သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ႐ုရွား ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္ဖို႔ေဆြးေႏြး


Myanmar Russia

႐ုရွားနဲ႔ ျမန္မာၾကား ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္မယ့္ အေၾကာင္း စစ္ေကာင္စီ အႀကီးအကဲ နဲ႔ ႐ုရွား ကာကြယ္ေရး ဌာန တာဝန္ရွိသူေတြၾကား ဇူလိုင္လ ၁၁ ရက္ေန႔က ေဆြးေႏြးခဲ့ၾကၿပီးေနာက္ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနက အဂၤါေန႔မွာ ေျပာဆိုလိုက္သလို ျမန္မာ ႏိုင္ငံပိုင္ သတင္းေတြမွာလည္း ေဖာ္ျပၾကပါတယ္။

Zawgyi/Unicode

ျမန္မာနဲ႔ ႐ုရွား ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္ဖို႔ဆြးေႏြး

႐ုရွားနဲ႔ ျမန္မာၾကား ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္မယ့္ အေၾကာင္း စစ္ေကာင္စီ အႀကီးအကဲ နဲ႔ ႐ုရွား ကာကြယ္ေရး ဌာန တာဝန္ရွိသူေတြၾကား ဇူလိုင္လ ၁၁ ရက္ေန႔က ေဆြးေႏြးခဲ့ၾကၿပီးေနာက္ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနက အဂၤါေန႔မွာ ေျပာဆိုလိုက္သလို ျမန္မာ ႏိုင္ငံပိုင္ သတင္းေတြမွာလည္း ေဖာ္ျပၾကပါတယ္။

႐ုရွား ကာကြယ္ေရး ဌာန တာဝန္ရွိသူေတြနဲ႔ ျမန္မာ စစ္ေကာင္စီ အႀကီးအကဲၾကား ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရး အေျပာင္းအလဲေတြကို ေဆြးေႏြးခဲ့ေၾကာင္းလည္း ျမန္မာ သတင္းစဥ္က ေဖာ္ျပပါတယ္။

႐ုရွားကို သြားတဲ့ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ႐ုရွား ကာကြယ္ေရး ဝန္ႀကီး ကိုယ္စား ကာကြယ္ေရးဌာန တာဝန္ရွိသူ အႀကီးအကဲေတြနဲ႔ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာန ဧည့္ခန္းမေဆာင္မွာ အလုပ္သေဘာ ေဆြးေႏြးခဲ့ေၾကာင္း ျမန္မာ့ အလင္း သတင္းက ေဖာ္ျပပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးတဲ့ ႐ုရွားကာကြယ္ေရးဌာနက ပုဂၢိဳလ္မ်ားကေတာ့ ဘယ္သူေတြ ျဖစ္တယ္ဆိုတာကို သတင္းမွာ ေဖာ္ျပမထားပါဘူး။ န်ဴးကလီးယား စြမ္းအင္ထုတ္တဲ့ ႐ုရွားႏိုင္ငံပိုင္ Rosatom State Corporations ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Alexey Likhachev နဲ႔လည္း ျမန္မာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဇူလိုင္လ ၁၁ ရက္ေန႔က ေတြ႕ဆုံခဲ့ၾကၿပီး န်ဴးကလီးယား စြမ္းအင္ နည္းပညာ ပူးေပါင္းေဆာင္႐ြက္ႏိုင္မယ့္ အေျခအေနေတြကို ေဆြးေႏြးခဲ့ေၾကာင္းလည္း ေဖာ္ျပပါတယ္။

စစ္ေကာင္စီရဲ႕ သိပၸံနဲ႔ နည္းပညာ ဝန္ႀကီးဌာနနဲ႔ ႐ုရွားရဲ႕ Rosatom ၾကား နားလည္မႈ စာခြၽန္လႊာ တရပ္ လက္မွတ္ထိုးတယ္လို႔ ႏိုင္ငံပိုင္ သတင္းက ေဖာ္ျပေပမယ့္ ဘယ္က႑ေတြ အတြက္လည္း ဆိုတာကိုေတာ့ ေဖာ္ျပမထားပါဘူး။

###

တိုက္႐ိုက္ လင့္ခ္

မြန်မာနဲ့ ရုရှား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ဆွးနွေး

ရုရှားနဲ့ မြန်မာကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့် အကြောင်း စစ်ကောင်စီ အကြီးအကဲ နဲ့ ရုရှား ကာကွယ်ရေး ဌာန တာဝန်ရှိသူတွေကြား ဇူလိုင်လ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ကြပြီးနောက် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောဆိုလိုက်သလို မြန်မာ နိုင်ငံပိုင် သတင်းတွေမှာလည်း ဖော်ပြကြပါတယ်။

ရုရှား ကာကွယ်ရေး ဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ စစ်ကောင်စီ အကြီးအကဲကြား မြန်မာနိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲတွေကို ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာ သတင်းစဉ်က ဖော်ပြပါတယ်။

ရုရှားကို သွားတဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှား ကာကွယ်ရေး ဝန်ကြီး ကိုယ်စား ကာကွယ်ရေးဌာန တာဝန်ရှိသူ အကြီးအကဲတွေနဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ဧည့်ခန်းမဆောင်မှာ အလုပ်သဘော ဆွေးနွေးခဲ့ကြောင်း မြန်မာ့ အလင်း သတင်းက ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ ရုရှားကာကွယ်ရေးဌာနက ပုဂ္ဂိုလ်များကတော့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို သတင်းမှာ ဖော်ပြမထားပါဘူး။ နျူးကလီးယား စွမ်းအင်ထုတ်တဲ့ ရုရှားနိုင်ငံပိုင် Rosatom State Corporations ရဲ့ ညွှန်ကြားရေးမှူးချုပ် Alexey Likhachev နဲ့လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး နျူးကလီးယား စွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနနဲ့ ရုရှားရဲ့ Rosatom ကြား နားလည်မှု စာချွန်လွှာ တရပ် လက်မှတ်ထိုးတယ်လို့ နိုင်ငံပိုင် သတင်းက ဖော်ပြပေမယ့် ဘယ်ကဏ္ဍတွေ အတွက်လည်း ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

XS
SM
MD
LG