သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေထာင္က်ၿပီး ႏိုင္ငံေရးအက်ဥ္းသားမ်ား မိသားစုနဲ႔ေတြ႕ဆုံခြင့္မရႏိုင္ေသး


ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ ထိန္းသိမ္းခံထားရတဲ့မိသားစုဝင္ေတြ ျပန္လြတ္မလား ေထာင္ေရွ႕မွာ လာေစာင့္ေနတဲ့ မိသားစုဝင္မ်ား။ (ယခင္ ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္အာဏာသိမ္းၿပီးေနာက္ ေထာင္ဒဏ္အသီးသီးခ်မွတ္ခံရထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားအမ်ားစုဟာ သက္ဆိုင္ရာမိသားစုေတြနဲ႔ ခုအခ်ိန္အထိ လူေတြ႕ ေတြ႕ခြင့္မရၾကပါဘူး။ ႏိုင္ငံအဝွမ္းမွာ ကိုဗစ္စည္းကမ္းေျဖေလွ်ာ့ေနေပမယ့္လည္း အက်ဥ္းဦးစီးဘက္မွာေတာ့ ေျဖေလွ်ာ့ဖို႔ အစီအစဥ္မရွိဘူးဆိုတာေၾကာင့္ ေထာင္က် ႏိုင္ငံေရးအက်ဥ္းသားေတြ မိသားစုေတြနဲ႔ ေတြ႕ဆုံခြင့္က အလွမ္းေဝးေနဆပါ။ ဒီအေၾကာင္း ရန္ကုန္ကေန ဆက္သြယ္ေမးျမန္းသတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားအမ်ားစုဟာ စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထိမ္းသိမ္းခံရၿပီး ဥပေဒပုဒ္မအမ်ိဳးမ်ိဳးနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံၾကရေပမယ့္ ဖမ္းခံရခ်ိန္ကေန အခု ျပစ္ဒဏ္ခ်မွတ္ခံရၿပီးခ်ိန္အထိ မိသားစုေတြနဲ႔ လူေတြ႔ ေတြ႔ဆုံခြင့္မရၾကပါဘူး။ ကိုဗစ္ကပ္ေဘး စည္းမ်ဥ္းနဲ႔အညီ အက်ဥ္းသားေတြ လူေတြ႔ ေတြ႔ဆုံခြင့္ေတြကို ကန႔္သတ္ ပိတ္ပင္ထားတာလို႔ သိရေပမယ့္ တႏိုင္ငံလုံးေနရာအေတာ္မ်ားမ်ားမွာေတာ့ ေက်ာင္းေတြ၊လုပ္ငန္းခြင္ေတြျပန္ဖြင့္၊ ႏိုင္ငံတကာခရီးသြားလာခြင့္ေတြျပန္ဖြင့္ၿပီး ကပ္ေဘး စည္းမ်ဥ္းတင္းၾကပ္မႈေတြကို ျပန္ေလွ်ာ့ေပးေနပါတယ္။ အမည္မေဖာ္လိုတဲ့ အက်ဥ္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ အဆင့္ရွိသူတဦးကေတာ့ အက်ဥ္းဦးစီးဌာနအေနနဲ႔ ကပ္ေဘးစည္းမ်ဥ္းေျဖေလွ်ာ့ၿပီး လူေတြ႔ ေတြ႔ဆုံခြင့္ျပန္ေပးဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ေဆာင္႐ြက္ေပးခ်င္စိတ္လည္း ရွိပါတယ္။ ေလာေလာဆယ္ က်န္းမာေရးနဲ႔ အေျခအေနအရ လုပ္ေပးလို႔မရေသးပါဘူး။ ခုက်န္းမာေရးအေျခအေနအရ ကိုဗစ္ကိုေပ်ာက္သြားၿပီ၊ ၿငိမ္သြားၿပီ၊ သက္သာသြားၿပီဆိုၿပီးေတာ့ သူ႔ရဲ႕မ်ိဳးကြဲေတြက ဟိုဘက္ကေပၚလာလိုက္၊ ဒီဘက္ကေပၚလာလိုက္ျဖစ္ေနခ်ိန္မွာ အရပ္ထဲမွာ ျပႆနာမရွိေပမယ့္ က်ေနာ္တို႔ေနရာမွာ သူမ်ားထက္ ဂ႐ုစိုက္ေပးရပါတယ္။ အဲဒါကိုဆိုလိုတာပါ။”

ျပစ္ဒဏ္ခ်ၿပီးသားသူအမ်ားစုကို ေထာင္ဝင္စာ ပါဆယ္ပို႔ခြင့္ ေပးခဲ့ေပမယ့္၊ မိသားစုဝင္ေတြ ေတြ႕ဆုံခြင့္ကေတာ့ ကန႔္သတ္ပိတ္ပင္ထားဆဲပါ။ အခုလို လူေတြ႕ေတြ႕ဆုံခြင့္မေပးတဲ့အေျခအေနမွာပဲ အက်ဥ္းေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသားေတြကို တိုက္ပိတ္တာ ႐ိုက္ႏွက္တာစတဲ့ သတင္းအမ်ိဳးမ်ိဳးေၾကာင့္ မိသားစုဝင္ေတြအဖို႔ စိုးရိမ္မႈေတြတိုးလာေနပါတယ္။

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တဦးလည္းျဖစ္၊ စစ္ေကာင္စီဘက္က ေသဒဏ္ခ်မွတ္ခံထားရတဲ့ ကိုေက်ာ္မင္းယုေခၚကိုဂ်င္မီ ဆိုရင္ ဖမ္းဆီးခ်ိန္ကစလို႔ ဒီကေန႔အခ်ိန္ထိ မိသားစုဘက္က ပစၥည္းနဲ႔ေဆးဝါးပို႔ခြင့္ေတာင္ မရသလို အခုခ်ိန္ ထိ ဘယ္မွာထိန္းသိမ္းထားလဲဆိုတာကို မိသားစုကမသိရဘူးလို႔ မိသားစုဝင္ေတြဘက္က ေျပာပါတယ္။ ကိုဂ်င္မီရဲ႕ ဇနီးသည္လည္းျဖစ္၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားမႈေခါင္းေဆာင္တဦးလည္းျဖစ္သူ မနီလာသိန္းကေတာ့ ေထာင္တြင္းဖိႏွိပ္မႈေတြကို ဖုံးကြယ္ခ်င္လို႔ အခုလို ကန႔္သတ္ပိတ္ပင္ေနတာလို႔ သူ႔အျမင္ေျပာပါတယ္။

“က်မတခုတည္း ေျပာခ်င္တာက ဘယ္ေနရာဘဲေရာက္ေရာက္ လူတေယာက္မွာ သူ႔အခြင့္အေရးနဲ႔သူ ရွိပါတယ္။ သူ႔တန္ဖိုးနဲ႔သူ ရွိပါတယ္။ ေထာင္ထဲေရာက္ေနသူအားလုံးကလည္း သူတို႔ရပိုင္ခြင့္ အခြင့္အေရးဆိုတာ ရွိပါတယ္။ အက်ဥ္းသား အခြင့္အေရးလည္း ရွိပါတယ္။ ဒါေတြအားလုံး ကိုစစ္ေကာင္စီက တခုမွ လုပ္ေဆာင္ေပးျခင္းမရွိဘဲနဲ႔ အခုဆိုလို႔ရွိရင္ ေထာင္ထဲရွိတဲ့လူေတြ ရဲေဘာ္ေမာင္ႏွမေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်မတို႔ၾကားသိရတာေတြက အရမ္းကိုခက္ခဲတယ္။ ေထာင္ အာဏာပိုင္ေတြ ဘက္က ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံမႈေတြရွိတာ ၾကားသိရတယ္။ မိသားစုနဲ႔ေတြ႕ခြင့္မရဘူး။ ဘယ္သူနဲ႔ မွေတြ႕ခြင့္မရခ်ိန္မွာ လူမသိသူမသိ သူတို႔ရဲ႕ က်ဴးလြန္ေနတဲ့လုပ္ေဆာင္မႈေတြကို ထပ္ခါတလဲလဲလုပ္ ေဆာင္ေနတာၾကားရတယ္။ အဲဒါေတြကို က်မ အမ်ားႀကီးစိတ္ပူမိပါတယ္။”

ျပစ္ဒဏ္က်ခံေနရတဲ့ သတင္းေထာက္တဦးရဲ႕ဖခင္ကလည္း ကိုဗစ္ကူးစက္မႈေတြ က်ဆင္းလာတာမို႔ သားျဖစ္သူနဲ႔ေတြ႕ခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

“ခု၂၄ ဆို ၃ လျပည့္ၿပီေပါ့။ ဒါေပမယ့္ အျပင္လူနဲ႔လုံးဝ ေတြ႕ခြင့္မရွိဘူး။ သူတို႔ကကိုဗစ္အေၾကာင္းျပထားတယ္ေပါ့ေလ။ သူတို႔လုပ္ခ်င္တာလုပ္လို႔ရေနတဲ့ အခ်ိန္ ဘဲဗ်ာ ကိုယ္ေတြကဘာေျပာလို႔ရမွာလဲ။ ခံစားရတာတခုဘဲရွိတာေပါ့။)
ပုံမွန္အတိုင္း ျပဌာန္းခ်က္အရဆိုရင္ ေထာင္က်ၿပီးသား အက်ဥ္းသားေတြဟာ မိသားစုနဲ႔ပုံမွန္ေတြ႕ခြင့္ရမွာျဖစ္ေပမယ့္၊ ကိုဗစ္ကန႔္သတ္ခ်က္စည္းမ်ဥ္းေတြအရ ဒီအခြင့္အေရးကို တားျမစ္ခံထားရပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ ေရးအသင္း (AAPP)ရဲ႕ စာရင္းအရ အာဏာသိမ္းၿပီးခ်ိန္ကေန ဇူလႈိင္ ၁၃ရက္အထိ ဖမ္းဆီးထိန္း သိမ္းခံထားရသူ ဦးေရ ၁၅,၀၀၀ နီးပါးမွာ ၁,၅၀၀ နီးပါးဟာ ျပစ္ဒဏ္ခ်မွတ္ခံရၿပီးျဖစ္ပါတယ္။ ဒီထဲမွာ အသက္ ၁၈ ႏွစ္ေအာက္အ႐ြယ္ ကေလး ၂ ေယာက္အပါအဝင္ အေယာက္ ၁၅၀ နီးပါးကို ေသဒဏ္အသီးသီးခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ထောင်ကျပြီး နိုင်ငံရေးအကျဉ်းသားများ မိသားစုနဲ့တွေ့ဆုံခွင့်မရနိုင်သေး


စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်အသီးသီးချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ သက်ဆိုင်ရာမိသားစုတွေနဲ့ ခုအချိန်အထိ လူတွေ့ တွေ့ခွင့်မရကြပါဘူး။ နိုင်ငံအဝှမ်းမှာ ကိုဗစ်စည်းကမ်းဖြေလျှော့နေပေမယ့်လည်း အကျဉ်းဦးစီးဘက်မှာတော့ ဖြေလျှော့ဖို့ အစီအစဉ်မရှိဘူးဆိုတာကြောင့် ထောင်ကျ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေနဲ့ တွေ့ဆုံခွင့်က အလှမ်းဝေးနေဆပါ။ ဒီအကြောင်း ရန်ကုန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအများစုဟာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိမ်းသိမ်းခံရပြီး ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ပြစ်ဒဏ်ချမှတ်ခံကြရပေမယ့် ဖမ်းခံရချိန်ကနေ အခု ပြစ်ဒဏ်ချမှတ်ခံရပြီးချိန်အထိ မိသားစုတွေနဲ့ လူတွေ့ တွေ့ဆုံခွင့်မရကြပါဘူး။ ကိုဗစ်ကပ်ဘေး စည်းမျဉ်းနဲ့အညီ အကျဉ်းသားတွေ လူတွေ့ တွေ့ဆုံခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားတာလို့ သိရပေမယ့် တနိုင်ငံလုံးနေရာအတော်များများမှာတော့ ကျောင်းတွေ၊လုပ်ငန်းခွင်တွေပြန်ဖွင့်၊ နိုင်ငံတကာခရီးသွားလာခွင့်တွေပြန်ဖွင့်ပြီး ကပ်ဘေး စည်းမျဉ်းတင်းကြပ်မှုတွေကို ပြန်လျှော့ပေးနေပါတယ်။ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူတဦးကတော့ အကျဉ်းဦးစီးဌာနအနေနဲ့ ကပ်ဘေးစည်းမျဉ်းဖြေလျှော့ပြီး လူတွေ့ တွေ့ဆုံခွင့်ပြန်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဆောင်ရွက်ပေးချင်စိတ်လည်း ရှိပါတယ်။ လောလောဆယ် ကျန်းမာရေးနဲ့ အခြေအနေအရ လုပ်ပေးလို့မရသေးပါဘူး။ ခုကျန်းမာရေးအခြေအနေအရ ကိုဗစ်ကိုပျောက်သွားပြီ၊ ငြိမ်သွားပြီ၊ သက်သာသွားပြီဆိုပြီးတော့ သူ့ရဲ့မျိုးကွဲတွေက ဟိုဘက်ကပေါ်လာလိုက်၊ ဒီဘက်ကပေါ်လာလိုက်ဖြစ်နေချိန်မှာ အရပ်ထဲမှာ ပြဿနာမရှိပေမယ့် ကျနော်တို့နေရာမှာ သူများထက် ဂရုစိုက်ပေးရပါတယ်။ အဲဒါကိုဆိုလိုတာပါ။”

ပြစ်ဒဏ်ချပြီးသားသူအများစုကို ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ပေးခဲ့ပေမယ့်၊ မိသားစုဝင်တွေ တွေ့ဆုံခွင့်ကတော့ ကန့်သတ်ပိတ်ပင်ထားဆဲပါ။ အခုလို လူတွေ့တွေ့ဆုံခွင့်မပေးတဲ့အခြေအနေမှာပဲ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပိတ်တာ ရိုက်နှက်တာစတဲ့ သတင်းအမျိုးမျိုးကြောင့် မိသားစုဝင်တွေအဖို့ စိုးရိမ်မှုတွေတိုးလာနေပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ စစ်ကောင်စီဘက်က သေဒဏ်ချမှတ်ခံထားရတဲ့ ကိုကျော်မင်းယုခေါ်ကိုဂျင်မီ ဆိုရင် ဖမ်းဆီးချိန်ကစလို့ ဒီကနေ့အချိန်ထိ မိသားစုဘက်က ပစ္စည်းနဲ့ဆေးဝါးပို့ခွင့်တောင် မရသလို အခုချိန် ထိ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာကို မိသားစုကမသိရဘူးလို့ မိသားစုဝင်တွေဘက်က ပြောပါတယ်။ ကိုဂျင်မီရဲ့ ဇနီးသည်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင်တဦးလည်းဖြစ်သူ မနီလာသိန်းကတော့ ထောင်တွင်းဖိနှိပ်မှုတွေကို ဖုံးကွယ်ချင်လို့ အခုလို ကန့်သတ်ပိတ်ပင်နေတာလို့ သူ့အမြင်ပြောပါတယ်။

“ကျမတခုတည်း ပြောချင်တာက ဘယ်နေရာဘဲရောက်ရောက် လူတယောက်မှာ သူ့အခွင့်အရေးနဲ့သူ ရှိပါတယ်။ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ထောင်ထဲရောက်နေသူအားလုံးကလည်း သူတို့ရပိုင်ခွင့် အခွင့်အရေးဆိုတာ ရှိပါတယ်။ အကျဉ်းသား အခွင့်အရေးလည်း ရှိပါတယ်။ ဒါတွေအားလုံး ကိုစစ်ကောင်စီက တခုမှ လုပ်ဆောင်ပေးခြင်းမရှိဘဲနဲ့ အခုဆိုလို့ရှိရင် ထောင်ထဲရှိတဲ့လူတွေ ရဲဘော်မောင်နှမတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ကြားသိရတာတွေက အရမ်းကိုခက်ခဲတယ်။ ထောင် အာဏာပိုင်တွေ ဘက်က ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှုတွေရှိတာ ကြားသိရတယ်။ မိသားစုနဲ့တွေ့ခွင့်မရဘူး။ ဘယ်သူနဲ့ မှတွေ့ခွင့်မရချိန်မှာ လူမသိသူမသိ သူတို့ရဲ့ ကျူးလွန်နေတဲ့လုပ်ဆောင်မှုတွေကို ထပ်ခါတလဲလဲလုပ် ဆောင်နေတာကြားရတယ်။ အဲဒါတွေကို ကျမ အများကြီးစိတ်ပူမိပါတယ်။”

ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းထောက်တဦးရဲ့ဖခင်ကလည်း ကိုဗစ်ကူးစက်မှုတွေ ကျဆင်းလာတာမို့ သားဖြစ်သူနဲ့တွေ့ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

“ခု၂၄ ဆို ၃ လပြည့်ပြီပေါ့။ ဒါပေမယ့် အပြင်လူနဲ့လုံးဝ တွေ့ခွင့်မရှိဘူး။ သူတို့ကကိုဗစ်အကြောင်းပြထားတယ်ပေါ့လေ။ သူတို့လုပ်ချင်တာလုပ်လို့ရနေတဲ့ အချိန် ဘဲဗျာ ကိုယ်တွေကဘာပြောလို့ရမှာလဲ။ ခံစားရတာတခုဘဲရှိတာပေါ့။)
ပုံမှန်အတိုင်း ပြဌာန်းချက်အရဆိုရင် ထောင်ကျပြီးသား အကျဉ်းသားတွေဟာ မိသားစုနဲ့ပုံမှန်တွေ့ခွင့်ရမှာဖြစ်ပေမယ့်၊ ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းတွေအရ ဒီအခွင့်အရေးကို တားမြစ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)ရဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ ဇူလှိုင် ၁၃ရက်အထိ ဖမ်းဆီးထိန်း သိမ်းခံထားရသူ ဦးရေ ၁၅,၀၀၀ နီးပါးမှာ ၁,၅၀၀ နီးပါးဟာ ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်ပါတယ်။ ဒီထဲမှာ အသက် ၁၈ နှစ်အောက်အရွယ် ကလေး ၂ ယောက်အပါအဝင် အယောက် ၁၅၀ နီးပါးကို သေဒဏ်အသီးသီးချမှတ်ထားပါတယ်။

XS
SM
MD
LG