သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္ ၿဖိဳခြဲေနတာရပ္ဖို႔ အင္ဒုိနီးရွားသမၼတတုိက္တြန္း


President Joko Widodo

{{Zawgyi/Unicode}}

ျမန္မာႏုိင္္ငံမွာ အၾကမ္းဖက္ႏွိမ္နင္းတာကို ခ်က္ျခင္းရပ္ဖို႔ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက တိုက္တြန္းလိုက္ပါတယ္။

" ျမန္မာနုိင္ငံမွာ ေနာက္ထပ္ ေသဆံုးဒဏ္ရာရတာေတြ မရွိေစဖို႔အတြက္ အၾကမ္းဖက္ၿဖိဳခြဲတာကို ခ်က္ျခင္းရပ္ဖို႔ အင္ဒိုနီးရွားႏုိင္ငံက ျမန္မာႏုိင္ငံကို တိုက္တြန္းပါတယ္။ လူထု ေဘးကင္းလံုျခံဳေရးနဲ႔ သာယာဝေျပာေရးဟာ ထိပ္တန္းဦးစားကိစၥ တစ္ခုျဖစ္ရပါမယ္။ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈတုိ႔ကို ျပန္လည္တည္ေဆာက္ေရး ေဆြးေႏြးေျပာဆိုၿပီး ျပန္လည္သင့္ျမတ္ေရးကို ခ်က္ျခင္း အေကာင္အထည္ေဖာ္ဖို႔လည္း အင္ဒိုနီးရွားအေနနဲ႔ တိုက္တြန္းပါတယ္" လို႔ ဒီကေန႔ အြန္လိုင္းကေျပာတဲ့ မိန္႔ခြန္းထဲမွာ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုိဒိုက ေျပာသြားတာပါ။

ျမန္မာႏုိင္ငံမွာ မတည္မၿငိမ္ျဖစ္ေနတဲ့အေျခအေနကို ေဆြးေႏြးေရး အာဆီယံ အဆင့္ျမင့္အစည္းအေဝးတရပ္ကို ျဖစ္ႏုိင္သမွ်အျမန္ဆံုးေခၚယူဖို႔ အာဆီယံဥကၠ႒ျဖစ္တဲ့ ဘ႐ူႏုိင္း ဒါ႐ူဆလမ္ႏုိင္ငံ ေစာ္ဘြားနဲ႔ က်ေနာ္ ခ်က္ျခင္းေဆြးေႏြးသြားပါမယ္လို႔လည္း သမၼတဝီဒိုိဒိုက ေျပာပါတယ္။ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြအတြင္း ေသဆံုးဒဏ္ရာရသူေတြနဲ႔ မိသားစုေတြအတြက္ သူနဲ႔အတူ အင္ဒိုနီးရွားလူထုတရပ္လံုးက အထူးပဲ ဝမ္းနည္းရပါေၾကာင္းနဲ႔ ကိုယ္ခ်င္းစာပါေၾကာင္းလည္း သမၼတဝီဒိုဒိုကေျပာပါတယ္။

အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြဟာ အဖြဲ႔ဝင္ႏုိုင္ငံတခုရဲ႕ ျပည္တြင္းေရးကို ဝင္မစြက္ရဘူးဆိုတဲ့ အာဆီယံရဲ႕ အစဥ္အလာမူအတိုင္း ရပ္တည္ၾကေလ့ရွိၿပီး အဖြဲ႔ဝင္ႏိုင္ငံတစ္ခုမွာ ျဖစ္ပ်က္ေနတာကို သိပ္ေျပာဆုိေလ့မရွိပါဘူး။

ဒါေပမယ့္လည္း ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကန္႔ကြက္ဆႏၵျပပြဲေတြကို အၾကမ္းဖက္ ၿဖိဳခြဲတာေၾကာင့္ ေသဆံုး ဒဏ္ရာရတာေတြ ရွိလာၿပီးတဲ့ေနာက္မွာေတာ့ အၾကမ္းဖက္ၿဖိဳခြဲတာေတြရပ္ဖို႔ အင္ဒိုနီးရွား၊ မေလးရွား၊ စကၤာပူ စတဲ့ႏုိင္ငံေတြက ျမန္မာ အာဏာသိမ္း စစ္ေကာင္စီကို ေတာင္းဆိုလာၾကပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းတာကို ချက်ခြင်းရပ်ဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်ပါတယ်။

" မြန်မာနိုင်ငံမှာ နောက်ထပ် သေဆုံးဒဏ်ရာရတာတွေ မရှိစေဖို့အတွက် အကြမ်းဖက်ဖြိုခွဲတာကို ချက်ခြင်းရပ်ဖို့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို တိုက်တွန်းပါတယ်။ လူထု ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးဟာ ထိပ်တန်းဦးစားကိစ္စ တစ်ခုဖြစ်ရပါမယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတို့ကို ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပြောဆိုပြီး ပြန်လည်သင့်မြတ်ရေးကို ချက်ခြင်း အကောင်အထည်ဖော်ဖို့လည်း အင်ဒိုနီးရှားအနေနဲ့ တိုက်တွန်းပါတယ်" လို့ ဒီကနေ့ အွန်လိုင်းကပြောတဲ့ မိန့်ခွန်းထဲမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေကို ဆွေးနွေးရေး အာဆီယံ အဆင့်မြင့်အစည်းအဝေးတရပ်ကို ဖြစ်နိုင်သမျှအမြန်ဆုံးခေါ်ယူဖို့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ စော်ဘွားနဲ့ ကျနော် ချက်ခြင်းဆွေးနွေးသွားပါမယ်လို့လည်း သမ္မတဝီဒိုဒိုက ပြောပါတယ်။ အကြမ်းဖက် ဖြိုခွဲမှုတွေအတွင်း သေဆုံးဒဏ်ရာရသူတွေနဲ့ မိသားစုတွေအတွက် သူနဲ့အတူ အင်ဒိုနီးရှားလူထုတရပ်လုံးက အထူးပဲ ဝမ်းနည်းရပါကြောင်းနဲ့ ကိုယ်ချင်းစာပါကြောင်းလည်း သမ္မတဝီဒိုဒိုကပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဘူးဆိုတဲ့ အာဆီယံရဲ့ အစဉ်အလာမူအတိုင်း ရပ်တည်ကြလေ့ရှိပြီး အဖွဲ့ဝင်နိုင်ငံတစ်ခုမှာ ဖြစ်ပျက်နေတာကို သိပ်ပြောဆိုလေ့မရှိပါဘူး။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲတာကြောင့် သေဆုံး ဒဏ်ရာရတာတွေ ရှိလာပြီးတဲ့နောက်မှာတော့ အကြမ်းဖက်ဖြိုခွဲတာတွေရပ်ဖို့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေက မြန်မာ အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုလာကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG