွဲ့ချုပ် Chin National Organisation ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့မနက်က အဖမ်းခံရတာ။ (၄) ယောက်အဖမ်းခံရတယ်။ အဲဒီအထဲမှာ (၂) ယောက်တော့ ပြန်လွတ်လာပြီး (၂) ယောက်ကတော့ မလွတ်သေးဘူး။ စစ်ဆေးမေးမြန်းတုန်းပဲ တူပါတယ်။ ဒီအတိုင်းပဲ ပြန်လွှတ်ပေးခဲ့တယ်ဗျ။ သူတို့က။”

ပြီးခဲ့တဲ့မတ်လ (၂၆) ရက်နေ့တုန်းက ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေး CNDF အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ကြပြီး ဒေသခံပြည်သူ (၄) ဦး အဖမ်းခံခဲ့ရတာပါ။

“ဒီ (၂၆) ရက်နေ့မနက်က ကျနော်တို့ရဲ့အဝင်အထွက်တံတားပေါ်မှာ အလံထူလွှင့်လိုက်တာကို သူတို့ မကျေနပ်လို့ အပေါ်ဘက်က ဖိအားပေးပြီးတော့ တိုက်ခိုင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ အလစ်ငိုက်ထိုးစစ်က မနက် (၅) နာရီခွဲလောက်ပြီး အရပ်ဝတ်တွေနဲ့လာပစ်ကြတော့ ကျနော်တို့လည်း လုံခြုံရေးဘက်မှာ အားနည်းသွားတော့ အဖမ်းခံရတာ။ ဒေသခံပြည်သူတွေဗျ။”

မတ်လ (၂၅) ရက်နေ့မှာ ရိခေါ်ဒါရ်မြို့ရဲ့ အိန္ဒိယနယ်စပ်ဖြတ်ကူးတဲ့တံတားပေါ်မှာ စစ်ကောင်စီအသုံးပြုနေတဲ့အလံအစား ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့CNDF ရဲ့အလံကို လွှင့်ထူထားခဲ့ပါတယ်။

မတ်လ (၂၆) ရက်နေ့ နံနက်လင်းအားကြီးအချိန် နယ်စပ်ဂိတ်အနီး CNDF ယာယီတပ်စွဲထားတဲ့နေရာကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ CNDF ဘက်က တဦး ဒဏ်ရာရရှိခဲ့တယ်လို့ Chin National Organisation အဖွဲ့ချုပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မတူပီမြို့နဲ့ (၅) မိုင်ခန့်ဝေးတဲ့ ဝေတူးရွာမှာ ဒေသခံရွာသားအပါဝင် (၄) ဦးကို မတ်လ (၂၄) ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီဖမ်းဆီးရွာသား (၄) ဦးအနက်က (၂) ဦး ပြန်လွတ်လာပြီလို့ မတူပီမြို့ခံတဦးက ပြောပါတယ်။

“မနေ့ကလွတ်ပါပြီ။ ဝေတူးရွာသားတွေ။ (၂) ယောက်လွတ်တယ်။ (၂) ယောက်ကျန်သေးတယ်။ အခြေအနေ ဘယ်လို ဖြစ်လဲမသိသေးဘူး။”

ပြန်လည်လွတ်မြောက်လာသူ (၂) ဦးရဲ့ မိသားစုတွေကို ဆက်သွယ်မေးမြန်းချက်အရ ချုပ်နှောင်ခံရစဉ်အတွင်း နှိပ်စက်ခံရတာမျိုး မရှိဘူးလို့ သူကဆိုပါတယ်။

မတ်လ (၂၄) ရက်နေ့က အင်အား (၁၀၀) လောက်ရှိတဲ့ စစ်ကောင်စီတပ်ကနေ ဝေတူးရွာကို ဝင်ရောက်ပြီးတော့ သန်းခေါင်စာရင်း စစ်ဆေးတာ၊ လက်ကိုင်ဖုန်းစစ်ဆေးတာပြုလုပ်ပြီး ရွာသား (၄) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတာပါ။ ထောက်ခံစာမပါမှု၊ လက်နက်မှု၊ ဖုန်းမှာအချက်ပေးစာတွေ့ရှိမှုနဲ့ပက်သက်ပြီး အဖမ်းခံရတဲ့သူ (၄) ဦးကို မတူပီမြို့ စစ်ဗျူဟာရုံးမှာ ဖမ်းဆီးထားရာကနေ (၂) ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။

ချင်းပြည်နယ်တွင်းမှာ စစ်ကောင်စီက တပ်အင်အားဖြည့်တင်းလာတာနဲ့အတူ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း ရွာသားတွေကိုဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေကနေ ပြောပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့မှတ်တမ်းအရ စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း ဖမ်းဆီးခံ ရသူ (၉၀၀) ကျော် သတ်ဖြတ်ခံရသူ (၂၀၀) ကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဇာအုတ်ကလင်က ပြောပါတယ်။

စစ်ကောင်စီကနေ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့သူတွေအထဲမှာအရပ်သားတွေပါဝင်သလို စစ်ကောင်စီတပ်ကို ဆန့်ကျင်နေတဲ့ CDF အဖွဲ့ဝင်တွေလည်း ပါနေတယ်လို့ ချင်းအခွင့်အရေးအဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။

#MyanmarArrest #MyanmarMilitary #ChinFighting #VOABurmese #CDF #ရိခေါ်ဒါရ် #မတူပီ #စစ်ကောင်စီတပ် #ဗွီအိုအေ
===========


XS
SM
MD
LG