သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတိုက္ေလယာဥ္ ပ်က္က် ေလယာဥ္မႉး ေသဆုံး


စစ္ေကာင္စီတပ္ ေလ့က်င့္ေရးတိုက္ေလယာဥ္ပ်က္က်ရာေနရာ။ (ဓာတ္ပံု-တပ္မေတာ္သတင္းျပန္ၾကားေရး)

[[Zawgyi/Unicode]]

စစ္ေကာင္စီတိုက္ေလယာဥ္ ပ်က္က် ေလယာဥ္မႉး ေသဆုံး

စစ္ေကာင္စီရဲ႕ မႏၲေလး တံတားဦးေလတပ္စခန္းက တိုက္ခိုက္ေရးေလယာဥ္ ၁ စီးဟာ ေလ့က်င့္ပ်ံသန္းခ်ိန္မွာ စက္ခ်ိဳ႕ယြင္းၿပီး ပ်က္က်ခဲ့ပါတယ္။ ေလယာဥ္ပ်က္က်တာေၾကာင့္ ေလယာဥ္ေမာင္းျဖစ္တဲ့ ေလယာဥ္မႉးဟာ ေသဆုံးသြားပါတယ္။ ရန္ကုန္က လာတဲ့သတင္းကို ကိုသားညြန္႔ဦးက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီရဲ႕ ေလတပ္စခန္းတခုျဖစ္တဲ့ မႏၲေလး တံတားဦး ေလတပ္စခန္းက တိုက္ခိုက္ေရးေလယာဥ္ ၁ စီးဟာ ေဖေဖာ္ဝါရီ ၁၆ ရက္ ဗုဒၶဟူးေန႔မနက္ပိုင္းမွာ စစ္ကိုင္းၿမိဳ႕နယ္ထဲ ေရမ်က္ႀကီးအင္းအတြင္းမွာ ပ်က္က်ခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ တိုက္ခိုက္ေရး ေလယာဥ္ဟာ ေလ့က်င့္ေရးဧရိယာမွာ ပ်ံသန္းေနခ်ိန္ ဆက္သြယ္မႈ ျပတ္ေတာက္သြားၿပီး တျခား ေလယာဥ္တစီးနဲ႔ လိုက္လံရွာေဖြခ်ိန္မွာ ေရမ်က္ႀကီး အင္းအတြင္း ပ်က္က်ေနတာကို ေတြ႕ရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ေလယာဥ္ပ်က္မက်ခင္ မိနစ္ပိုင္းအလိုက အဆိုပါ ေလယာဥ္ကို ေတြ႕ရွိခဲ့တဲ့ ေဒသခံတဦးက ဗြီအိုေအကို အခုလိုေျပာျပပါတယ္။

“သူက ဒီဘက္ကေနျဖတ္ပ်ံသြားတာက နိမ့္နိမ့္ေလးပါ။ ေအာက္ကေန လွမ္းၾကည့္ရင္ေတာ့ ဘီးေတြေတာင္ ျမင္ရတယ္။ ဝဲလြန္းတယ္။ နိမ့္နိမ့္ေလး။ အဲ့အခ်ိန္မွာ ေရမ်က္အင္းထဲေရာက္ေတာ့ ပ်က္က်တယ္။ အရင္တစီးပ်က္တဲ့အခ်ိန္နဲ႔ နာရီဝက္ေတာင္ မၾကာပါဘူး။ ေနာက္တစီးက နည္းနည္းေတာ့ ျမင့္တယ္။ အျမင့္ကေနပ်ံၿပီး အဲ့ဒီလမ္းေၾကာအတိုင္း ပ်ံလိုက္သြားတာ။ နိမ့္တာပဲရွိတာ။ အေကာင္းပကတိအတိုင္းပဲ။ ပုံမွန္ပါပဲ။ က်ေနာ္လည္း ဆိုင္ကယ္စီးရင္းဆိုေတာ့ ပုံမွန္အသံပဲ ၾကားရတာပါ။ မီးခိုးေတာ့မထြက္ဘူး။ ပုံမွန္အတိုင္းပဲေမာင္းတယ္။ အဲ့ဒါၿပီးေတာ့ သိပ္မၾကာဘူး။ ေရမ်က္အင္းထဲမွာ ပ်က္က်တယ္။”

ေလယာဥ္ပ်က္က်တာေၾကာင့္ ေလယာဥ္မႉးျဖစ္တဲ့ ဗိုလ္ႀကီး ဟိန္းထက္ေအာင္မွာ ေသဆုံးသြားတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ ပ်က္က်ၿပီး မၾကာခင္ ေလယာဥ္မႉးရဲ႕ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့တယ္လို႔ ေလယာဥ္ပ်က္က်တဲ့ေနရာကို ကူညီဖို႔ သြားေရာက္ခဲ့တဲ့ စစ္ကိုင္းၿမိဳ႕က လူမႈကူညီေရးအသင္းတခုက အခုလိုေျပာပါတယ္။

“အေလာင္းကို ဟယ္လီေကာ္ပတာနဲ႔ ျပန္တင္သြားတယ္။ အေလာင္းက အရမ္းႀကီး မခက္ဘူး။ ဘာလို႔လဲဆိုေတာ့ ေရက တိမ္ တယ္။ ခ်က္ခ်င္းေတြ႕တယ္လို႔ေတာ့ ေျပာတယ္။ ေရက ဒူးတဝက္ ေက်ာ္ေက်ာ္ ေပါင္ေလာက္ပဲရွိတာ။ အဲ့မွာ သူတို႔ေရာက္တဲ့အခ်ိန္ စက္ေလွနဲ႔သြားေတာ့ ေတြ႕တယ္လို႔ၾကားတယ္။ က်ေနာ္တို႔က ကူညီဖို႔ထြက္တာပဲရွိတာ။ လုံၿခဳံေရးကေတာ့ ယူထားတယ္။ အဲ့နားမွာ ႐ြာတ႐ြာရွိတယ္။ အဲ့ထဲမွာေကာ ျဖစ္စဥ္အနီးမွာေကာ ရွိတယ္။”

စစ္ေကာင္စီဘက္က ေလယာဥ္ပ်က္က်မႈကို စက္ခ်ိဳ႕ယြင္းတာေၾကာင့္လို႔သာ သတင္းထုတ္ျပန္ထားၿပီး ပ်က္က်တဲ့ ေလယာဥ္အမ်ိဳးအစားနဲ႔ စက္ခ်ိဳ႕ယြင္းတဲ့အေၾကာင္းအရင္း အေသးစိတ္ကို ထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

ေလယာဥ္ပ်က္က်ၿပီးတဲ့ေနာက္ လူမႈကြန္ယက္မွာ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ ပ်က္က်တဲ့ေလယာဥ္ဟာ A5 အမ်ိဳးအစား တိုက္ေလယာဥ္ျဖစ္တယ္လို႔ သိရွိရပါတယ္။ တပ္မေတာ္ပိုင္ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြနဲ႔ ေလ့က်င့္ေရး ေလယာဥ္ေတြ မၾကာခဏဆိုသလို ပ်က္က်ေလ့ရွိပါတယ္။

၂၀၁၇ ခုႏွစ္က တပ္မေတာ္ပိုင္ Y8 အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ဟာ ရာသီဥတု ဆိုးဝါးတာေၾကာင့္ ထားဝယ္ ကမ္းလြန္ပင္လယ္ျပင္မွာပ်က္က်ၿပီး ေလယာဥ္ေပၚလိုက္ပါလာသူ လူေပါင္း ၁၂၂ ဦး ေသဆုံးခဲ့သလို ၿပီးခဲ့တဲ့ ၂၀၂၁ ဇြန္လ ၁၀ ရက္ကလည္း ျပင္ဦးလြင္ၿမိဳ႕ အနီးစခန္း ေလဆိပ္နားမွာလည္း တပ္မေတာ္ပိုင္ ေလယာဥ္ပ်က္က်ခဲ့လို႔ ဆရာေတာ္ သံဃာေတာ္ အပါအဝင္ လူေပါင္း ၁၃ ဦး ေသဆုံးခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------

[[Unicode]]

စစ်ကောင်စီတိုက်လေယာဉ် ပျက်ကျ လေယာဉ်မှူး သေဆုံး

စစ်ကောင်စီရဲ့ မန္တလေး တံတားဦးလေတပ်စခန်းက တိုက်ခိုက်ရေးလေယာဉ် ၁ စီးဟာ လေ့ကျင့်ပျံသန်းချိန်မှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျတာကြောင့် လေယာဉ်မောင်းဖြစ်တဲ့ လေယာဉ်မှူးဟာ သေဆုံးသွားပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီရဲ့ လေတပ်စခန်းတခုဖြစ်တဲ့ မန္တလေး တံတားဦး လေတပ်စခန်းက တိုက်ခိုက်ရေးလေယာဉ် ၁ စီးဟာ ဖေဖော်ဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်ထဲ ရေမျက်ကြီးအင်းအတွင်းမှာ ပျက်ကျခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ခိုက်ရေး လေယာဉ်ဟာ လေ့ကျင့်ရေးဧရိယာမှာ ပျံသန်းနေချိန် ဆက်သွယ်မှု ပြတ်တောက်သွားပြီး တခြား လေယာဉ်တစီးနဲ့ လိုက်လံရှာဖွေချိန်မှာ ရေမျက်ကြီး အင်းအတွင်း ပျက်ကျနေတာကို တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လေယာဉ်ပျက်မကျခင် မိနစ်ပိုင်းအလိုက အဆိုပါ လေယာဉ်ကို တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“သူက ဒီဘက်ကနေဖြတ်ပျံသွားတာက နိမ့်နိမ့်လေးပါ။ အောက်ကနေ လှမ်းကြည့်ရင်တော့ ဘီးတွေတောင် မြင်ရတယ်။ ဝဲလွန်းတယ်။ နိမ့်နိမ့်လေး။ အဲ့အချိန်မှာ ရေမျက်အင်းထဲရောက်တော့ ပျက်ကျတယ်။ အရင်တစီးပျက်တဲ့အချိန်နဲ့ နာရီဝက်တောင် မကြာပါဘူး။ နောက်တစီးက နည်းနည်းတော့ မြင့်တယ်။ အမြင့်ကနေပျံပြီး အဲ့ဒီလမ်းကြောအတိုင်း ပျံလိုက်သွားတာ။ နိမ့်တာပဲရှိတာ။ အကောင်းပကတိအတိုင်းပဲ။ ပုံမှန်ပါပဲ။ ကျနော်လည်း ဆိုင်ကယ်စီးရင်းဆိုတော့ ပုံမှန်အသံပဲ ကြားရတာပါ။ မီးခိုးတော့မထွက်ဘူး။ ပုံမှန်အတိုင်းပဲမောင်းတယ်။ အဲ့ဒါပြီးတော့ သိပ်မကြာဘူး။ ရေမျက်အင်းထဲမှာ ပျက်ကျတယ်။”

လေယာဉ်ပျက်ကျတာကြောင့် လေယာဉ်မှူးဖြစ်တဲ့ ဗိုလ်ကြီး ဟိန်းထက်အောင်မှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပျက်ကျပြီး မကြာခင် လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ လေယာဉ်ပျက်ကျတဲ့နေရာကို ကူညီဖို့ သွားရောက်ခဲ့တဲ့ စစ်ကိုင်းမြို့က လူမှုကူညီရေးအသင်းတခုက အခုလိုပြောပါတယ်။

“အလောင်းကို ဟယ်လီကော်ပတာနဲ့ ပြန်တင်သွားတယ်။ အလောင်းက အရမ်းကြီး မခက်ဘူး။ ဘာလို့လဲဆိုတော့ ရေက တိမ် တယ်။ ချက်ချင်းတွေ့တယ်လို့တော့ ပြောတယ်။ ရေက ဒူးတဝက် ကျော်ကျော် ပေါင်လောက်ပဲရှိတာ။ အဲ့မှာ သူတို့ရောက်တဲ့အချိန် စက်လှေနဲ့သွားတော့ တွေ့တယ်လို့ကြားတယ်။ ကျနော်တို့က ကူညီဖို့ထွက်တာပဲရှိတာ။ လုံခြုံရေးကတော့ ယူထားတယ်။ အဲ့နားမှာ ရွာတရွာရှိတယ်။ အဲ့ထဲမှာကော ဖြစ်စဉ်အနီးမှာကော ရှိတယ်။”

စစ်ကောင်စီဘက်က လေယာဉ်ပျက်ကျမှုကို စက်ချို့ယွင်းတာကြောင့်လို့သာ သတင်းထုတ်ပြန်ထားပြီး ပျက်ကျတဲ့ လေယာဉ်အမျိုးအစားနဲ့ စက်ချို့ယွင်းတဲ့အကြောင်းအရင်း အသေးစိတ်ကို ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

လေယာဉ်ပျက်ကျပြီးတဲ့နောက် လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ပျက်ကျတဲ့လေယာဉ်ဟာ A5 အမျိုးအစား တိုက်လေယာဉ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တပ်မတော်ပိုင် သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ လေ့ကျင့်ရေး လေယာဉ်တွေ မကြာခဏဆိုသလို ပျက်ကျလေ့ရှိပါတယ်။

၂၀၁၇ ခုနှစ်က တပ်မတော်ပိုင် Y8 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ရာသီဥတု ဆိုးဝါးတာကြောင့် ထားဝယ် ကမ်းလွန်ပင်လယ်ပြင်မှာပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါလာသူ လူပေါင်း ၁၂၂ ဦး သေဆုံးခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လ ၁၀ ရက်ကလည်း ပြင်ဦးလွင်မြို့ အနီးစခန်း လေဆိပ်နားမှာလည်း တပ်မတော်ပိုင် လေယာဉ်ပျက်ကျခဲ့လို့ ဆရာတော် သံဃာတော် အပါအဝင် လူပေါင်း ၁၃ ဦး သေဆုံးခဲ့ပါသေးတယ်။

-----------------

XS
SM
MD
LG