သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမဝတီၿမိဳ႕တြင္း စစ္ေေကာင္စီတပ္ေတြနဲ႔  KNLA နဲ႔ ပူးေပါင္းတပ္ေတြၾကား တိုက္ပဲြျပင္းထန္


စစ္ေကာင္စီတပ္နဲ႔ ရင္ဆုိင္တုိက္ခုိက္ေနတဲ့ KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေပၚမွာ စစ္ေေကာင္စီတပ္ေတြနဲ႔ KNLA ကရင္အမ်ိဳသား လြတ္ေျမာက္ေရးနဲ႔ ပူးေပါင္းတပ္ေတြၾကား ဒီေန႔ မေန႔ပိုင္းကစလို႔ တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။ ၿမိဳ႕ေပၚရပ္ကြက္ထဲအထိ လက္နက္ႀကီးက်ည္ေတြက်ေရာက္တယ္လုိ႔ ျမဝတီၿမိဳ႕ခံေတြက ေျပာပါတယ္။ ကရင္ျပည္နယ္မွာ KNU ထိန္းခ်ဳပ္ေနရာေတြမွာသာမက ၿမိဳ႕ေပၚရပ္ကြက္ေတြအထိ တိုက္ပြဲေတြျဖစ္လာေနတဲ့အေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕အဝင္ ေအာင္ေျမေ႐ႊဘုံရပ္ကြက္ မေခ်ာေလးေတာင္ကုန္းေနရာက စစ္ေကာင္စီနဲ့ နယ္ျခားေစာင့္တပ္ BGF တပ္ေတြ တပ္စဲြထားတဲ့ေနရာမွာ ဒီေန႔ ဧၿပီလ ၂၉ ရက္ မနက္ပုိင္းကစျပီး ေန႔လယ္အထိ တိုက္ပဲြေတြျပင္းထန္ေနတယ္လို႔ ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအရံုးရဲ့ႏုိင္ငံျခားေရးတာဝန္ခံ ဖဒိုေစာေတာနီးကအခုလိုေျပာပါတယ္။

“ရပ္ကြက္ (၄) ထဲၾကားေနရေတာ့ ဒါလည္း ၿမိဳ့ထဲပဲေျပာလို့ရတာေပါ့။ ၁၁ နာရီေလာက္ကတည္းက ျဖစ္ေနတာပါ။ စစ္ေကာင္စီနဲ႔ပဲ ျဖစ္ေနတာေပါ့ေနာ္။ တျခားဟာေတာ့မရွိဘူး။ တျဖည္းျဖည္းနဲ့ တိုက္ပဲြေတြက စိတ္လာတဲ့ သေဘာေပါ့ေနာ္။ က်ေနာ္တို့ကလည္း ကုိယ့္နယ္ေျမေဒသကို ကာကြယ္တဲ့သေဘာပဲရွိတာေပါ့ေနာ္။”

မေခ်ာေလး ဘုရားကုန္း ၊ ေငြဟသၤာ ဘုရားကုန္းဘက္နဲ႔ ရပ္ကြက္ေတြထဲ လက္နက္ႀကီးက်ည္ေတြက်တာေတြရွိတဲ့အတြက္ ေဒသခံျပည္သူအေတာ္မ်ားမ်ားက စိိုးရိမ္ထိတ္လန္႔ေနရေၾကာင္း တိုက္ပဲြျဖစ္ တဲ့ေနရာအနိီးမွာေနထုိင္ေနတဲ့ ျမဝတီျမိဳ့ခံတဦးကလည္းေျပာျပပါတယ္။

“ထိတ္ထိတ္လန္႔လန္႔နဲ့ျဖစ္ေနရတယ္။ ကိုယ့္ဖာသာပဲကုိယ္ ဂရုစိုက္ေနရတယ္။ အလုပ္ကလည္း မလုပ္ရင္ မျဖစ္ဘူး။ အသံက အေတာ္က်ယ္တယ္။ ေျမႀကီးေတြပါတုန္တယ္။ ညေနဘက္လည္း လက္နက္ႀကီးတခ်က္ ထပ္ပစ္ေသးတယ္။”

အခုဆိုရင္ ကရင္ျပည္နယ္ထဲမွာ ေကအန္ယူ ထိ္န္းခ်ဳပ္ရာေနရာေတြသာမက ကရင္ျပည္နယ္ရဲ ့ျမိဳ ့ေပၚေနရာအထိ တိုက္ပဲြေတြရွိလာေၾကာင္းကိုလည္း ပဒိုေစာေတာနီးက အခုလိုေျပာပါတယ္။

“ေကာ့ကရိတ္ျမိဳ့နယ္နား အနီးပတ္ဝန္းက်င္ ရြာအနီးနားေကာ တျမိဳ့နယ္လံုးျဖစ္ေနတယ္။ တိုက္ပဲြႀကီးမျဖစ္တဲ့တိုင္ေအာင္ ေတာ္ေတာ္ႀကီး နီးနီးကပ္ကပ္ေရာက္လာတဲ့ အေနအထားရွိတယ္။”

ျမဝတီ ၿမိဳ႕မွာေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ ၂၃ ရက္ည ၁၀ နာရီေက်ာ္အခ်ိန္ကလည္း ထိုင္း-ျမန္မာ နယ္စပ္ အမွတ္ ၁ ခ်စ္ၾကည္ေရးတံတားအနီး ျမန္မာဘက္ျခမ္းမွာ မိုင္းဗံုးေပါက္ကဲြမႈ ျဖစ္ျပီး အေဆာက္အဦးနဲ့ ကားေတြ ဆိုင္ကယ္ေတြ ပ်က္စီးခဲ့ပါတယ္။

ဧျပီလအတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ့ ေကအန္ယူတပ္မဟာ (၁)၊ တပ္မဟာ (၅)၊ တပ္မဟာ (၆) ေဒသက ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ ့ကာကြယ္ေရးတပ္ PDF ပူးေပါင္းတပ္ေတြႀကားတိုက္ပဲြေတြျပင္းထန္ခဲ့ျပီး စစ္ေကာင္စီဘက္ကလည္း အက်အဆံုးေတြရွိခဲ့သလို ေကအန္ယူနဲ့လာေရာက္ ပူးေပါင္းတဲ့ စစ္ေကာင္စီတပ္သားေတြလည္းရွိပါတယ္။

ဧျပီလ ၂၈ ရက္ေန႔ကေတာ့ သံလြင္ ျမစ္ကမ္းနံေဘးမွာ ရွိတဲ့စစ္ေကာင္စီအတြက္ အေရးပါတဲ့စခန္းတခုျဖစ္တဲ့ ေက်ာက္ညႇပ္ေရွ႕တန္းစခန္းကို KNU တပ္မဟာ(၅) လက္ေအာက္ခံ ကရင္အမ်ိဳးသားလြတ္ ေျမာက္ေရးတပ္မေတာ္ KNLA နဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြက သိမ္းပိုက္ခဲ့ၾကပါတယ္။ စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။ ဒီတုိက္ပဲြအတြင္း KNLA တပ္မဟာ (၅ ) ရဲ႕ ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ေစာထူးေကရွာ ေသဆံုးသြားခဲ့ပါတယ္။ ၂ ဘက္တိုက္ပြဲေတြ၊ ေလေၾကာင္းတုိက္ခိုက္မႈေတြ၊ လက္နက္ႀကီးက်ည္ဆံေတြ က်ေရာက္တာေၾကာင့္ ေဒသခံျပည္သူေတြကေတာ့ ေဘးလြတ္ရာကို ထြက္ေျပးေန ရျပီး စစ္ေဘးဒုကၡသည္အေရအတြက္ ပိုမိုမ်ားျပားလာတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကိုအကူညီေပးေနသူေတြကေျပာဆုိၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြဝတီမြို့တွင်း စစ်ေကောင်စီတပ်တွေနဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ စစ်ေကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုသား လွတ်မြောက်ရေးနဲ့ ပူးပေါင်းတပ်တွေကြား ဒီနေ့ မနေ့ပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြို့ပေါ်ရပ်ကွက်ထဲအထိ လက်နက်ကြီးကျည်တွေကျရောက်တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ ကရင်ပြည်နယ်မှာ KNU ထိန်းချုပ်နေရာတွေမှာသာမက မြို့ပေါ်ရပ်ကွက်တွေအထိ တိုက်ပွဲတွေဖြစ်လာနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အဝင် အောင်မြေရွှေဘုံရပ်ကွက် မချောလေးတောင်ကုန်းနေရာက စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေ တပ်စွဲထားတဲ့နေရာမှာ ဒီနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းကစပြီး နေ့လယ်အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတောနီးကအခုလိုပြောပါတယ်။

“ရပ်ကွက် (၄) ထဲကြားနေရတော့ ဒါလည်း မြို့ထဲပဲပြောလို့ရတာပေါ့။ ၁၁ နာရီလောက်ကတည်းက ဖြစ်နေတာပါ။ စစ်ကောင်စီနဲ့ပဲ ဖြစ်နေတာပေါ့နော်။ တခြားဟာတော့မရှိဘူး။ တဖြည်းဖြည်းနဲ့ တိုက်ပွဲတွေက စိတ်လာတဲ့ သဘောပေါ့နော်။ ကျနော်တို့ကလည်း ကိုယ့်နယ်မြေဒေသကို ကာကွယ်တဲ့သဘောပဲရှိတာပေါ့နော်။”

မချောလေး ဘုရားကုန်း ၊ ငွေဟင်္သာ ဘုရားကုန်းဘက်နဲ့ ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်တွေကျတာတွေရှိတဲ့အတွက် ဒေသခံပြည်သူအတော်များများက စိုးရိမ်ထိတ်လန့်နေရကြောင်း တိုက်ပွဲဖြစ် တဲ့နေရာအနီးမှာနေထိုင်နေတဲ့ မြဝတီမြို့ခံတဦးကလည်းပြောပြပါတယ်။

“ထိတ်ထိတ်လန့်လန့်နဲ့ဖြစ်နေရတယ်။ ကိုယ့်ဖာသာပဲကိုယ် ဂရုစိုက်နေရတယ်။ အလုပ်ကလည်း မလုပ်ရင် မဖြစ်ဘူး။ အသံက အတော်ကျယ်တယ်။ မြေကြီးတွေပါတုန်တယ်။ ညနေဘက်လည်း လက်နက်ကြီးတချက် ထပ်ပစ်သေးတယ်။”

အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ ကေအန်ယူ ထိန်းချုပ်ရာနေရာတွေသာမက ကရင်ပြည်နယ်ရဲ့မြို့ပေါ်နေရာအထိ တိုက်ပွဲတွေရှိလာကြောင်းကိုလည်း ပဒိုစောတောနီးက အခုလိုပြောပါတယ်။

“ကော့ကရိတ်မြို့နယ်နား အနီးပတ်ဝန်းကျင် ရွာအနီးနားကော တမြို့နယ်လုံးဖြစ်နေတယ်။ တိုက်ပွဲကြီးမဖြစ်တဲ့တိုင်အောင် တော်တော်ကြီး နီးနီးကပ်ကပ်ရောက်လာတဲ့ အနေအထားရှိတယ်။”

မြဝတီ မြို့မှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ည ၁၀ နာရီကျော်အချိန်ကလည်း ထိုင်း-မြန်မာ နယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး မြန်မာဘက်ခြမ်းမှာ မိုင်းဗုံးပေါက်ကွဲမှု ဖြစ်ပြီး အဆောက်အဦးနဲ့ ကားတွေ ဆိုင်ကယ်တွေ ပျက်စီးခဲ့ပါတယ်။

ဧပြီလအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်မဟာ (၁)၊ တပ်မဟာ (၅)၊ တပ်မဟာ (၆) ဒေသက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေရှိခဲ့သလို ကေအန်ယူနဲ့လာရောက် ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိပါတယ်။

ဧပြီလ ၂၈ ရက်နေ့ကတော့ သံလွင် မြစ်ကမ်းနံဘေးမှာ ရှိတဲ့စစ်ကောင်စီအတွက် အရေးပါတဲ့စခန်းတခုဖြစ်တဲ့ ကျောက်ညှပ်ရှေ့တန်းစခန်းကို KNU တပ်မဟာ(၅) လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း KNLA တပ်မဟာ (၅ ) ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကေရှာ သေဆုံးသွားခဲ့ပါတယ်။ ၂ ဘက်တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးကျည်ဆံတွေ ကျရောက်တာကြောင့် ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေ ရပြီး စစ်ဘေးဒုက္ခသည်အရေအတွက် ပိုမိုများပြားလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကိုအကူညီပေးနေသူတွေကပြောဆိုကြပါတယ်ရှင်။

=============

XS
SM
MD
LG