သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးရဲတွေနဲ့ထိပ်တိုက်တွေ့တဲ့ အီရန် ဆယ်ကျော်သက် သေဆုံး


Tehran မြို့ကရထားဘူတာအနီး ဒဏ်ရာရသွားတဲ့ Armita Geravand ရဲ့ ဗွီဒီယိုရုပ်ပုံ၊ အောက်တိုဘာ ၁၊ ၂၀၂၃
Tehran မြို့ကရထားဘူတာအနီး ဒဏ်ရာရသွားတဲ့ Armita Geravand ရဲ့ ဗွီဒီယိုရုပ်ပုံ၊ အောက်တိုဘာ ၁၊ ၂၀၂၃

အီရန်နိုင်ငံမှာ ဘာသာရေးရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သတိမေ့မျောနေခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် သေဆုံးသွားပါတယ်။ ဦးနှောက်ပျက်စီးသွားတဲ့အတွက် ဆေးရုံမှာ အချိန်တော် တော်ကြာ သတိမေ့မျောသွားခဲ့ပြီးနောက်မှာ သေဆုံးသွားတာဖြစ်တယ်လို့ အီရန်အစိုးရရဲ့ IRNA သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

ဥပဒေအရအမျိုးသမီးတွေ Hijab ခေါင်းစည်းပုဝါခြုံရတဲ့ အီရန်မှာ ခေါင်းစည်းပုဝါမခြုံထားတဲ့ အသက် ၁၆ နှစ်အရွယ် Armita Geravand နဲ့ ဘာသာရေးရဲတွေ အောက်တိုဘာ ၁ ရက်နေ့က ထိပ်တိုက်တွေ့ခဲ့ပြီးနောက် သူသတိမေ့မျောသွားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ သူ့ရဲ့ ဦးနှောက် ပျက်စီးသွားတယ်လို့ ကြေညာခဲ့ပါတယ်။

Tehran မြို့တော်က မီးရထားဘူတာရုံမှာ ဘာသာရေးရဲတွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တာ မဟုတ်ဘူးလို့ အီရန်အစိုးရကတော့ ငြင်းဆန်ပါတယ်။ အခုလို ဘာသာရေးရဲတွေလက်ချက်နဲ့ နောက်ထပ် အမျိုးသမီးငယ် သေဆုံးခဲ့ပုံရတာနဲ့ပတ်သက်လို့ Hijab ဝတ်ရတဲ့ အီရန်ဥပဒေအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ထပ်ပြီးထွက်ပေါ်နေပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း ဘာသာရေးရဲတွေရဲ့ လက်ချက်နဲ့ Mahsa Amini ၂၀၂၂ ခုနှစ်၊ စက်တင် ဘာ ၁၆ ရက်က သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးသွားတဲ့အတွက် အီရန်မှာ အမျိုးသမီးတွေ အခွင့်အရေးတောင်းဆိုတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG