သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားနဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေတြ ေဆြးေႏြးပြဲ ျမန္မာ့အေရးပါဝင္ 


Myanmar

[[Zawgyi/Unicode]]

မေလးရွားနဲ႔ ကေမာၻဒီးယားေခါင္းေဆာင္ေတြ ဒီကေန႔ ကေမာၻဒီးယားႏုိင္ငံမွာ ေတြ႔ဆံုခ်ိန္အတြင္း ျမန္မာ့အေရးကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob ဟာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen ၊ ကေမာၻဒီးယားဘုရင္ Norodom Sihamoni တို႔နဲ႔ သီးျခားစီေတြ႔ဆံုၿပီး ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းအၾကပ္အတည္းနဲ႔ တျခားေဒသတြင္းျပႆနာေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ထုတ္ျပန္ထားပါတယ္။

မႏွစ္ ၾသဂုတ္လမွာ မေလးရွားဝန္ႀကီးခ်ဳပ္သစ္ျဖစ္လာတဲ့ Raakob ရဲ့ အခု ပထမဆံုး ကေမာၻဒီးယားခရီးစဥ္မွာ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ေရး အဓိက ေဆြးေႏြးခဲ့ၾကတယ္လို႔ ႏွစ္ႏိုင္ငံထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားေၾကာင္း ေအပီသတင္းမွာေရးထားပါတယ္။

အာဆီယံအဖြဲ႔ဝင္ မေလးရွားအေနနဲ႔ အာဆီယံဥကၠ႒ျဖစ္လာတဲ့ ကေမာၻဒီးယားခရီးစဥ္အတြင္း ေဆြးေႏြးမႈထဲမွာ လြန္ခဲ့တဲ့ တႏွစ္က ျမန္မာစစ္အာဏာသိမ္းမူအၿပီး ျငိမ္းခ်မ္းေရးျပန္ေဖာ္ေဆာင္ႏိုင္ဖို႔ အာဆီယံရဲ့ ရည္မွန္းခ်က္အေပၚ ထင္ဟပ္ေဆြးေႏြးခဲ့ၾကတာပါ။

ဝန္ႀကီးခ်ဳပ္ Hun Sen အေနနဲ႔ စစ္အာဏာသိမ္းအၿပီး ျမန္မာႏိုင္ငံကို ပထမဆံုး ျပည္ပေခါင္းေဆာင္အျဖစ္သြားေရာက္ၿပီး အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

မေလးရွားနဲ႔ အာဆီယံအဖြဲ႔ဝင္ တျခားႏုိင္ငံတခ်ိဳ႕ကေတာ့ စစ္ေကာင္စီအေပၚ ဖိအားပိုေပးလာေနၿပီး ဘံုသေဘာတူခ်က္ ၅ ခ်က္ကို ျမန္မာဘက္က အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ေနသေရြ႕ အာဆီယံ အဆင့္ျမင့္အစည္းအေဝးေတြမွာ စစ္ေကာင္စီ ေခါင္းေဆာင္နဲ႔ ႏုိင္ငံေရးအရ ခန္႔ထားသူေတြကို တက္ေရာက္ခြင့္မေပးဖို႔ ဆက္ၿပီး ရပ္တည္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

မလေးရှားနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေ ဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်

မလေးရှားနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံချိန်အတွင်း မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ၊ ကမ္ဘောဒီးယားဘုရင် Norodom Sihamoni တို့နဲ့ သီးခြားစီတွေ့ဆုံပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းအကြပ်အတည်းနဲ့ တခြားဒေသတွင်းပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

မနှစ် သြဂုတ်လမှာ မလေးရှားဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Raakob ရဲ့ အခု ပထမဆုံး ကမ္ဘောဒီးယားခရီးစဉ်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး အဓိက ဆွေးနွေးခဲ့ကြတယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေမှာ ဖော်ပြထားကြောင်း အေပီသတင်းမှာရေးထားပါတယ်။

အာဆီယံအဖွဲ့ဝင် မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားခရီးစဉ်အတွင်း ဆွေးနွေးမှုထဲမှာ လွန်ခဲ့တဲ့ တနှစ်က မြန်မာစစ်အာဏာသိမ်းမူအပြီး ငြိမ်းချမ်းရေးပြန်ဖော်ဆောင်နိုင်ဖို့ အာဆီယံရဲ့ ရည်မှန်းချက်အပေါ် ထင်ဟပ်ဆွေးနွေးခဲ့ကြတာပါ။

ဝန်ကြီးချုပ် Hun Sen အနေနဲ့ စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံကို ပထမဆုံး ပြည်ပခေါင်းဆောင်အဖြစ်သွားရောက်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မလေးရှားနဲ့ အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတချို့ကတော့ စစ်ကောင်စီအပေါ် ဖိအားပိုပေးလာနေပြီး ဘုံသဘောတူချက် ၅ ချက်ကို မြန်မာဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေသရွေ့ အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီ ခေါင်းဆောင်နဲ့ နိုင်ငံရေးအရ ခန့်ထားသူတွေကို တက်ရောက်ခွင့်မပေးဖို့ ဆက်ပြီး ရပ်တည်ပြောဆိုထားပါတယ်။

==============

XS
SM
MD
LG