သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကင္းမ႐ြာ မီးရႈိ႕ခံရမႈအေျခအေန တႏွစ္ျပည့္


မေကြးတုိင္း၊ ေပါက္ၿမိဳ႕နယ္ ကင္းမေက်းရြာ မီး႐ိႈ႕ခံရစဥ္။ (ယခင္မွတ္တမ္းဓာတ္ပံု) 


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ပထမဆုံး ေနအိမ္ ၁၀၀ ေက်ာ္မီးေလာင္ကြၽမ္းခဲ့တဲ့ ကင္းမေက်း႐ြာေဒသခံေတြဟာ တႏွစ္နီးပါး ၾကာျမင့္တဲ့အထိ ေတာေတာင္ေတြထဲမွာပဲ ေနထိုင္ေနရပါတယ္။ ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့တာေၾကာင့္ ပုံမွန္ဘဝ ျပန္လည္မတည္ေထာင္ႏိုင္ေတာ့ဘဲ တခ်ိဳ႕ ဆိုရင္ ေနရပ္စြန႔္ခြာၿပီး အလုပ္လုပ္ကိုင္ေနၾကရပါတယ္။ ကင္းမ႐ြာ မီးေလာင္ၿပီး တႏွစ္ျပည့္ ေဒသခံေတြရဲ႕ဘဝအေျခအေန ရန္ကုန္က သတင္းေပးပို႔ထားတာ ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ အာဏာသိမ္းစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြ တိုက္ပြဲေတြ ျဖစ္ၿပီး စစ္တပ္က နယ္ေျမရွင္းလင္းေရးစစ္ေတြ စတင္လာရာမွာ မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္က ကင္းမ ႐ြာမွာ ၂၀၂၁ ခုႏွစ္ ဇြန္လ ၁၅ ရက္ေန႔က ေနအိမ္ (၁၀၀) ေက်ာ္ မီးေလာင္ကြၽမ္းခဲ့ရတာပါ။ ကင္းမေက်း ႐ြာ ေဒသခံေတြဟာ အေစာပိုင္းမွာ စစ္အာဏာသိမ္းမႈကို ၿငိမ္းခ်မ္းစြာကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ၂၀၂၁ ေမလထဲမွာ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ အာဏာသိမ္းမႈကို လက္နက္ကိုင္ေတာ္လွန္မႈေတြစခဲ့ၿပီး ဇြန္လအစပိုင္းမွာေတာ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဖြဲၿပီး တူမီးေသနတ္ေတြသံုးၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ အျပန္အလွန္တိုက္ပြဲေတြရွိခဲ့ပါတယ္။ ဇြန္လ ၁၅ ရက္ မနက္ပိုင္းမွာ ေပါက္၊ ေရျပာ၊ ကိုင္းပင္ ရဲစခန္းက ရဲအင္အား ၂၀ ေလာက္ဟာ ကင္းမေက်း႐ြာအနီး ေရာက္ရွိလာၿပီး ေဒသခံ ျပည္သူ႔ ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ဇြန္လ ၁၅ ရက္ ကင္းမ႐ြာ မီးမရႈိ႕ခံရမီ တိုက္ပြဲျဖစ္ပြားခဲ့တဲ့အေျခအေနကို ကိုယ္တိုင္ပါဝင္ခဲ့သူ တဦးက အခုလို ျပန္ေျပာျပပါတယ္။

“အဲ့မွာ ကင္းမရဲ႕ အေရွ႕ဘက္ေတာင္ေၾကာေပၚမွာ ကင္းေခ်ာင္းတဘက္ကမ္းေပါ့။ အဲ့တဖြဲ႕နဲ႔ စတင္ထိေတြ႕မႈျဖစ္တာ။ စတင္ထိေတြ႕မႈျဖစ္တဲ့အခ်ိန္မွာ က်ေနာ္ကေတာ့ ႐ြာထဲမွာလိုက္ၿပီး စီစဥ္ေနတုန္းရွိေသးတယ္။ တဂ်ိမ္းဂ်ိမ္းခ်ၿပီဆိုေတာ့ အဲ့မွာ ဟိုေကာင္ေတြက ဆိုင္ကယ္ေတြ မီးရႈိ႕တယ္။ ႐ြာသားဆိုင္ကယ္ေတြေကာ က်ေနာ္တို႔ဆီက ဆိုင္ကယ္ေတြေကာ မီးရႈိ႕ၿပီးတက္လာတဲ့အခ်ိန္ က်ေနာ္နဲ႔ စျဖစ္တာ။ က်ေနာ္လည္း က်ည္ကုန္ေတာ့ ဆုတ္ေပးရတယ္။ ၁၀ နာရီခြဲေလာက္က စျဖစ္တာက သူတို႔ ဝင္တာက ေန႔ခင္း ၂ နာရီေက်ာ္မွ ဝင္တယ္။ အဲ့မွာ က်ေနာ္တို႔ရဲေဘာ္ေတြလည္းဆုတ္၊ က်ေနာ္တို႔လည္း ဆုတ္ေပါ့။ က်ေနာ္တို႔မွာ ပစ္စရာက်ည္မွ မရွိေတာ့တာ။ အဲ့ဒါနဲ႔ ဆုတ္ဆုတ္ရင္း က်ေနာ္တို႔ ေတာင္ေပၚေရာက္တဲ့အခ်ိန္မွာ မီးစရႈိ႕ေနၿပီ။ စစ္တပ္က စစ္ကား ၃ စီးေရာက္လာတယ္။ ရႈိ႕တာက ရဲက ရႈိ႕တာမဟုတ္ဘူး။ စစ္တပ္ကရႈိ႕တာ။”

ကင္းမ႐ြာမီးေလာင္တာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ မီးရႈိ႕တာျဖစ္တယ္လို႔ မီးေလာင္ၿပီး ေနာက္ရက္မွာ တရားဝင္ သတင္းထုတ္ျပန္ပါတယ္။ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ေက်း႐ြာသားေတြကေတာ့ စစ္ေကာင္စီတပ္ေတြ မီးရႈိ႕တာျဖစ္တယ္လို႔ အခိုင္အမာ ေျပာပါတယ္။ ေနအိမ္ေတြမီးရႈိ႕ခံရခ်ိန္မွာ ေက်း႐ြာထဲက ေနအိမ္ေတြထဲကေန က်န္းမာေရး မေကာင္းလို႔ မေျပးႏိုင္တဲ့ သက္ႀကီး႐ြယ္အို ၂ ဦးလည္း မီးေလာင္ၿပီး ေသဆုံးခဲ့ပါေသးတယ္။

၂၀၂၁ ခုႏွစ္ဇြန္လ ၁၅ ရက္ေန႔က ႐ြာမီးေလာင္ကြၽမ္းခဲ့တာေၾကာင့္ အိမ္ေျခ ၂၅၄ လံုးရွိတဲ့ ေက်း႐ြာဟာ ေနအိမ္ ၁၂၃ လုံး ေလာင္ကြၽမ္းခဲ့ရပါတယ္။ မီးေလာင္ကြၽမ္းၿပီးတာ ၁ ႏွစ္ေလာက္ရွိၿပီျဖစ္ေပမယ့္ ေဒသခံေတြဟာ ေတာေတာင္ေတြထဲမွာပဲ ေနထိုင္ေနရပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ မၾကာခဏဆိုသလို ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ နယ္ေျမရွင္းလင္းေနတဲ့အတြက္ ေနအိမ္ေတြကို မျပန္ေတာ့ဘဲ ေတာေတာင္ေတြထဲမွာပဲ ေနထိုင္ေနရတာျဖစ္ပါတယ္။

ကင္းမေက်း႐ြာသားတဦးျဖစ္တဲ့ ဦးသိန္းဝင္း (အမည္လႊဲ) ဟာ သားသမီး ၃ ဦးရဲ႕ အေဖျဖစ္ၿပီး သားသမီးေတြကို ပညာတတ္ျဖစ္ၾကဖို႔ ရည္မွန္းခ်က္ရွိတဲ့ ဖခင္တဦးပါ။ အာဏာမသိမ္းခင္က သမီးကို ၿမိဳ႕က ဂ်ပန္စကားေျပာ သင္တန္းေက်ာင္းမွာထားၿပီး ဂ်ပန္ကိုလႊတ္ဖို႔ ရည္႐ြယ္ခဲ့ၿပီး စစ္ေကာင္စီက အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ တိုင္းျပည္မၿငိမ္မသက္တာေၾကာင့္ ဂ်ပန္သြားမယ့္ သမီးျဖစ္သူကို ႐ြာကို ျပန္ေခၚခဲ့ပါတယ္။ အခုအခါမွာေတာ့ သမီးျဖစ္သူဟာ ဂ်ပန္ကို မသြားျဖစ္ေတာ့ဘဲ အိမ္ေထာင္က်သြားၿပီလို႔ သားသမီးအတြက္ သူ႔ရည္မွန္းခ်က္ပ်က္ခဲ့ရပုံကို ရယ္ပြဲဖြဲ႕ၿပီး ေျပာပါတယ္။

“အိမ္မွာရွိတဲ့သူေတြကလည္း မီးရႈိ႕ရင္ လြယ္လြယ္ မေလာင္ေအာင္လို႔ (အိမ္) အကာေတြျဖဳတ္ၿပီးေတာ့မွ ယူထားေတာ့တာ။ ၾကမ္းခင္းနဲ႔ အမိုးနဲ႔ အဲ့ဒါေတြပဲ ထားထားၾကေတာ့တာ။ အကာေတြဘာေတြမထားေတာ့ဘူး။ ပစ္ထားၾကေတာ့တာ အိမ္ေတြကို။ လြယ္လြယ္နဲ႔ မီးရႈိ႕လို႔ မေလာင္ေအာင္ေပါ့ဗ်ာ။ အဲ့လိုေတြလုပ္ထားၾကေတာ့တာ။ အိမ္ရွိတဲ့သူေတြကလည္း ေတာထဲမွာပဲ ေနၾကရေတာ့တာ။ မေျပာတတ္ေလာက္ေအာင္ကိုျဖစ္ေနၿပီ။ က်ေနာ္တို႔လည္း အိမ္ေတာ့ ျပန္ေတာ့ ျပန္ေနခ်င္တာေပါ့။ အဲ့ကိုဗစ္နဲ႔ေကာ စစ္ေဘးနဲ႔ မီးေဘးေကာ တၿပိဳင္တည္း က်လိုက္တဲ့အခါက်ေတာ့ က်ေနာ္တို႔ရည္မွန္းခ်က္ေတြ ေပ်ာက္ကုန္ တာေပါ့။ ကြၽန္ေတာ္တို႔ သားသမီးေတြရဲ႕ ပညာေရးေတြက ရပ္တန႔္သြားေတာ့တာေပါ့။ ကေလးေတြက စက္မႈသင္တန္းေက်ာင္းေတြမွာ၊ ဂ်ပန္သင္တန္းေက်ာင္းေတြမွာ တက္ေနတဲ့ သူေတြရွိတယ္ဗ်။ အဲ့ဒါေတြက အခုျပန္ေရာက္ၿပီးမွ အဲ့လိုေတြဆိုေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ခ်က္ေတြက ေမွ်ာ္လင့္သလို ျဖစ္မလာေတာ့ဘူးဗ်။ ဂ်ပန္သင္တန္းေက်ာင္း စကားေျပာသင္တန္းေက်ာင္းမွာ တက္ေနတာဗ်။ ဂ်ပန္ကိုသြားရမွာ အဲ့ဒါကို ကိုဗစ္ျဖစ္လို႔ဆိုၿပီး ႐ြာျပန္ေန ႐ြာျပန္ေနေတာ့ အာဏာသိမ္း။ အာဏာသိမ္းၿပီးေတာ့ ႐ြာမီးရႈိ႕ ။ အဲ့ဒါေတြက ဆက္တိုက္ျဖစ္လာေတာ့ အဲ့ဟာေတြက ဘာမွကို ျဖစ္မလာေတာ့ဘဲ ကိုယ့္႐ြာေနၿပီး အိမ္ေထာင္က်သြားေတာ့တာ။”

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာမသိမ္းမီအခ်ိန္အထိ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာရွိတဲ့ ကင္းမ႐ြာဟာ လယ္ယာစိုက္ပ်ိဳးေရးကို အဓိကထားလုပ္ကိုင္တဲ့ ေအးခ်မ္းတဲ့ ေက်း႐ြာေလးတ႐ြာျဖစ္ ပါတယ္။ ေပါက္ၿမိဳ႕နယ္နဲ႔ ၁၆ မိုင္အကြာမွာရွိသလို ပခုကၠဴၿမိဳ႕နဲ႔ မိုင္ ၆၀ နီးပါး အလွမ္းေဝးၿပီး ေက်း ႐ြာ သားေတြဟာ စပါး၊ ပဲ၊ ၾကက္သြန္နဲ႔ ကြမ္း႐ြက္ေတြကို အဓိက စိုက္ပ်ိဳးၾကပါတယ္။ ဒီေနာက္ပိုင္း နယ္ေျမရွင္းလင္းၿပီး ေက်း႐ြာေတြကေန ၿမိဳ႕ေပၚေတြဆီကို အသြားအလာကန႔္သတ္တာေတြ ဓာတ္ေျမၾသဇာသယ္ ယူတာေတြကို တင္းၾကပ္စြာ တားျမစ္လာတဲ့အတြက္ ေတာင္သူေတြမွာ အခက္ေတြ႕လာရပါတယ္။

စိုက္ပ်ိဳးေရးလုပ္ကိုင္ရတာ ခက္ခဲလာတဲ့အေျခအေနကို ဦးသိန္းဝင္း (အမည္လႊဲ) က အခုလိုေျပာျပပါမယ္။

“ရည္႐ြယ္ခ်က္က ႀကီးႀကီးမားမားေတြ မွန္းလို႔မရေတာ့ဘူးေပါ့ဗ်ာ။ ေျပာမယ္ဆိုရင္ ေန႔တိုင္းထမင္းစားရၿပီးေရာ အဲ့လို ပုံစံမ်ိဳးကို လုပ္ေနရတာ။ ေတာင္သူအလုပ္ေတာ့ လုပ္ေနတာပဲ အရင္ေလာက္ေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္မလုပ္ႏိုင္ေတာ့ဘူး။ ၾကက္သြန္ဆိုလည္း ကားေတြဘာေတြက ၿမိဳ႕ေတြမသြားရေတာ့ ၾကက္သြန္လည္း မလုပ္ႏိုင္ေတာ့ဘူး။ စားေသာက္ျဖစ္ယုံေပါ့ဗ်ာ။ စီးပြားေရးအတြက္ ၿမိဳ႕ေပၚမွာ ေရာင္းဖို႔ခ်ဖို႔ မလုပ္ဘဲ အိမ္တြင္ စားေလာက္ယုံ အဲ့လိုေလာက္ပဲ အက်ဥ္းခ်ဳံးလုပ္ေတာ့တာဗ်။ ဒါေတာင္မွ အဲ့ဒီပစၥည္းေတြရလို႔ရွိရင္ လူေနတာက တေနရာ၊ ပစၥည္းေတြထားတာက တေနရာ ေနရာခြဲထားရတာဗ်။ ေတာထဲ တဲတိုက္ေတြကိုလည္း မီးရႈိ႕တယ္။ ၿမိဳ႕ကိုလည္း ဒီကထြက္တဲ့ ၾကက္သြန္ကားေတြ၊ ပဲစင္းငုံတို႔ အဲ့ဒါေတြ သြားလို႔မရေတာ့ဘူး။ ၿမိဳ႕ကလာတဲ့ ဆန္ေတြ ေျမၾသဇာအိတ္ေတြ ဆိုရင္လည္း လမ္းေၾကာင္းကေနျဖတ္ၿပီး သူတို႔က ယူထားလိုက္ေတာ့တာဗ်။ အရင္ အေျခအေနျဖစ္ေအာင္ ေတာ္ေတာ္ေစာင့္ဆိုင္းရမယ္ထင္ပါတယ္။ ေခတ္ကာလေကာင္းသြားမွ ေခတ္ကာလေကာင္းဆို အခုစစ္ေကာင္စီက အုပ္ေနသမွ်ေတာ့ အရင္အေျခအေနေလာက္ ျပန္ေရာက္ဖို႔ မျမင္ေတာ့ပါဘူး။”

မီးေလာင္တဲ့ေန႔က ကင္းမ႐ြာသူတဦးျဖစ္တဲ့ မၿဖိဳးေလးဟာ သူအလုပ္လုပ္တဲ့ လယ္ကြင္းကေန ႐ြာကို ျပန္လာေနတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ ႐ြာထဲမွာ ပစ္ခတ္ေနၿပီး က်ည္ဆံေတြ ၾကားကေန ေဘးလြတ္ရာကို ေျပးလႊားခဲ့ရပါတယ္။ ေဘးလြတ္ရာေရာက္တဲ့အခ်ိန္မွာ သူ႔႐ြာ မီးရႈိ႕ခံရတာကို ေဘးလြတ္ရာ ေနရာကေန ၾကည့္ရခဲ့ရတဲ့ ျမင္ကြင္းကို ၁ ႏွစ္နီးပါး ၾကာျမင့္ခ်ိန္အထိ မေမ့ေသးတဲ့ အေၾကာင္း ေျပာပါတယ္။

“မီးေလာင္ေနတာကို ကိုယ္က ဘာမွမလုပ္ႏိုင္ခဲ့ဘူး။ ထိုင္ၿပီးေငးၾကည့္ေနခဲ့ရတာ။ အဲ့လိုအခ်ိန္ကို အခုထိလည္း သတိရေသးတယ္။ ေမ့လည္း မေမ့ႏိုင္ေသးဘူးေပါ့။ ကိုယ္က ျမင္သာျမင္ရတာ ဘာမွ မလုပ္ႏိုင္ခဲ့ဘူးေပါ့။သူတို႔လုပ္တာကိုပဲ ဒီတိုင္းၾကည့္ေနရတာ။ အခုထက္ထိ မေမ့ေသးဘူး။ ကိုယ္ေျပးခဲ့ရတာေတြကအစ ႐ြာထဲကေန ေသနတ္ပစ္ ေသနတ္ေတြပစ္ေနတဲ့ ၾကားထဲက ေျပးခဲ့ရတာေတြကအစ အကုန္မွတ္မိေနေသးတယ္။”-

႐ြာမီးရႈိ႕ၿပီးေနာက္ပိုင္း ေနထိုင္ဖို႔ ခက္ခဲလာတာအျပင္ စားဝတ္ေနေရး မေျပလည္တာေတြ ရွိလာတဲ့အတြက္ ေက်း႐ြာကေနထိုင္တဲ့လူငယ္ေတြဟာ ႏိုင္ငံရပ္ျခားမွာ သြားေရာက္ အလုပ္လုပ္ကိုင္တာေတြအျပင္ ေဆြမ်ိဳးေတြရွိတဲ့ ေနရာေတြမွာ သြားေရာက္ အလုပ္လုပ္ကိုင္ေနၾကရပါတယ္။

အခုလို ေက်း႐ြာေတြကို စြန႔္ခြါၿပီး သြားေရာက္အလုပ္လုပ္ကိုင္ရတဲ့ထဲမွာ မၿဖိဳးေလးလည္း တေယာက္ အပါအဝင္ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေနအိမ္ မီးေလာင္ၿပီးေနာက္ပိုင္း စားဝတ္ေနေရးအတြက္ အလုပ္လုပ္လုပ္ျဖစ္ပုံကိုလည္း အခုလိုေျပာျပပါေသးတယ္။

“႐ြာမွာေတာ့ အေျခအေနကေတာ့ အခုထက္ထိ အဆင္မေျပေသးဘူးေပါ့။ စားဝတ္ေနေရးကအစ အဆင္မေျပဘူး။ ညီမတို႔ဘက္က လယ္မွ မလုပ္ရင္ စားမရေတာ့ဘူးေလ။ အခုခ်ိန္ထိက သူတို႔က တလကို ၁ ခါ ၂ ခါ ပုံမွန္လာတာဆိုေတာ့ အၿမဲတမ္း ေရွာင္ေနရတုန္းပဲရွိေသးတယ္။ အိမ္မွာက စားဝတ္ေနေရးကအစ မလြယ္ေတာ့ဘူးေလ။ ႐ြာမွာဆိုလည္း လုပ္ရတာ ဘာအလုပ္မွ ေရေရရာရာမရွိေတာ့ဘူး။ ကိုယ့္မွာ အိမ္လည္းမရွိေတာ့ဘူး။ ႏိုင္ငံေရးမွမေကာင္းတာ။ ႏိုင္ငံေရးက ဘယ္မွမေကာင္း ကိုယ့္မွာ အိမ္လည္း ေဆာက္ရမယ္။ စားဝတ္ေနေရးကအစ။ ကိုယ္အျပင္ထြက္ရွာမွ ကိုယ့္အိမ္မ်ာ အေဖအေမနဲ႔ညီမနဲ႔ဆိုေတာ့ ႐ြာမွေတာ့ ဘာမွ လုပ္မရေတာ့ဘူးေလ။”

ေက်း႐ြာမီးရႈိ႕ခံရၿပီးေနာက္ပိုင္း မၿဖိဳးေလးနည္းတူ ႐ြာကေန ထြက္ခြါၿပီး ထိုင္း ၊ မေလးရွား စတဲ့ ႏိုင္ငံျခားေတြကို သြားေရာက္ အလုပ္အလုပ္ကိုင္သူ အမ်ားအျပားရွိေနပါတယ္။ ကင္းမေက်း႐ြာဟာ မၾကာခဏဆိုသလို မီးရႈိ႕ခံရၿပီး စတင္မီးေလာင္ၿပီးေနာက္ပိုင္း အလႉရွင္အခ်ိဳ႕ရွိခဲ့ေပမယ့္ လႉတဲ့ပစၥည္းအခ်ိဳ႕ကိုလည္း စစ္ေကာင္စီက မီးရႈိ႕ဖ်က္ဆီးတာေတြ လုပ္ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ ဧၿပီလထဲမွာ စစ္ေကာင္စီရဲ႕ တေက်ာ့ျပန္ နယ္ေျမရွင္းလင္းမႈေတြအတြင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းက ေက်း႐ြာ ၂၀ နီးပါးက ရာနဲ႔ခ်ီတဲ့ ေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသလို အဲ့ဒီထဲမွာ ကင္းမေက်း႐ြာရဲ႕ ေနအိမ္ ၂၂ လုံး မီးရႈိ႕လုံးလည္း မီးထပ္ ရႈိ႕ခဲ့ခံရပါတယ္။ အဲ့ဒီ ၂၂ လုံးထဲမွာ ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့တဲ့ေနရာမွာ ျပန္ေဆာက္ထားတဲ့ အိမ္အသစ္ ၄ လုံးလည္း ပါဝင္ခဲ့ပါတယ္။

ကင္းမေက်း႐ြာမီးေလာင္မႈဟာ ၁ ႏွစ္နီးပါး ၾကာျမင့္လာၿပီျဖစ္ေပမယ့္ ေက်း႐ြာသားေတြဟာ ေတာေတာင္ေတြထဲ ခက္ခက္ခဲခဲ ႐ုန္းကန္လႈပ္ရွားေနရၿပီး မီးေလာင္ကြၽမ္းတာနဲ႔ ပတ္သက္လို႔ ႏွစ္ဘက္ အျပန္အလွန္ အျပစ္တင္ခဲ့ၾကၿပီး အခုခ်ိန္ထိေတာ့ ျပန္လည္ထူေထာင္ဖို႔အတြက္ မျဖစ္ႏိုင္ေသးတဲ့ အေျခအေနမွာပဲရွိေနပါေသးတယ္ခင္ဗ်ာ။

ကင္းမ႐ြာ မီးရႈိ႕ခံရမႈအေျခအေန တႏွစ္ျပည့္
please wait

No media source currently available

0:00 0:09:06 0:00
တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

ကင်းမရွာ မီးရှို့ခံရမှုအခြေအနေ တနှစ်ပြည့်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမကျေးရွာဒေသခံတွေဟာ တနှစ်နီးပါး ကြာမြင့်တဲ့အထိ တောတောင်တွေထဲမှာပဲ နေထိုင်နေရပါတယ်။ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တာကြောင့် ပုံမှန်ဘဝ ပြန်လည်မတည်ထောင်နိုင်တော့ဘဲ တချို့ ဆိုရင် နေရပ်စွန့်ခွာပြီး အလုပ်လုပ်ကိုင်နေကြရပါတယ်။ ကင်းမရွာ မီးလောင်ပြီး တနှစ်ပြည့် ဒေသခံတွေရဲ့ဘဝအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ဖြစ်ပြီး စစ်တပ်က နယ်မြေရှင်းလင်းရေးစစ်တွေ စတင်လာရာမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမ ရွာမှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က နေအိမ် (၁၀၀) ကျော် မီးလောင်ကျွမ်းခဲ့ရတာပါ။ ကင်းမကျေး ရွာ ဒေသခံတွေဟာ အစောပိုင်းမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၂၁ မေလထဲမှာ ပေါက်မြို့နယ်တောင်ပိုင်းမှာ အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှုတွေစခဲ့ပြီး ဇွန်လအစပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖွဲပြီး တူမီးသေနတ်တွေသုံးပြီး စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်တိုက်ပွဲတွေရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက် မနက်ပိုင်းမှာ ပေါက်၊ ရေပြာ၊ ကိုင်းပင် ရဲစခန်းက ရဲအင်အား ၂၀ လောက်ဟာ ကင်းမကျေးရွာအနီး ရောက်ရှိလာပြီး ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၁၅ ရက် ကင်းမရွာ မီးမရှို့ခံရမီ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေကို ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးက အခုလို ပြန်ပြောပြပါတယ်။

“အဲ့မှာ ကင်းမရဲ့ အရှေ့ဘက်တောင်ကြောပေါ်မှာ ကင်းချောင်းတဘက်ကမ်းပေါ့။ အဲ့တဖွဲ့နဲ့ စတင်ထိတွေ့မှုဖြစ်တာ။ စတင်ထိတွေ့မှုဖြစ်တဲ့အချိန်မှာ ကျနော်ကတော့ ရွာထဲမှာလိုက်ပြီး စီစဉ်နေတုန်းရှိသေးတယ်။ တဂျိမ်းဂျိမ်းချပြီဆိုတော့ အဲ့မှာ ဟိုကောင်တွေက ဆိုင်ကယ်တွေ မီးရှို့တယ်။ ရွာသားဆိုင်ကယ်တွေကော ကျနော်တို့ဆီက ဆိုင်ကယ်တွေကော မီးရှို့ပြီးတက်လာတဲ့အချိန် ကျနော်နဲ့ စဖြစ်တာ။ ကျနော်လည်း ကျည်ကုန်တော့ ဆုတ်ပေးရတယ်။ ၁၀ နာရီခွဲလောက်က စဖြစ်တာက သူတို့ ဝင်တာက နေ့ခင်း ၂ နာရီကျော်မှ ဝင်တယ်။ အဲ့မှာ ကျနော်တို့ရဲဘော်တွေလည်းဆုတ်၊ ကျနော်တို့လည်း ဆုတ်ပေါ့။ ကျနော်တို့မှာ ပစ်စရာကျည်မှ မရှိတော့တာ။ အဲ့ဒါနဲ့ ဆုတ်ဆုတ်ရင်း ကျနော်တို့ တောင်ပေါ်ရောက်တဲ့အချိန်မှာ မီးစရှို့နေပြီ။ စစ်တပ်က စစ်ကား ၃ စီးရောက်လာတယ်။ ရှို့တာက ရဲက ရှို့တာမဟုတ်ဘူး။ စစ်တပ်ကရှို့တာ။”

ကင်းမရွာမီးလောင်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မီးရှို့တာဖြစ်တယ်လို့ မီးလောင်ပြီး နောက်ရက်မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျေးရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ မီးရှို့တာဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။ နေအိမ်တွေမီးရှို့ခံရချိန်မှာ ကျေးရွာထဲက နေအိမ်တွေထဲကနေ ကျန်းမာရေး မကောင်းလို့ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၂ ဦးလည်း မီးလောင်ပြီး သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရွာမီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၂၅၄ လုံးရှိတဲ့ ကျေးရွာဟာ နေအိမ် ၁၂၃ လုံး လောင်ကျွမ်းခဲ့ရပါတယ်။ မီးလောင်ကျွမ်းပြီးတာ ၁ နှစ်လောက်ရှိပြီဖြစ်ပေမယ့် ဒေသခံတွေဟာ တောတောင်တွေထဲမှာပဲ နေထိုင်နေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို ပေါက်မြို့နယ် တောင်ပိုင်းမှာ နယ်မြေရှင်းလင်းနေတဲ့အတွက် နေအိမ်တွေကို မပြန်တော့ဘဲ တောတောင်တွေထဲမှာပဲ နေထိုင်နေရတာဖြစ်ပါတယ်။

ကင်းမကျေးရွာသားတဦးဖြစ်တဲ့ ဦးသိန်းဝင်း (အမည်လွှဲ) ဟာ သားသမီး ၃ ဦးရဲ့ အဖေဖြစ်ပြီး သားသမီးတွေကို ပညာတတ်ဖြစ်ကြဖို့ ရည်မှန်းချက်ရှိတဲ့ ဖခင်တဦးပါ။ အာဏာမသိမ်းခင်က သမီးကို မြို့က ဂျပန်စကားပြော သင်တန်းကျောင်းမှာထားပြီး ဂျပန်ကိုလွှတ်ဖို့ ရည်ရွယ်ခဲ့ပြီး စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက် တိုင်းပြည်မငြိမ်မသက်တာကြောင့် ဂျပန်သွားမယ့် သမီးဖြစ်သူကို ရွာကို ပြန်ခေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ သမီးဖြစ်သူဟာ ဂျပန်ကို မသွားဖြစ်တော့ဘဲ အိမ်ထောင်ကျသွားပြီလို့ သားသမီးအတွက် သူ့ရည်မှန်းချက်ပျက်ခဲ့ရပုံကို ရယ်ပွဲဖွဲ့ပြီး ပြောပါတယ်။

“အိမ်မှာရှိတဲ့သူတွေကလည်း မီးရှို့ရင် လွယ်လွယ် မလောင်အောင်လို့ (အိမ်) အကာတွေဖြုတ်ပြီးတော့မှ ယူထားတော့တာ။ ကြမ်းခင်းနဲ့ အမိုးနဲ့ အဲ့ဒါတွေပဲ ထားထားကြတော့တာ။ အကာတွေဘာတွေမထားတော့ဘူး။ ပစ်ထားကြတော့တာ အိမ်တွေကို။ လွယ်လွယ်နဲ့ မီးရှို့လို့ မလောင်အောင်ပေါ့ဗျာ။ အဲ့လိုတွေလုပ်ထားကြတော့တာ။ အိမ်ရှိတဲ့သူတွေကလည်း တောထဲမှာပဲ နေကြရတော့တာ။ မပြောတတ်လောက်အောင်ကိုဖြစ်နေပြီ။ ကျနော်တို့လည်း အိမ်တော့ ပြန်တော့ ပြန်နေချင်တာပေါ့။ အဲ့ကိုဗစ်နဲ့ကော စစ်ဘေးနဲ့ မီးဘေးကော တပြိုင်တည်း ကျလိုက်တဲ့အခါကျတော့ ကျနော်တို့ရည်မှန်းချက်တွေ ပျောက်ကုန် တာပေါ့။ ကျွန်တော်တို့ သားသမီးတွေရဲ့ ပညာရေးတွေက ရပ်တန့်သွားတော့တာပေါ့။ ကလေးတွေက စက်မှုသင်တန်းကျောင်းတွေမှာ၊ ဂျပန်သင်တန်းကျောင်းတွေမှာ တက်နေတဲ့ သူတွေရှိတယ်ဗျ။ အဲ့ဒါတွေက အခုပြန်ရောက်ပြီးမှ အဲ့လိုတွေဆိုတော့ ကျွန်တော်တို့ မျှော်လင့်ချက်တွေက မျှော်လင့်သလို ဖြစ်မလာတော့ဘူးဗျ။ ဂျပန်သင်တန်းကျောင်း စကားပြောသင်တန်းကျောင်းမှာ တက်နေတာဗျ။ ဂျပန်ကိုသွားရမှာ အဲ့ဒါကို ကိုဗစ်ဖြစ်လို့ဆိုပြီး ရွာပြန်နေ ရွာပြန်နေတော့ အာဏာသိမ်း။ အာဏာသိမ်းပြီးတော့ ရွာမီးရှို့ ။ အဲ့ဒါတွေက ဆက်တိုက်ဖြစ်လာတော့ အဲ့ဟာတွေက ဘာမှကို ဖြစ်မလာတော့ဘဲ ကိုယ့်ရွာနေပြီး အိမ်ထောင်ကျသွားတော့တာ။”

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာမသိမ်းမီအချိန်အထိ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကင်းမရွာဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်တဲ့ အေးချမ်းတဲ့ ကျေးရွာလေးတရွာဖြစ် ပါတယ်။ ပေါက်မြို့နယ်နဲ့ ၁၆ မိုင်အကွာမှာရှိသလို ပခုက္ကူမြို့နဲ့ မိုင် ၆၀ နီးပါး အလှမ်းဝေးပြီး ကျေး ရွာ သားတွေဟာ စပါး၊ ပဲ၊ ကြက်သွန်နဲ့ ကွမ်းရွက်တွေကို အဓိက စိုက်ပျိုးကြပါတယ်။ ဒီနောက်ပိုင်း နယ်မြေရှင်းလင်းပြီး ကျေးရွာတွေကနေ မြို့ပေါ်တွေဆီကို အသွားအလာကန့်သတ်တာတွေ ဓာတ်မြေသြဇာသယ် ယူတာတွေကို တင်းကြပ်စွာ တားမြစ်လာတဲ့အတွက် တောင်သူတွေမှာ အခက်တွေ့လာရပါတယ်။

စိုက်ပျိုးရေးလုပ်ကိုင်ရတာ ခက်ခဲလာတဲ့အခြေအနေကို ဦးသိန်းဝင်း (အမည်လွှဲ) က အခုလိုပြောပြပါမယ်။

“ရည်ရွယ်ချက်က ကြီးကြီးမားမားတွေ မှန်းလို့မရတော့ဘူးပေါ့ဗျာ။ ပြောမယ်ဆိုရင် နေ့တိုင်းထမင်းစားရပြီးရော အဲ့လို ပုံစံမျိုးကို လုပ်နေရတာ။ တောင်သူအလုပ်တော့ လုပ်နေတာပဲ အရင်လောက်တော့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တော့ဘူး။ ကြက်သွန်ဆိုလည်း ကားတွေဘာတွေက မြို့တွေမသွားရတော့ ကြက်သွန်လည်း မလုပ်နိုင်တော့ဘူး။ စားသောက်ဖြစ်ယုံပေါ့ဗျာ။ စီးပွားရေးအတွက် မြို့ပေါ်မှာ ရောင်းဖို့ချဖို့ မလုပ်ဘဲ အိမ်တွင် စားလောက်ယုံ အဲ့လိုလောက်ပဲ အကျဉ်းချုံးလုပ်တော့တာဗျ။ ဒါတောင်မှ အဲ့ဒီပစ္စည်းတွေရလို့ရှိရင် လူနေတာက တနေရာ၊ ပစ္စည်းတွေထားတာက တနေရာ နေရာခွဲထားရတာဗျ။ တောထဲ တဲတိုက်တွေကိုလည်း မီးရှို့တယ်။ မြို့ကိုလည်း ဒီကထွက်တဲ့ ကြက်သွန်ကားတွေ၊ ပဲစင်းငုံတို့ အဲ့ဒါတွေ သွားလို့မရတော့ဘူး။ မြို့ကလာတဲ့ ဆန်တွေ မြေသြဇာအိတ်တွေ ဆိုရင်လည်း လမ်းကြောင်းကနေဖြတ်ပြီး သူတို့က ယူထားလိုက်တော့တာဗျ။ အရင် အခြေအနေဖြစ်အောင် တော်တော်စောင့်ဆိုင်းရမယ်ထင်ပါတယ်။ ခေတ်ကာလကောင်းသွားမှ ခေတ်ကာလကောင်းဆို အခုစစ်ကောင်စီက အုပ်နေသမျှတော့ အရင်အခြေအနေလောက် ပြန်ရောက်ဖို့ မမြင်တော့ပါဘူး။”

မီးလောင်တဲ့နေ့က ကင်းမရွာသူတဦးဖြစ်တဲ့ မဖြိုးလေးဟာ သူအလုပ်လုပ်တဲ့ လယ်ကွင်းကနေ ရွာကို ပြန်လာနေတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန် ရွာထဲမှာ ပစ်ခတ်နေပြီး ကျည်ဆံတွေ ကြားကနေ ဘေးလွတ်ရာကို ပြေးလွှားခဲ့ရပါတယ်။ ဘေးလွတ်ရာရောက်တဲ့အချိန်မှာ သူ့ရွာ မီးရှို့ခံရတာကို ဘေးလွတ်ရာ နေရာကနေ ကြည့်ရခဲ့ရတဲ့ မြင်ကွင်းကို ၁ နှစ်နီးပါး ကြာမြင့်ချိန်အထိ မမေ့သေးတဲ့ အကြောင်း ပြောပါတယ်။

“မီးလောင်နေတာကို ကိုယ်က ဘာမှမလုပ်နိုင်ခဲ့ဘူး။ ထိုင်ပြီးငေးကြည့်နေခဲ့ရတာ။ အဲ့လိုအချိန်ကို အခုထိလည်း သတိရသေးတယ်။ မေ့လည်း မမေ့နိုင်သေးဘူးပေါ့။ ကိုယ်က မြင်သာမြင်ရတာ ဘာမှ မလုပ်နိုင်ခဲ့ဘူးပေါ့။သူတို့လုပ်တာကိုပဲ ဒီတိုင်းကြည့်နေရတာ။ အခုထက်ထိ မမေ့သေးဘူး။ ကိုယ်ပြေးခဲ့ရတာတွေကအစ ရွာထဲကနေ သေနတ်ပစ် သေနတ်တွေပစ်နေတဲ့ ကြားထဲက ပြေးခဲ့ရတာတွေကအစ အကုန်မှတ်မိနေသေးတယ်။”-

ရွာမီးရှို့ပြီးနောက်ပိုင်း နေထိုင်ဖို့ ခက်ခဲလာတာအပြင် စားဝတ်နေရေး မပြေလည်တာတွေ ရှိလာတဲ့အတွက် ကျေးရွာကနေထိုင်တဲ့လူငယ်တွေဟာ နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်တာတွေအပြင် ဆွေမျိုးတွေရှိတဲ့ နေရာတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြရပါတယ်။

အခုလို ကျေးရွာတွေကို စွန့်ခွါပြီး သွားရောက်အလုပ်လုပ်ကိုင်ရတဲ့ထဲမှာ မဖြိုးလေးလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ သူ့ရဲ့ နေအိမ် မီးလောင်ပြီးနောက်ပိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်လုပ်ဖြစ်ပုံကိုလည်း အခုလိုပြောပြပါသေးတယ်။

“ရွာမှာတော့ အခြေအနေကတော့ အခုထက်ထိ အဆင်မပြေသေးဘူးပေါ့။ စားဝတ်နေရေးကအစ အဆင်မပြေဘူး။ ညီမတို့ဘက်က လယ်မှ မလုပ်ရင် စားမရတော့ဘူးလေ။ အခုချိန်ထိက သူတို့က တလကို ၁ ခါ ၂ ခါ ပုံမှန်လာတာဆိုတော့ အမြဲတမ်း ရှောင်နေရတုန်းပဲရှိသေးတယ်။ အိမ်မှာက စားဝတ်နေရေးကအစ မလွယ်တော့ဘူးလေ။ ရွာမှာဆိုလည်း လုပ်ရတာ ဘာအလုပ်မှ ရေရေရာရာမရှိတော့ဘူး။ ကိုယ့်မှာ အိမ်လည်းမရှိတော့ဘူး။ နိုင်ငံရေးမှမကောင်းတာ။ နိုင်ငံရေးက ဘယ်မှမကောင်း ကိုယ့်မှာ အိမ်လည်း ဆောက်ရမယ်။ စားဝတ်နေရေးကအစ။ ကိုယ်အပြင်ထွက်ရှာမှ ကိုယ့်အိမ်မျာ အဖေအမေနဲ့ညီမနဲ့ဆိုတော့ ရွာမှတော့ ဘာမှ လုပ်မရတော့ဘူးလေ။”

ကျေးရွာမီးရှို့ခံရပြီးနောက်ပိုင်း မဖြိုးလေးနည်းတူ ရွာကနေ ထွက်ခွါပြီး ထိုင်း ၊ မလေးရှား စတဲ့ နိုင်ငံခြားတွေကို သွားရောက် အလုပ်အလုပ်ကိုင်သူ အများအပြားရှိနေပါတယ်။ ကင်းမကျေးရွာဟာ မကြာခဏဆိုသလို မီးရှို့ခံရပြီး စတင်မီးလောင်ပြီးနောက်ပိုင်း အလှူရှင်အချို့ရှိခဲ့ပေမယ့် လှူတဲ့ပစ္စည်းအချို့ကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် ဒီနှစ် ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီရဲ့ တကျော့ပြန် နယ်မြေရှင်းလင်းမှုတွေအတွင်း ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၂၀ နီးပါးက ရာနဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို အဲ့ဒီထဲမှာ ကင်းမကျေးရွာရဲ့ နေအိမ် ၂၂ လုံး မီးရှို့လုံးလည်း မီးထပ် ရှို့ခဲ့ခံရပါတယ်။ အဲ့ဒီ ၂၂ လုံးထဲမှာ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တဲ့နေရာမှာ ပြန်ဆောက်ထားတဲ့ အိမ်အသစ် ၄ လုံးလည်း ပါဝင်ခဲ့ပါတယ်။

ကင်းမကျေးရွာမီးလောင်မှုဟာ ၁ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် ကျေးရွာသားတွေဟာ တောတောင်တွေထဲ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရပြီး မီးလောင်ကျွမ်းတာနဲ့ ပတ်သက်လို့ နှစ်ဘက် အပြန်အလှန် အပြစ်တင်ခဲ့ကြပြီး အခုချိန်ထိတော့ ပြန်လည်ထူထောင်ဖို့အတွက် မဖြစ်နိုင်သေးတဲ့ အခြေအနေမှာပဲရှိနေပါသေးတယ်ခင်ဗျာ။
===============

XS
SM
MD
LG