သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပင္လုံစာခ်ဳပ္ကို ေဘးဖယ္ခ်င္တဲ့သေဘာ ေျပာဆိုမႈမ်ားရွိေနေၾကာင္း SNLD သတိေပး


၂၀၁၆ ခုႏွစ္က ရွမ္းျပည္နယ္ေန႔ စစ္ေရးျပအခမ္းအနားက်င္းပစဥ္။ (ေဖေဖၚဝါရီ ၇၊ ၂၀၁၆)

[[Zawgyi/Unicode}}

ဒီကေန႔က်ေရာက္တဲ့ (၇၅) ႏွစ္ေျမာက္ရွမ္းျပည္နယ္ေန႔မွာ ျပည္ေထာင္စုႀကီး ေပၚေပါက္ခဲ့ရတဲ့ ပင္လုံစာခ်ဳပ္ကို ေဘးဖယ္ထားခ်င္တဲ့သေဘာမ်ိဳး ႏိုင္ငံေရးေခါင္းေဆာင္တခ်ိဳ႕ေျပာဆိုလာၾကတာဟာ ျပည္ေထာင္စုႀကီးထဲကိုလာေရာက္ပူးေပါင္းတဲ့ တိုင္းရင္းသားေတြအတြက္ အထူးဝမ္းနည္းစရာေကာင္းတဲ့ျဖစ္ရပ္ျဖစ္ေၾကာင္း ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD က ေျပာပါတယ္။

ၿဗိတိန္နဲ႔ အေမရိကန္တို႔ေဆြးေႏြးသေဘာတူခဲ့တဲ့ “ အႏၲလန္တိတ္ခ်ာတာ”တိုင္းရင္းသားေတြဟာ ကိုလိုနီလက္ေအာက္ကေန ကိုယ့္ၾကမၼာကိုယ္ဖန္တီးၿပီး သီးျခားလြတ္လပ္ေရးရယူႏိုင္ေပမယ့္ ရွမ္းေခါင္းေဆာင္ေတြက စည္းလုံးညီၫႊတ္ေရးကိုဦးတည္ၿပီး ေတာင္တန္း-ျပည္မ ပူးေပါင္းၿပီး ပင္လုံစာခ်ဳပ္နဲ႔ လြတ္လပ္ေရးရယူႏိုင္ခဲ့တာကိုလည္း SNLD ဥကၠ႒ စိုင္းၫႊန႔္လြင္က ရွမ္းျပည္နယ္ေန႔မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ပင္လုံစာခ်ဳပ္ဟာ မျပည့္စုံဘူး၊ လူမ်ိဳးမစုံဘူး၊ အႏွစ္သာရမျပည့္စုံလို႔ အသုံးမဝင္ဘူးဆိုၿပီး လူသိမ်ားတဲ့ႏိုင္ငံေရးေခါင္းေဆာင္တေယာက္ေျပာၾကားခဲ့တာဟာ အေတာ္မွားယြင္းခဲ့တယ္လို႔လည္းေထာက္ျပပါတယ္။ ျပည္ေထာင္စုႀကီးတခုျဖစ္ေစ၊ ျပည္နယ္တခုျဖစ္ေစ တည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ပါတီတခု၊ လူတစု၊ ေခါင္းေဆာင္တဦးက လက္ဝါးႀကီးအုပ္ လုပ္ကိုင္လို႔မရဘဲ အျခားလူေတြ၊ပါတီေတြနဲ႔ ေဆြးႏြးတိုင္ပင္တည္ေဆာက္ဖို႔လိုတယ္လို႔လည္း တိုင္းရင္းသားပါတီႀကီးတခုျဖစ္တဲ့ SNLD ဥကၠ႒ စိုင္းၫႊန႔္လြင္က ဒီကေန႔က်ေရာက္တဲ့ ရွမ္းျပည္နယ္ေန႔မိန႔္ခြန္းမွာေထာက္ျပခဲ့တာပါ။

KIO ကခ်င္ေတာ္လွန္ေရးေန႔တုန္းကလည္း KIO ဥကၠ႒မိန႔္ခြန္းထဲမွာ ပင္လုံစာခ်ဳပ္ဟာ အႏွစ္ သာရမျပည့္စုံဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ တခ်ိန္ကေျပာခဲ့တာကို ျပန္ေထာက္ျပၿပီး တိုင္းရင္းသားေတြ ကိုယ္ဘာေတာင္းရမလဲဆိုတာထက္ ကိုယ္ဘာေပးႏိုင္မလဲဆိုတာကို စဥ္းစားပါဆိုၿပီး အာဏာရွင္ဆန္ဆန္ခ်ိဳးႏွိမ္ေျပာဆိုတာ ခံခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။

ရွမ္းတိုင္းရင္းသားေတြအပါအဝင္ ႏိုင္ငံထဲက တိုင္းရင္းသားေပါင္စုံတို႔ကေတာ့ ရွမ္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ အခ်င္းခ်င္းၾကားမွာေရာ အျခားတိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲေတြေၾကာင့္ အပစ္မဲ့ျပည္သူေတြ ထိခိုက္နစ္နာေနရတာပါ။ ကိုဗစ္ကပ္ေဘးေၾကာင့္ေရာ၊ စစ္အာဏာသိမ္းထားတဲ့အတြက္ေၾကာင့္ပါ ရွမ္းျပည္နယ္ေန႔ေတြ က်င္းပတာမ်ိဳးေတာ့မၾကားရပါဘူး။

တိုင္းရင္းသားေဒသေတြအပါအဝင္ ႏိုင္ငံေဒသအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြါထြက္ေျပးေနရသူ သိန္းခ်ီရွိေၾကာင္း ကုလသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================


[[Zawgyi/Unicode}}

ပင်လုံစာချုပ်ကို ဘေးဖယ်ချင်တဲ့သဘော ပြောဆိုမှုများရှိနေကြောင်း SNLD သတိပေး

ဒီကနေ့ကျရောက်တဲ့ (၇၅) နှစ်မြောက်ရှမ်းပြည်နယ်နေ့မှာ ပြည်ထောင်စုကြီး ပေါ်ပေါက်ခဲ့ရတဲ့ ပင်လုံစာချုပ်ကို ဘေးဖယ်ထားချင်တဲ့သဘောမျိုး နိုင်ငံရေးခေါင်းဆောင်တချို့ပြောဆိုလာကြတာဟာ ပြည်ထောင်စုကြီးထဲကိုလာရောက်ပူးပေါင်းတဲ့ တိုင်းရင်းသားတွေအတွက် အထူးဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြောပါတယ်။

ဗြိတိန်နဲ့ အမေရိကန်တို့ဆွေးနွေးသဘောတူခဲ့တဲ့ “ အန္တလန်တိတ်ချာတာ”တိုင်းရင်းသားတွေဟာ ကိုလိုနီလက်အောက်ကနေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး သီးခြားလွတ်လပ်ရေးရယူနိုင်ပေမယ့် ရှမ်းခေါင်းဆောင်တွေက စည်းလုံးညီညွှတ်ရေးကိုဦးတည်ပြီး တောင်တန်း-ပြည်မ ပူးပေါင်းပြီး ပင်လုံစာချုပ်နဲ့ လွတ်လပ်ရေးရယူနိုင်ခဲ့တာကိုလည်း SNLD ဥက္ကဋ္ဌ စိုင်းညွှန့်လွင်က ရှမ်းပြည်နယ်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ပင်လုံစာချုပ်ဟာ မပြည့်စုံဘူး၊ လူမျိုးမစုံဘူး၊ အနှစ်သာရမပြည့်စုံလို့ အသုံးမဝင်ဘူးဆိုပြီး လူသိများတဲ့နိုင်ငံရေးခေါင်းဆောင်တယောက်ပြောကြားခဲ့တာဟာ အတော်မှားယွင်းခဲ့တယ်လို့လည်းထောက်ပြပါတယ်။ ပြည်ထောင်စုကြီးတခုဖြစ်စေ၊ ပြည်နယ်တခုဖြစ်စေ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ပါတီတခု၊ လူတစု၊ ခေါင်းဆောင်တဦးက လက်ဝါးကြီးအုပ် လုပ်ကိုင်လို့မရဘဲ အခြားလူတွေ၊ပါတီတွေနဲ့ ဆွေးနွးတိုင်ပင်တည်ဆောက်ဖို့လိုတယ်လို့လည်း တိုင်းရင်းသားပါတီကြီးတခုဖြစ်တဲ့ SNLD ဥက္ကဋ္ဌ စိုင်းညွှန့်လွင်က ဒီကနေ့ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့မိန့်ခွန်းမှာထောက်ပြခဲ့တာပါ။

KIO ကချင်တော်လှန်ရေးနေ့တုန်းကလည်း KIO ဥက္ကဋ္ဌမိန့်ခွန်းထဲမှာ ပင်လုံစာချုပ်ဟာ အနှစ် သာရမပြည့်စုံဘူးလို့ ဒေါ်အောင်ဆန်းစုကြည် တချိန်ကပြောခဲ့တာကို ပြန်ထောက်ပြပြီး တိုင်းရင်းသားတွေ ကိုယ်ဘာတောင်းရမလဲဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားပါဆိုပြီး အာဏာရှင်ဆန်ဆန်ချိုးနှိမ်ပြောဆိုတာ ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားတွေအပါအဝင် နိုင်ငံထဲက တိုင်းရင်းသားပေါင်စုံတို့ကတော့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာရော အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် အပစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာနေရတာပါ။ ကိုဗစ်ကပ်ဘေးကြောင့်ရော၊ စစ်အာဏာသိမ်းထားတဲ့အတွက်ကြောင့်ပါ ရှမ်းပြည်နယ်နေ့တွေ ကျင်းပတာမျိုးတော့မကြားရပါဘူး။

တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံဒေသအတော်များများမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူ သိန်းချီရှိကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

=================

XS
SM
MD
LG