{{Zawgyi/Unicode}}
ကမ္ဘောဒီးယားဝန်းကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်မယ့်အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ မက်ဆာချူးဆက်ပြည်နယ် Lowell မြို့မှာရှိတဲ့ ကမ္ဘောဒီးယား ကောင်စစ်ဝန်ရုံးရှေ့မှာ ပြီးခဲ့တဲ့စနေနေ့က အဝေးရောက်မြန်မာများကဆန္ဒပြခဲ့ကြပါတယ်။
အာစီယံအလှည့်ကျဥက္ကဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာအာဏာ သိမ်းစစ်ကောင်စီနဲ့တွေဆုံးဖို့ လာမယ့် ၂၀၂၂ ခုနှစ် ဇန္နဝါရီလမှာမြန်မာနိုင်ငံကိုသွားရောက် မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးဖြစ်နောက်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကိုဖြေရှင်းဖို့ အာစီယံက သဘောတူညီချက် ၅ ရပ်ချမှတ်ပြီးကြားဝင်ဆောင်ရွက်ပေးဖို့ကိစ္စကို မြန်မာအာဏာသိမ်းစစ် ကောင်စီကအပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်တဲ့အတွက် အာစီယံက မြန်စစ်စစ် ခေါင်းဆောင်တွေကို အာစီယံထိပ်သီးအစည်းဝေးတက်ဖို့ဖိတ်ကြားခြင်းမပြုဘဲ အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာစီယံဟာ ၁၀ နိုင်ငံနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ၉ နိုင်ငံမဟုတ်ကြောင်း၊ ဒါကြောင့်မြန်မာနိုင်ငံကိုပြန်ခေါ်ထည့်ပြီး ၁၀ နိုင်ပြန်ဖြစ်အောင်လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားတုံးဖြစ်ပြီး၊မြန်မာ နိုင်ငံကိစ္စဖြေရှင်းဖို့စစ်ကောင်စီနဲ့အလုပ်လုပ်ရမယ်လို့ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့တောင်းဆိုနေပြီး၊ အာဏာသိမ်းစစ် ကေင်စီကို တရားဝင်မှုရှိအောင်လုပ်တာမျိုးကိုရှောင်ရှားကြပါတယ်။
...................................
{{Unicode}}