သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဆီတင်ပို့မှု ပိတ်ဆို့အရေးယူဖို့ Burma Campaign UK တောင်းဆို


မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုပိတ်ဆို့ရေးတောင်းဆိုတဲ့ Burma Campaign U.K ထုတ်ပြန်ချက်
မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုပိတ်ဆို့ရေးတောင်းဆိုတဲ့ Burma Campaign U.K ထုတ်ပြန်ချက်

[[Zawgyi/Unicode]]

မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီတွေမရောက်ရှိအောင် ပိတ်ဆို့အရေးယူဖို့ ယူကေနဲ့ တခြား တိုင်းပြည်တွေကို တောင်းဆိုတဲ့ ဆော်သြစည်းရုံးလှုပ်ရှားမှုအသစ်တရပ်ကို မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က စတင်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တရပ်ထုတ်ပြန်ပြီး ခုလို စတင်လိုက်တာ ဖြစ်ပါတယ်။

ပိတ်ဆို့အ‌ရေးယူရာမှာ စစ်တပ်ကို လေယဉ်ဆီရောင်းချပို့ပေးနေတဲ့ မြန်မာကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ကို လေယာဉ်ဆီပို့ပေးနေတဲ့ ယူကေ၊ အီးယူနဲ့ အ‌မေရိကန်ကုမ္ပဏီတွေကို အဲဒီလို တင်ပို့နေ တာရပ်ဖို့ တောင်းဆိုပါတယ်။

မြန်မာစစ်တပ်က အသုံးပြုနေတဲ့ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ အခြားလေယာဉ်တွေဟာ ရုရှား၊ တရုတ်၊ ဆားဘီးယားနဲ့ ပါကစ္စတန်နိုင်ငံတို့ကလာကြတာမို့ ပုံမှန်အရပ်ဘက် ကူးသန်း‌ရောင်းဝယ်ရေး လေယာဉ်တွေအသုံးပြုကြတဲ့ Jet A1 လေယာဉ်ဆီကိုပဲ အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလို ပိတ်ဆို့ အရေးယူလိုက်တဲ့အတွက် ပြည်တွင်းလေယာဉ် ခရီးစဉ်တွေနဲ့ မြန်မာနိုင်ငံမှာ ဆီဖြည့်တဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ထိခိုက်မှာကိုလည်း ကြေညာချက်က အသိအမှတ်ပြုထားပါတယ်။ ဒါ‌ပေမဲ့ လေကြောင်းကနေ အတိုက်ခိုက်ခံနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခနဲ့ ယှဉ်လိုက်တဲ့အခါ ဒါဟာ နှိုင်းယှဉ်မှုအရ မပြောပလောက်တဲ့ ထိခိုက်မှုသာ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့တာကို ပိတ်ဆို့ အရေးယူဖို့ Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ကရင်နဲ့ကချင်ပြည်နယ်တွေမှာ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် လူ သုံးယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရှိခဲ့ကြပါတယ်။ ၂၀၂၁ မတ်လကစပြီး လေကြောင်းက တိုက်ခိုက်မှုကို အကြီးအကျယ် စတင်ခဲ့တာကြောင့် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်တားမှုဆိုင်ရာ စစ်ကပ်ဘေးကို မြန်မာနိုင်ငံက ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန် ချက်မှာဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ သိန်းကျော်ဟာ အိုးအိမ်နဲ့နေရပ်စွန့်ခွါ ထွက်ပြေးကြရပါတယ်။ တိုင်းရင်းသားပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံး ဖြစ်ခဲ့တာပါ။ ခုလို အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်တယ်လို့ Burma Campaign UK က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







============

XS
SM
MD
LG