သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေထာက္ပို႔ယာဥ္တန္းကို KIA နဲ႔ PDF ပူးေပါင္းအဖြဲ႕တိုက္ခိုက္


ပူတာအိုၿမိဳ႕နယ္၊ တန္ဂ်ာေက်းရြာ (Crd: MIMU)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ပူတာအိုဘက္ကိုတက္လာတဲ့ စစ္ေကာင္စီရဲ႕ေထာက္ပို႔ယာဥ္တန္းကို တန္ဂ်ာ႐ြာအနီးမွာ KIA နဲ႔ PDF ပူးေပါင္းအဖြဲ႕ေတြက တိုက္ခိုက္တာေၾကာင့္ ကား ၃ စီး ပ်က္စီးၿပီး ျပည္သူ႔စစ္နဲ႔ စစ္ေကာင္စီတပ္သားအခ်ိဳ႕ ေသဆုံးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီရက္ပိုင္းအတြင္းမွာေတာ့ ဖားကန႔္ေဒသဘက္မွာလည္း တိုက္ခိုက္တာေတြ ဆက္တိုက္လို ျဖစ္ပြားေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ကခ်င္ျပည္နယ္က တိုက္ပြဲအေျခအေနသတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီက ေနျပည္ေတာ္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲက်င္းပေနခ်ိန္မွာပဲ ကခ်င္ျပည္နယ္အတြင္းမွာေတာ့ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။ ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ ကခ်င္ျပည္နယ္ ေျမာက္ပိုင္း ပူတာအိုၿမိဳ႕နယ္နဲ႔ ဖားကန႔္ေဒသဘက္ေတြမွာ တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။

ပူတာအိုၿမိဳ႕နယ္အတြင္းျဖစ္ပြားတဲ့တိုက္ပြဲဟာ ျမစ္ႀကီးနားကေန ပူတာအိုဘက္ကို တက္လာတဲ့ စစ္ေကာင္စီတပ္ရဲ႕ ေထာက္ပို႔ယာဥ္တန္းကို ပူတာအိုၿမိဳ႕နဲ႔ မိုင္ ၂၀ေလာက္အကြာ တန္ဂ်ာ႐ြာအနီးမွာ KIA နဲ႔ PDF ပူးေပါင္းအဖြဲ႕ေတြက တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ပူတာအို ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ မေန႔က တန္ဘြမ္နဲ႔ ေခါဘြမ္ၾကား အဲဒီ တန္ဂ်ာ႐ြာအလြန္နားမွာ KIA နဲ႔ PDF ေတြက တစီးကေတာ့ တပိုင္းတစနဲ႔ ဘက္ဖိုးတင္တဲ့ ၁၀ ဘီးကားတစီးနဲ႔ တင္သြားတာ ဟုတ္တယ္။ ပူတာအိုဘက္ ယူသြားၿပီ။ ျပည္သူ႔စစ္ ၆ ေယာက္ေသတယ္လို႔ အဲလို သတင္းရတယ္။ မေန႔ညေနပိုင္းမွာ ဟုတ္တယ္။”

ဒီစစ္ယာဥ္တန္းဟာ ကားအစီး ၈၀ ေလာက္ပါဝင္ၿပီး ဒီလ ၁၁ ရက္ေန႔က ျမစ္ႀကီးနားက ထြက္ခြာ လာေၾကာင္း ၊ ၁၈ ရက္ေန႔က ဆြမ္ပရာဘြမ္ကို ေရာက္ရွိခဲ့ၿပီး ၂၁ ရက္ေန႔မွာ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ ပူတာအိုဘက္ ဆက္လက္ ထြက္ခြာလာရာမွာ တိုက္ခိုက္ခံရၿပီး လူ ၂၀ ေလာက္ ထိခိုက္ေသဆုံးေၾကာင္း KNG ေခၚ ကခ်င္သတင္းဌာနက ေဖာ္ျပပါတယ္။

တနလၤာေန႔က ပူတာအိုမွာ တိုက္ပြဲျဖစ္ပြဲသလို ဖားကန႔္ေဒသဘက္မွာလည္း မိုင္းခြဲတာ၊ ပစ္ခတ္တာေတြ ရွိခဲ့ေၾကာင္း ေဒသခံတဦးက အခုလို ေျပာပါတယ္။

“ ေအာက္ပိုင္းက စစ္ေၾကာင္း တက္လာတာေပ့ါ။ မေန႔က မနက္ ဒီဘက္ ကရင္ေခ်ာင္႐ြာမွာ တိုက္ပြဲျဖစ္တယ္။ အဲဒီကေန ေတာက္ေလွ်ာက္ စစ္ေၾကာင္းက ႐ြာထဲ ဝင္လာတယ္။ ဝင္လာေတာ့ လမ္းမွာေပါ့။ မိုင္းေထာင္ၿပီး ေဖာက္ခြဲတာေတြျဖစ္တယ္။ မေန႔ကေတာ့ စခန္းထဲ အားလုံးဝင္သြားၿပီေပါ့။ တက္လာတဲ့စစ္ေၾကာင္းေတြေပါ့။ ဒီေန႔ေတာ့ ၿငိမ္ေနတယ္။”

ဖားကန႔္ၿမိဳ႕နယ္ စေပါ့႐ြာမွာ ပစ္ခတ္မႈျဖစ္ပြားၿပီး ဆိုင္ကယ္စီးလာတဲ့ အရပ္သားတဦးေသဆုံးခဲ့ေၾကာင္းလည္း ေျပာပါတယ္။

“ စေပါ့႐ြာနားက တံတားမွာေလ ဒီက တပ္ကုန္းက စစ္ကား ၃ စီး ထြက္လာတယ္။ ထြက္လာေတာ့ အဲဒီတံတားမွာ မိုင္းခြဲလိုက္တယ္။ ခြဲတဲ့အခါေတာ့ အဲဒီမွာ အရပ္သားတဦးက ျဖတ္သြားတဲ့အခါ ရပ္ဆိုၿပီးမွ ရပ္ခိုင္းတာ မရပ္လို႔ ပစ္တာပဲ။ အဲဒါ ေသေရာ။”

KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ဒီရက္ပိုင္းအတြင္း ပူတာအိုနဲ႔ ဖားကန႔္ေဒသမွာ တိုက္ပြဲျဖစ္ပြားတာရွိေပမယ့္ တျခားေနရာမွာေတာ့ ထူးျခားတာမရွိေၾကာင္း ေျပာပါတယ္။

“ပူတာအိုဘက္မွာ ရိကၡာပို႔တဲ့ ယာဥ္တန္းေတြကို လမ္းမွာေပါ့ေနာ္ မိုင္းဆြဲတိုက္ခိုက္တယ္ဆိုတဲ့ သတင္းေလာက္ေတာ့ ရပါတယ္။ ေနာက္ ဖားကန႔္ဘက္မွာလည္း စစ္ေကာင္စီဘက္က ထိုးဝင္လို႔ က်ေနာ္တို႔ KIA ဘက္ကနဲ႔ ခုခံတိုက္ပြဲေတြ ရွိတာကေတာ့ ၂ ရက္။ ၃ ရက္။ အဲဒါေတာ့ ရွိပါတယ္။ တျခားေနရာေတာ့ ခုထက္ထိ ဘာမွ ထူးျခားတာ မရွိဘူးခင္ဗ်။”

ဒီတိုက္ပြဲေတြအတြင္း ႏွစ္ဘက္ ထိခိုက္က်ဆုံးမႈအေျခအေနကို စစ္ေကာင္စီနဲ႔ KIA ဆီကေန သီးျခား အတည္ျပဳခ်က္ေတာ့ မရရွိပါဘူး။

စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဧၿပီလကအတြင္းက ကမ္းလွမ္းခဲ့ရာမွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO က ပါဝင္သင့္ ပါဝင္ထိုက္သူအားလုံး မပါဝင္တာေၾကာင့္ လက္မခံခဲ့ပါဘူး။

ေလာေလာဆယ္မွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႔က ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ အေၾကာင္း ျပန္ထားေပမယ့္ ကခ်င္၊ ကရင္၊ ကယား၊ ခ်င္း၊ စစ္ကိုင္းနဲ႔ မေကြး စတဲ့ေဒသေတြမွာေတာ့ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်


ကချင်ပြည်နယ် ပူတာအိုဘက်ကိုတက်လာတဲ့ စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းကို တန်ဂျာရွာအနီးမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်တာကြောင့် ကား ၃ စီး ပျက်စီးပြီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ဖားကန့်ဒေသဘက်မှာလည်း တိုက်ခိုက်တာတွေ ဆက်တိုက်လို ဖြစ်ပွားနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေသတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေချိန်မှာပဲ ကချင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့နယ်နဲ့ ဖားကန့်ဒေသဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ပူတာအိုမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲဟာ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို ပူတာအိုမြို့နဲ့ မိုင် ၂၀လောက်အကွာ တန်ဂျာရွာအနီးမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပူတာအို ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ မနေ့က တန်ဘွမ်နဲ့ ခေါဘွမ်ကြား အဲဒီ တန်ဂျာရွာအလွန်နားမှာ KIA နဲ့ PDF တွေက တစီးကတော့ တပိုင်းတစနဲ့ ဘက်ဖိုးတင်တဲ့ ၁၀ ဘီးကားတစီးနဲ့ တင်သွားတာ ဟုတ်တယ်။ ပူတာအိုဘက် ယူသွားပြီ။ ပြည်သူ့စစ် ၆ ယောက်သေတယ်လို့ အဲလို သတင်းရတယ်။ မနေ့ညနေပိုင်းမှာ ဟုတ်တယ်။”

ဒီစစ်ယာဉ်တန်းဟာ ကားအစီး ၈၀ လောက်ပါဝင်ပြီး ဒီလ ၁၁ ရက်နေ့က မြစ်ကြီးနားက ထွက်ခွာ လာကြောင်း ၊ ၁၈ ရက်နေ့က ဆွမ်ပရာဘွမ်ကို ရောက်ရှိခဲ့ပြီး ၂၁ ရက်နေ့မှာ မော်တော်ယာဉ်အချို့ ပူတာအိုဘက် ဆက်လက် ထွက်ခွာလာရာမှာ တိုက်ခိုက်ခံရပြီး လူ ၂၀ လောက် ထိခိုက်သေဆုံးကြောင်း KNG ခေါ် ကချင်သတင်းဌာနက ဖော်ပြပါတယ်။

တနင်္လာနေ့က ပူတာအိုမှာ တိုက်ပွဲဖြစ်ပွဲသလို ဖားကန့်ဒေသဘက်မှာလည်း မိုင်းခွဲတာ၊ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“ အောက်ပိုင်းက စစ်ကြောင်း တက်လာတာပေ့ါ။ မနေ့က မနက် ဒီဘက် ကရင်ချောင်ရွာမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီကနေ တောက်လျှောက် စစ်ကြောင်းက ရွာထဲ ဝင်လာတယ်။ ဝင်လာတော့ လမ်းမှာပေါ့။ မိုင်းထောင်ပြီး ဖောက်ခွဲတာတွေဖြစ်တယ်။ မနေ့ကတော့ စခန်းထဲ အားလုံးဝင်သွားပြီပေါ့။ တက်လာတဲ့စစ်ကြောင်းတွေပေါ့။ ဒီနေ့တော့ ငြိမ်နေတယ်။”

ဖားကန့်မြို့နယ် စပေါ့ရွာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးလာတဲ့ အရပ်သားတဦးသေဆုံးခဲ့ကြောင်းလည်း ပြောပါတယ်။

“ စပေါ့ရွာနားက တံတားမှာလေ ဒီက တပ်ကုန်းက စစ်ကား ၃ စီး ထွက်လာတယ်။ ထွက်လာတော့ အဲဒီတံတားမှာ မိုင်းခွဲလိုက်တယ်။ ခွဲတဲ့အခါတော့ အဲဒီမှာ အရပ်သားတဦးက ဖြတ်သွားတဲ့အခါ ရပ်ဆိုပြီးမှ ရပ်ခိုင်းတာ မရပ်လို့ ပစ်တာပဲ။ အဲဒါ သေရော။”

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီရက်ပိုင်းအတွင်း ပူတာအိုနဲ့ ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာရှိပေမယ့် တခြားနေရာမှာတော့ ထူးခြားတာမရှိကြောင်း ပြောပါတယ်။

“ပူတာအိုဘက်မှာ ရိက္ခာပို့တဲ့ ယာဉ်တန်းတွေကို လမ်းမှာပေါ့နော် မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းလောက်တော့ ရပါတယ်။ နောက် ဖားကန့်ဘက်မှာလည်း စစ်ကောင်စီဘက်က ထိုးဝင်လို့ ကျနော်တို့ KIA ဘက်ကနဲ့ ခုခံတိုက်ပွဲတွေ ရှိတာကတော့ ၂ ရက်။ ၃ ရက်။ အဲဒါတော့ ရှိပါတယ်။ တခြားနေရာတော့ ခုထက်ထိ ဘာမှ ထူးခြားတာ မရှိဘူးခင်ဗျ။”

ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီနဲ့ KIA ဆီကနေ သီးခြား အတည်ပြုချက်တော့ မရရှိပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဧပြီလကအတွင်းက ကမ်းလှမ်းခဲ့ရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး မပါဝင်တာကြောင့် လက်မခံခဲ့ပါဘူး။

လောလောဆယ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြောင်း ပြန်ထားပေမယ့် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေး စတဲ့ဒေသတွေမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
============

XS
SM
MD
LG