သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းချခံ အီရန်နိုဘယ်ဆုရှင်ကိုယ်စား သားနဲ့သမီး လက်ခံယူမည်


Press conference with the husband and children of this year's winner of the Nobel Peace Prize
Press conference with the husband and children of this year's winner of the Nobel Peace Prize

အကျဉ်းချခံ အီရန်နိုဘယ်ဆုရှင်ကိုယ်စား သားနဲ့သမီး လက်ခံယူမည်

အီရန်နိုင်ငံမှာ အကျဉ်းကျနေတဲ့ ၂၀၂၃ ခုနှစ် နိုဘယ်ဆုရှင် Narges Mohammadi အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီဇင်ဘာ (၁၀)ရက် တနင်္ဂနွေနေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ပေးအပ်မှာဖြစ်ပြီး၊ မိခင်ကိုယ်စား ဆုယူမယ့် သားနဲ့သမီးဟာ သူ့တို့ရဲ့မိခင်ကို သေသည်အထိ ပြန်လည်တွေ့ဆုံခွင့် ရပါ့မလားလို့ စိုးရိမ်ကြောင်း စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ သူတို့မိခင်ရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူမိတယ်လို့ ဆယ်ကျော်သက်အရွယ် အမွှာ မောင်နှစ်မ နှစ်ဦးက ပြောဆို လိုက်ပါတယ်။ Narges Mohammadi ဟာ အီရန်နိုင်ငံမှာ အာဏာရှင် အစိုးရကို ဆန့်ကျင်ပြီး အများပြည်သူလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့အတွက် စွဲချက်အမျိုးမျိုးနဲ့ တဟီရန်မြို့တော်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Evin အကျဉ်း ထောင်မှာ နှစ်ပေါင်းများစွာ ချခံထားရပါတယ်။

သူရဲ့ခင်ပွန်းဖြစ်သူနဲ့ အမွှာ မောင်နှစ်မဖြစ်တဲ့ Ali နဲ့ Kiana Rahmani တို့ဟာ ပြင်သစ်နိုင် ပါရီမြို့တော်မှာ ခိုလှုံနေကြပါတယ်။

တချိန်ထဲမှာပဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလက အီရန်နိုင်ငံတဝှမ်း ကြီးမားတဲ့ ဆန္ဒပြပွဲတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ခေါင်းစည်းပုဝါကိစ္စနဲ့ ဖမ်ဆီးခံထားရစဉ်သေဆုံးခဲ့တဲ့ မာရှာအာမနီ Mahsa Amini အတွက် ချီးမြှင့်တဲ့ဆုကို ပါရီမြို့တော်မှာ ကျန်ရစ်သူ မိသားစု သွားရောက်ရယူဖို့ကို အီရန်အာဏာပိုင်တွေ သွားခွင့်မပြုပဲ တားဆီးထားပါတယ်။

မာရှာအာမနီနဲ့ ဆန္ဒပြလှုပ်ရှားမှုကို ဥရောပ သမဂ္ဂရဲ့ အမြင့်ဆုံး ဆုဖြစ်တဲ့ Sakharov ဆုကို ၂၀၂၃ ခုနှစ်အတွက်ချီးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG