သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ရုရှား နျူ စွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ထိုး


မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ ရုရှားကိုရောက်နေပြီး ရုရှားအာကာသဆိုင်ရာကုမ္ပဏီ Roscosmosa ရဲ့ အမှုဆောင်ချုပ် Dmitry Rogozin နဲ့ မော်စကိုမြို့မှာ တွေ့ဆုံစဉ်။ (ဇူလိုင် ၁၂၊ ၂၀၂၂)
မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ ရုရှားကိုရောက်နေပြီး ရုရှားအာကာသဆိုင်ရာကုမ္ပဏီ Roscosmosa ရဲ့ အမှုဆောင်ချုပ် Dmitry Rogozin နဲ့ မော်စကိုမြို့မှာ တွေ့ဆုံစဉ်။ (ဇူလိုင် ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာစစ်ကောင်စီနဲ့ ရုရှား နျူကလီယားစွမ်းအင်ကော်ပိုရေးရှင်းတို့ကြား နျူကလီယားစွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း အခုလို လက်မှတ် ထိုးခဲ့တာပါ။

နျူကလီယားစွမ်းအင်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားအစိုးရပိုင် Rosatom နိုင်ငံတော်ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် Alexey Likhachev တို့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့အပြီး အခုလို နားလည်မှုစာချွန်လွှာထိုးခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြတာပါ။

စွမ်းအင်အပါအဝင် စိုက်ပျိုးမွေးမြူရေး၊ စက်မှု၊ ပို့ကုန်သွင်းကုန်၊ သိပ္ပံနဲ့သုတေသနစတဲ့ နှစ်နိုင်ငံပြည်သူတွေကို အကျိုးဖြစ်စေမယ့်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာဖော်ပြပါတယ်။ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီအကြီးအကဲရဲ့ ဒုတိယမြောက် ရုရှားခရီးစဉ်ဖြစ်ပါတယ်။

ရုရှား Interfax သတင်းဌာနရဲ့ဖော်ပြချက်မှာ မြန်မာစစ်ကောင်စီရဲ့ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေးခရီးစဉ်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုစင်တာဖွင့်ပွဲကို တက်ရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ အခု ခရီးစဉ်အတွင်း ရုရှားအစိုးရရဲ့ အဓိက လက်နက်တင်ပို့ရောင်းချမှုအဖွဲ့ Rosoboronexport အမှုဆောင်အရာရှိချုပ် Alexander Mikheev နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မနေ့ ဇူလိုင် ၁၁ ရက်နေ့ကတော့ မြန်မာစစ်ကောင်စီအကြီးအကဲဟာ ရုရှား ကာကွယ်ရေးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရုရှားနဲ့ မြန်မာကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့်ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

ရုရှားကိုသွားတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှား ကာကွယ်ရေးဝန်ကြီးကိုယ်စား ကာကွယ်ရေးဌာနတာဝန်ရှိသူ အကြီးအကဲတွေနဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်မှာ အလုပ်သဘော ဆွေးနွေးခဲ့ကြောင်း မြန်မာ့အလင်းသတင်းက ဖော်ပြပါတယ်။

#MyanmarRusia #VOABurmese #နျူကလီယားစွမ်းအင် #မြန်မာရုရှား #မင်းအောင်လှိုင်

မြန်မာနဲ့ရုရှား နျူ စွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ထိုး
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG