သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကျော်တေးရေး နိုင်မြန်မာ ကွယ်လွန်


လူသိများတဲ့ တေးသီချင်းအများအပြားကို ရေးသားခဲ့တဲ့ တေးရေးဆရာ နိုင်မြန်မာ
လူသိများတဲ့ တေးသီချင်းအများအပြားကို ရေးသားခဲ့တဲ့ တေးရေးဆရာ နိုင်မြန်မာ

မြန်မာနိုင်ငံမှာလူသိများတဲ့ တေးသီချင်းအများအပြားကိုရေးသားခဲ့သူ တေးရေးဆရာ နိုင်မြန်မာ အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားပါတယ်။

ရန်ကုန်တိုင်း သန်လျင်မြို့နေအိမ်မှာ ဒီနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က နှလုံးလေဟပ်ဆုံးပါးသွားတာလို့ ဇနီးဖြစ်သူက မိတ်ဆွေအပေါင်းအသင်းတွေကို ပြောပါတယ်။

၁၉၈၀- ၁၉၉၀ ပြည့်နှစ်ပိုင်းတွေတုန်းက ကိုင်ဇာသီဆိုခဲ့တဲ့ တူနှစ်ကိုယ်တိုင်းပြည်၊ ကိုယ်ရံတော်တပ်မှူးလေး၊ လွှမ်းမိုးသီဆိုခဲ့တဲ့ ရင်တွင်းမေ၊ စိုးလွင်လွင်သီဆိုခဲ့တဲ့ ဒုံးယိမ်းည စတဲ့ လူကြိုက်များခဲ့တဲ့သီချင်းအများအပြားကို တေးရေးနိုင်မြန်မာ ရေးသားခဲ့တာပါ။ အခုနောက်ပိုင်းမှာ ပြန်လည်သီဆိုသူများတဲ့ ဝါဆို သီချင်း ကိုလည်း သူပဲ ရေးစပ်ခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မြန်မာနိုင်ငံတဝန်းဖြစ်ခဲ့တဲ့ လူထုအုံကြွမှုဖြစ်ချိန်မှာ သူရေးသားခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကတော့ ခုချိန်ထိ လူထုလှုပ်ရှားမှု သီချင်းတပုဒ်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာလည်း ပြည်သူလူထုကြား ကြုံတွေ့ရတဲ့ အခက်အခဲတွေကို လူသိရှင်ကြား ဝေဖန်ပြောလေ့ရှိပါတယ်။

နိုင်မြန်မာရဲ့ သားဖြစ်သူ အဆိုတော်ဗျူဟာက လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဝေဖန်ပြောဆိုတဲ့ အတွက် စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကျရင် ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ တေးရေး နိုင်မြန်မာ မိသားစုက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG