သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုဘယ်ဆုရှင်ကို ထောင်ဒဏ်တိုးမှု နိုဘယ်ဆုကော်မတီရှုတ်ချ 


အီရန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Narges Mohammadi ရဲ့ ရုပ်ပုံကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့လယ်က ဂရန်းဟိုတယ်မှာ ပရော်ဂျက်တာနဲ့ ပြသထားစဥ်။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၃)
အီရန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Narges Mohammadi ရဲ့ ရုပ်ပုံကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့လယ်က ဂရန်းဟိုတယ်မှာ ပရော်ဂျက်တာနဲ့ ပြသထားစဥ်။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၃)

၂၀၂၃ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Narges Mohammadi ကို အီရန်တရားရုံးက ထောင်ဒဏ် နောက်ထပ်တနှစ် ထပ်တိုးချလိုက်တာအတွက် နော်ဝေနိုဘယ်လ်ကော်မတီက ရှုတ်ချလိုက်ပါတယ်။

အီရန်အစိုးရက မစ္စ မိုဟာမာဒီအပေါ် တရားမျှတမှုမရှိဘဲ ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ဒါဟာ လူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာဖြစ်သလို ဟန်ပြ တရားစီရင်မှု ဖြစ်ကြောင်း နိုဘယ်လ်ကော်မတီက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း မွတ်ဆလင်ခေါင်းစည်းပုဝါ မခြုံတဲ့အတွက် သူမကို ၂၀၂၁ နိုဝင်ဘာလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို မလိုက်နာမှုနဲ့ သူမကို ထောင်ဒဏ်တနှစ်ချထားကြောင်း သူမရဲ့ ရှေ့နေ Mostafa Nili က အင်္ဂါနေ့က လူမှုမီဒီယာ X မှာ ရေးပါတယ်။ သူမကို အခု နောက်ဆုံး ပြစ်ဒဏ်ချမှတ်တာဟာ လွှတ်တော်ရွေးကောက်ပွဲတွေကို သပိတ်မှောက်ဖို့တောင်းဆိုတာ၊ ဆွီဒင်နဲ့ နော်ဝေက လွှတ်တော် အမတ်တွေဆီ စာပို့တာနဲ့ သတင်းသမား ကျောင်းသူ Dina Ghalibaf နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာတွေနဲ့ ဆက်နွယ်နေတယ်လို့လည်း ပြောပါတယ်။

ဂါလီဘက်ဖ်ဟာ သူအရင် အဖမ်းခံရချိန်က လုံခြုံရေးတွေ သူ့ကို လိင်ပိုင်းစော်ကားကြောင်းပြောဆိုခဲ့တဲ့နောက် အဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။ အခုတော့ ပြန်လွတ်လာပြီဖြစ်ပါတယ်။ အီရန်တရားရေးဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာတော့ သူမဟာ မမှန်မကန်ထွက်ဆိုတာကြောင့် တရားစွဲခံရတာဖြစ်ကြောင်း ဖေါ်ပြါတယ်။

မိုဟာမာဒီဟာ ဒီလ အစောပိုင်းပြုလုပ်မယ့် တရားရုံးကြားနာပွဲကိုသွားဖို့ ငြင်းဆန်ခဲ့ပြီး အီရန်မှာ အမျိုးသမီးတွေအပေါ် ဆက်ဆံရေးနဲ့ပတ်သက်တဲ့ဝေဖန်ချက်ကို ထောင်ထဲကနေအသံသွင်းပြီး ထုတ်ဖေါ် ပြောကြားခဲ့သူ ဖြစ်ပါတယ်။ နိုဘယ်လ် ဆုပေးရေးကော်မတီက သူမကို အောက်တိုဘာလတုန်းက နိုဘယ်လ်ဆု ချီးမြှင့်ခဲ့တာပါ။

အီရန်နိုဘယ်ဆုရှင်ကို ထောင်ဒဏ်တိုးမှု နိုဘယ်ဆုကော်မတီရှုတ်ချ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG