သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ စာနာမႈအကူေပးေရးအစီအစဥ္ အဆင္ေျပႏိုင္ေျခ အလားအလာ


ကရင္စစ္ေဘးေရွာင္ျပည္သူမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

အာဆီယံက ျမန္မာႏိုင္ငံက စစ္ေရွာင္အေရးကို ကူညီေျဖရွင္းေပးဖို႔ သူတို႔ စိတ္ဝင္ တစားရွိတယ္ဆိုတာ မၾကာေသးခင္က ကမ္းလွမ္းေျပာဆိုထားပါတယ္။ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္အလယ္ပိုင္းနဲ႔ ခ်င္း၊ ကရင္၊ ကခ်င္၊ ကယားဘက္မွာ စစ္ပြဲေတြရွိၿပီး ဒီလိုအာဆီယံရဲ႕ အကူအညီေတြအတြက္ အဟန႔္အတားျဖစ္ႏိုင္မလားဆိုတာ စိုးရိမ္မႈေတြရွိေနၾကပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို မအင္ၾကင္းႏုိင္က တင္ျပေပးထားပါတယ္။

ျမန္မာအလယ္ပိုင္းေဒသတခ်ိဳ႕အပါအဝင္ နယ္စပ္ေဒသေတြမွာ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ဆက္လက္ ရွိေနဆဲျဖစ္ပါတယ္။ တိုက္ပြဲေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ တရက္ထက္ တရက္ ျမင့္တက္လာေနတာလို႔ စစ္ေျပးေရွာင္အကူအညီေပးသူေတြက ေျပာပါတယ္။

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္မွာလည္း တိုက္ပြဲေၾကာင့္ စစ္ေျပးဒုကၡသည္ ၁,၀၀၀ ေက်ာ္ရွိေနပါတယ္။ ဒီဒုကၡသည္ေတြကို ပုေလာကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြက ကူညီေစာင့္ေရွာက္ထားၿပီး စားနပ္ရိကၡာနဲ႔ ေဆးဝါးအကူအညီေတြ လိုအပ္ေနေၾကာင္း ပုေလာကာကြယ္ေရးတပ္ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ပုေလာဘက္မွာက်ေတာ့ (စစ္ေရွာင္) ၁,၀၀၀ ေက်ာ္သြားၿပီ။ ဘယ္႐ြာေတြလဲဆိုေတာ့ အခုလတ္တေလာအေျခအေနမွာ ေက်ာင္းနိမ့္ရယ္၊ ေနာက္ၿပီးေတာ့ ပုလဲေတာင္။ ေနာက္ၿပီး ကသဲတို႔ အဲ့ဒီဘက္ကေန လာေရွာင္ၾကတာေပါ့။ ေနာက္ၿပီးေတာ့ ပုေလာကုန္းတို႔ အဲ့႐ြာေပါ့။ တိုက္ပြဲျဖစ္တဲ့ ေနရာေတြ ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ အဲ့ဒီက ျပည္သူလူထုေတြက မေနရဲဘူး၊ မေနရဲဘဲနဲ႔ အထဲဝင္လာၾကတာေပါ့။ အခု သူတို႔အတြက္ လိုအပ္တာေတာ့ ေဆးဝါနဲ႔ ရိကၡာေပါ့ေနာ္။”

အလာတူ ခ်င္းျပည္နယ္ ကန္ပတ္လက္ၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ မေကြးတိုင္း ေဆာၿမိဳ႕နယ္ဘက္ကို လနဲ႔ခ်ီၾကာေအာင္တိမ္းေရွာင္လာတဲ့ ကန္ပတ္လက္စစ္ေျပးေရွာင္ ေဒသခံေတြ ရာဂဏန္းေလာက္ရွိပါတယ္။ စစ္ေျပးဒုကၡသည္ေတြၾကား ဖ်ားနာေနၾကတဲ့အျပင္ စားေရးေသာက္ေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့အေၾကာင္း စစ္ေျပးေရွာင္တဦးက ေျပာပါတယ္။

“အခုအခ်ိန္ဆိုလို႔ရွိရင္ေတာ့ တေယာက္ၿပီးတေယာက္ေပါ့။ ကူးစက္ေရာဂါလိုမ်ိဳးေပါ့ ဖ်ားနာတာေတြက ရွိေနတယ္။ အဆင္မေျပဘူးေပါ့။ အရင္ေနရာမွာပဲ ရွိေသးတယ္။ မျပန္ႏိုင္ၾကေသးဘူး ဟုတ္။ ျပန္ဖို႔ဆိုလို႔ကေတာ့ ခဏခဏ က်ေနာ္တို႔ ေနတဲ့ ကန္ပတ္လက္မွာလည္း ပစ္ေနၾကတာနဲ႔ေတာ့ ျပန္လို႔မရေသးလို႔။ အရင္ေနတဲ့ ေနရာမွာ ရိကၡာပိုင္းကအစ ၿပီးလို႔ရွိရင္ က်န္းမာေရးကအစ အဆင္ေျပဘူး။”

လက္ရွိအေျခအေနမွာ ကရင္၊ ကခ်င္၊ ကယား ခ်င္း စတဲ့ တိုင္းနဲ႔ ျပည္နယ္အေတာ္မ်ားမ်ားမွာ စစ္ပြဲေတြရွိၿပီး လက္ရွိအေျခအေနနဲ႔ အာဆီယံက ေပးမယ့္ အကူအညီေတြအတြက္ အဟန႔္အတားတခုျဖစ္ေစတယ္လို႔ ကရင္လူ႔အခြင့္အေရးအဖြဲ႕ က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက ေျပာပါတယ္။

“လက္ရွိ အေျခအေနမွာက်ေတာ့ ဆက္လက္ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အာဆီယံမွာမွမဟုတ္ပါဘူး။ ဒီအကူအညီေထာက္ပံ့ေပးေနတဲ့ အစုအဖြဲ႔ မွန္သမွ် က်ေတာ့ အခက္အခဲေတြ အမ်ားႀကီးရွိတာေပ့ါ။ ဘာလို႔လဲဆိုလို႔ရွိရင္ လုံၿခဳံေရးမရွိေတာ့တဲ့ ဒီေဒသအတြင္းမွာဆိုလို႔ရွိရင္ လူသားခ်င္းစာနာေထာက္ထားမႈကို ေပးပို႔ဖို႔အတြက္ ဒါ အမ်ားႀကီးအခက္အခဲရွိတာေပါ့ေနာ္။ အခ်ိန္နဲ႔တေျပးညီ သယ္ယူပို႔ေဆာင္လို႔ မရဘူးေပါေနာ္။ ဒါေၾကာင့္မို႔လို႔ ဒီလိုမ်ိဳးဆက္လက္ျဖစ္ပြားေနတဲ့ တိုက္ ပြဲေတြဟာဆိုလို႔ရွိရင္ အထူးသျဖင့္ စစ္ေျပးေရွာင္ေတြအတြက္ ဒီလူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီနဲ႔ စုေပးဖို႔ ဒါ ႀကီးမားတဲ့အဟန႔္အတားတခုကို ျဖစ္ေစတယ္ေပါ့။”

ခ်င္းျပည္နယ္ CDF ကန္ပတ္လက္ တာဝန္ရွိသူတဦးကေတာ့ စစ္ေျပးဒုကၡသည္ေတြအတြက္ အကူအညီေတြေရာက္လာမယ္ဆိုရင္ လုံၿခဳံေရးအတြက္ အကူအညီေပးသြားမယ္လို႔ ဗြီအိုေအကို အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ခ်င္းျပည္နယ္ထဲမွာ တကယ္လို႔ အဲ့လိုမ်ိဳးအကူအညီေပးႏိုင္မယ့္ အဖြဲ႔ အစည္းေတြ ေရာက္လာလို႔ရွိရင္ေတာ့ လုံၿခဳံေရးကေတာ့ က်ေနာ္တို႔ ဒီ CDF ကာ ကြယ္ေရးတပ္ဖြဲ႕ကေပါ့ေနာ္ အျပည့္အဝ တာဝန္ယူၿပီးခါမွ အဲ့ဒီစစ္ေဘးေရွာင္ေတြ ရွိတဲ့ေနရာေတြကို လိုက္ျပလိုက္ပို႔လို႔ရပါတယ္ခင္ဗ် ဟုတ္ကဲ့။”

ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ထဲက လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြ ေပးခြင့္ျပဳဖို႔ စစ္ေကာင္စီဘက္ကလည္း တစုံတရာသေဘာတူထားပါတယ္။ ျမန္မာႏိုင္ငံ လူသားခ်င္းစာနာကူညီမႈအေထာက္အပံ့ေပးေရး အာဆီယံညႇိႏိႈင္းေဆြးေႏြးပြဲမွာလည္း ျမန္မာစစ္ေကာင္စီဘက္က ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္တက္ေရာက္သလို ဒါဟာ ဒုတိယအဆင့္ ေဆြးေႏြးမႈျဖစ္တယ္လို႔ဆိုထားပါတယ္။ ဒီအတြက္ အကူအညီေပးေရး အေသးစိတ္အေျခအေနေတြ ဆက္ေဆြးေႏြးရဦးမွာျဖစ္ပါတယ္။

အာဆီယံရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို ေပးအပ္ႏိုင္ေရး အစီအစီနဲ႔ ပူးတြဲကာကြယ္ေဆးထိုးႏွံေပးေရးမူေဘာင္ေတြအတြက္ အေထာက္အကူျဖစ္ေစမယ့္ နည္းလမ္းေတြ ညႇိႏႈိင္း ေဆြးေႏြးေနေၾကာင္း စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မေန႔က ထုတ္ျပန္ထားပါတယ္။

အာဆီယံက ေပးမယ့္ အကူအညီေတြကို စစ္ေကာင္စီကသာ စီမံဆုံးျဖတ္မယ္ဆိုရင္ တကယ္လိုအပ္ေနတဲ့သူေတြဆီ အကူအညီေတြ မေရာက္ႏိုင္ဘူးလို႔ ကရင္လူ႔ အခြင့္အေရး ကရင္လူ႔အခြင့္အေရးအဖြဲ႕ က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးက ဆက္ေျပာပါတယ္။

“စစ္ေကာင္စီေတြကို အသိအမွတ္မျပဳဖို႔နဲ႔ သူတို႔နဲ႔ ပူးေပါင္းလုပ္ေဆာင္မႈမျပဳဖို႔ ဒါ က်ေနာ္တို႔ အၿမဲတမ္းေတာင္းဆိုေနတာေပါ့ေနာ္။ ဘာလို႔လဲဆိုလို႔ရွိရင္ စစ္ေကာင္စီသည္သာလွ်င္ သူတို႔က ဒီလူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြကို ကန႔္သတ္ပိတ္ပင္တဲ့အဖြဲ႔ ျဖစ္တယ္ေနာ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို က်ဴးလြန္ေနတဲ့ အဖြဲ႕ျဖစ္တယ္။ အဲ့ဒါေၾကာင့္မို႔ သူတို႔နဲ႔ေတာ့ ပူးေပါင္းေဆာင္႐ြက္မႈ မလုပ္ဖို႔ က်ေနာ္တို႔က ခိုင္ခိုင္မာမာေတာင္းဆိုထားတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္မို႔လို႔ တကယ္လို႔ သူတို႔ကေနတဆင့္ ဒီလူသားခ်င္းစာနာေထာက္ထားမႈ အကူအညီလုပ္ငန္းေတြကို ပူးတြဲလုပ္ေဆာင္တယ္ဆိုလို႔ရွိရင္ေတာ့ လိုအပ္ေနတဲ့ ဒီျပည္သူလူထုဆီေရာက္ရွိႏိုင္မယ္လို႔ က်ေနာ္တို႔ကေတာ့ မယုံၾကည္ဘူးခင္ဗ်။”

အာဆီယံေတြအေနနဲ႔ လူသားခ်င္စာနာေထာက္ထားမႈ အကူအညီေပးေရး လုပ္ေဆာင္တဲ့ေနရာ ျမန္မာႏိုင္ငံ NGO အဖြဲ႕အစည္းေတြနဲ႔ ေျမျပင္မွာ လုပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းေတြနဲ႔ လက္တြဲလုပ္ေဆာင္ၿပီး တကယ့္အကူအညီလိုအပ္ေနတဲ့ သူေတြဆီ ထိထိေရာက္ေရာက္ အကူအညီေပးဖို႔အတြက္ စစ္ေျပးေရွာင္ကူညီေပးသူေတြက တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ပဋိပကၡနဲ႔ လုံၿခဳံေဘးကင္းမႈမရွိတဲ့ အေျခအေနေတြေၾကာင့္ တႏိုင္ငံလုံးအတိုင္းအတာအရ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ကေန ယခုႏွစ္ ေမလ ၂ ရက္ေန႔အထိ ၉၃၆,၇၀၀ ဦး ရွိတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာေပါင္းစပ္ညႇိႏႈိင္းေရး႐ုံး (OCHA)က မေန႔က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

အာဆီယံစာနာမှုအကူပေးရေးအစီအစဉ် အဆင်ပြေနိုင်ခြေ အလားအလာ

အာဆီယံက မြန်မာနိုင်ငံက စစ်ရှောင်အရေးကို ကူညီဖြေရှင်းပေးဖို့ သူတို့ စိတ်ဝင် တစားရှိတယ်ဆိုတာ မကြာသေးခင်က ကမ်းလှမ်းပြောဆိုထားပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်အလယ်ပိုင်းနဲ့ ချင်း၊ ကရင်၊ ကချင်၊ ကယားဘက်မှာ စစ်ပွဲတွေရှိပြီး ဒီလိုအာဆီယံရဲ့ အကူအညီတွေအတွက် အဟန့်အတားဖြစ်နိုင်မလားဆိုတာ စိုးရိမ်မှုတွေရှိနေကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာအလယ်ပိုင်းဒေသတချို့အပါအဝင် နယ်စပ်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တရက်ထက် တရက် မြင့်တက်လာနေတာလို့ စစ်ပြေးရှောင်အကူအညီပေးသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော်ရှိနေပါတယ်။ ဒီဒုက္ခသည်တွေကို ပုလောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကူညီစောင့်ရှောက်ထားပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ပုလောကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပုလောဘက်မှာကျတော့ (စစ်ရှောင်) ၁,၀၀၀ ကျော်သွားပြီ။ ဘယ်ရွာတွေလဲဆိုတော့ အခုလတ်တလောအခြေအနေမှာ ကျောင်းနိမ့်ရယ်၊ နောက်ပြီးတော့ ပုလဲတောင်။ နောက်ပြီး ကသဲတို့ အဲ့ဒီဘက်ကနေ လာရှောင်ကြတာပေါ့။ နောက်ပြီးတော့ ပုလောကုန်းတို့ အဲ့ရွာပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာတွေ တော်တော်များများပေါ့နော်။ အဲ့ဒီက ပြည်သူလူထုတွေက မနေရဲဘူး၊ မနေရဲဘဲနဲ့ အထဲဝင်လာကြတာပေါ့။ အခု သူတို့အတွက် လိုအပ်တာတော့ ဆေးဝါနဲ့ ရိက္ခာပေါ့နော်။”

အလာတူ ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို လနဲ့ချီကြာအောင်တိမ်းရှောင်လာတဲ့ ကန်ပတ်လက်စစ်ပြေးရှောင် ဒေသခံတွေ ရာဂဏန်းလောက်ရှိပါတယ်။ စစ်ပြေးဒုက္ခသည်တွေကြား ဖျားနာနေကြတဲ့အပြင် စားရေးသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း စစ်ပြေးရှောင်တဦးက ပြောပါတယ်။

“အခုအချိန်ဆိုလို့ရှိရင်တော့ တယောက်ပြီးတယောက်ပေါ့။ ကူးစက်ရောဂါလိုမျိုးပေါ့ ဖျားနာတာတွေက ရှိနေတယ်။ အဆင်မပြေဘူးပေါ့။ အရင်နေရာမှာပဲ ရှိသေးတယ်။ မပြန်နိုင်ကြသေးဘူး ဟုတ်။ ပြန်ဖို့ဆိုလို့ကတော့ ခဏခဏ ကျနော်တို့ နေတဲ့ ကန်ပတ်လက်မှာလည်း ပစ်နေကြတာနဲ့တော့ ပြန်လို့မရသေးလို့။ အရင်နေတဲ့ နေရာမှာ ရိက္ခာပိုင်းကအစ ပြီးလို့ရှိရင် ကျန်းမာရေးကအစ အဆင်ပြေဘူး။”

လက်ရှိအခြေအနေမှာ ကရင်၊ ကချင်၊ ကယား ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်အတော်များများမှာ စစ်ပွဲတွေရှိပြီး လက်ရှိအခြေအနေနဲ့ အာဆီယံက ပေးမယ့် အကူအညီတွေအတွက် အဟန့်အတားတခုဖြစ်စေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

“လက်ရှိ အခြေအနေမှာကျတော့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အာဆီယံမှာမှမဟုတ်ပါဘူး။ ဒီအကူအညီထောက်ပံ့ပေးနေတဲ့ အစုအဖွဲ့ မှန်သမျှ ကျတော့ အခက်အခဲတွေ အများကြီးရှိတာပေ့ါ။ ဘာလို့လဲဆိုလို့ရှိရင် လုံခြုံရေးမရှိတော့တဲ့ ဒီဒေသအတွင်းမှာဆိုလို့ရှိရင် လူသားချင်းစာနာထောက်ထားမှုကို ပေးပို့ဖို့အတွက် ဒါ အများကြီးအခက်အခဲရှိတာပေါ့နော်။ အချိန်နဲ့တပြေးညီ သယ်ယူပို့ဆောင်လို့ မရဘူးပေါနော်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးဆက်လက်ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေဟာဆိုလို့ရှိရင် အထူးသဖြင့် စစ်ပြေးရှောင်တွေအတွက် ဒီလူသားချင်းစာနာ ထောက်ထားမှုအကူအညီနဲ့ စုပေးဖို့ ဒါ ကြီးမားတဲ့အဟန့်အတားတခုကို ဖြစ်စေတယ်ပေါ့။”

ချင်းပြည်နယ် CDF ကန်ပတ်လက် တာဝန်ရှိသူတဦးကတော့ စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီတွေရောက်လာမယ်ဆိုရင် လုံခြုံရေးအတွက် အကူအညီပေးသွားမယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ချင်းပြည်နယ်ထဲမှာ တကယ်လို့ အဲ့လိုမျိုးအကူအညီပေးနိုင်မယ့် အဖွဲ့ အစည်းတွေ ရောက်လာလို့ရှိရင်တော့ လုံခြုံရေးကတော့ ကျနော်တို့ ဒီ CDF ကာ ကွယ်ရေးတပ်ဖွဲ့ကပေါ့နော် အပြည့်အဝ တာဝန်ယူပြီးခါမှ အဲ့ဒီစစ်ဘေးရှောင်တွေ ရှိတဲ့နေရာတွေကို လိုက်ပြလိုက်ပို့လို့ရပါတယ်ခင်ဗျ ဟုတ်ကဲ့။”

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးခွင့်ပြုဖို့ စစ်ကောင်စီဘက်ကလည်း တစုံတရာသဘောတူထားပါတယ်။ မြန်မာနိုင်ငံ လူသားချင်းစာနာကူညီမှုအထောက်အပံ့ပေးရေး အာဆီယံညှိနှိုင်းဆွေးနွေးပွဲမှာလည်း မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်သလို ဒါဟာ ဒုတိယအဆင့် ဆွေးနွေးမှုဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီအတွက် အကူအညီပေးရေး အသေးစိတ်အခြေအနေတွေ ဆက်ဆွေးနွေးရဦးမှာဖြစ်ပါတယ်။

အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးအပ်နိုင်ရေး အစီအစီနဲ့ ပူးတွဲကာကွယ်ဆေးထိုးနှံပေးရေးမူဘောင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ညှိနှိုင်း ဆွေးနွေးနေကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

အာဆီယံက ပေးမယ့် အကူအညီတွေကို စစ်ကောင်စီကသာ စီမံဆုံးဖြတ်မယ်ဆိုရင် တကယ်လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေ မရောက်နိုင်ဘူးလို့ ကရင်လူ့ အခွင့်အရေး ကရင်လူ့အခွင့်အရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆက်ပြောပါတယ်။

“စစ်ကောင်စီတွေကို အသိအမှတ်မပြုဖို့နဲ့ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုမပြုဖို့ ဒါ ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတာပေါ့နော်။ ဘာလို့လဲဆိုလို့ရှိရင် စစ်ကောင်စီသည်သာလျှင် သူတို့က ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ကန့်သတ်ပိတ်ပင်တဲ့အဖွဲ့ ဖြစ်တယ်နော်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ အဖွဲ့ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ သူတို့နဲ့တော့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ကျနော်တို့က ခိုင်ခိုင်မာမာတောင်းဆိုထားတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ တကယ်လို့ သူတို့ကနေတဆင့် ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီလုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ လိုအပ်နေတဲ့ ဒီပြည်သူလူထုဆီရောက်ရှိနိုင်မယ်လို့ ကျနော်တို့ကတော့ မယုံကြည်ဘူးခင်ဗျ။”

အာဆီယံတွေအနေနဲ့ လူသားချင်စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ဆောင်တဲ့နေရာ မြန်မာနိုင်ငံ NGO အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ပြီး တကယ့်အကူအညီလိုအပ်နေတဲ့ သူတွေဆီ ထိထိရောက်ရောက် အကူအညီပေးဖို့အတွက် စစ်ပြေးရှောင်ကူညီပေးသူတွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့ အခြေအနေတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ယခုနှစ် မေလ ၂ ရက်နေ့အထိ ၉၃၆,၇၀၀ ဦး ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA)က မနေ့က ထုတ်ပြန်ထားပါတယ်။

==========

XS
SM
MD
LG