သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mahsa Amini သေဆုံးမှု ၁ နှစ်ပြည့် အီရန်မှာလုံခြုံရေးတင်းကြပ် 


အီရန်အမျိုးသမီးငယ် Mahsa Amini (မာဆာ အာမေနီ) သေဆုံးခဲ့တဲ့တနှစ်ပြည့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့မှာ ဆန္ဒပြနေကြစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၃)
အီရန်အမျိုးသမီးငယ် Mahsa Amini (မာဆာ အာမေနီ) သေဆုံးခဲ့တဲ့တနှစ်ပြည့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့မှာ ဆန္ဒပြနေကြစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၃)

အီရန်နိုင်ငံမှာ ဘာသာရေးရဲတွေ ဖမ်းဆီးထားစဉ် Kurd နွယ်ဖွား အီရန်အမျိုးသမီးငယ် Mahsa Amini (မာဆာ အာမေနီ) သေဆုံးခဲ့တာ ဒီနေ့ တနှစ်ပြည့်သွားပါပြီ။ ၁ နှစ်ပြည့် အထိမ်းအမှတ် အီရန်နိုင်ငံထဲမှာရော ပြည်ပမှာပါ အထိမ်းအမှတ်ပွဲတွေ လုပ်နေကြပါတယ်။ မနှစ်ကလို အကြီးအကျယ်ဆန္ဒပြပွဲတွေ ဖြစ်မှာစိုးရိမ်တဲ့အတွက် အီရန်အာဏာပိုင်တွေက ကြိုတင်နှိမ်နှင်းမှုတွေ လုပ်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အီရန်အမျိုးသမီးငယ် Mahsa Amini (မာဆာ အာမေနီ) သေဆုံးခဲ့တဲ့တနှစ်ပြည့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့မှာ ဆန္ဒပြနေကြစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၃)
အီရန်အမျိုးသမီးငယ် Mahsa Amini (မာဆာ အာမေနီ) သေဆုံးခဲ့တဲ့တနှစ်ပြည့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့မှာ ဆန္ဒပြနေကြစဉ် (စက်တင်ဘာ ၁၅၊ ၂၀၂၃)

ဒီနေ့အစောပိုင်းက Mahsa Amini ရဲ့ဖခင်ကိုလည်း ရဲတွေက ခေတ္တဖမ်းဆီးခဲ့ပါတယ်။ သေဆုံးမှုနှစ်ပါတ်လည် အခမ်းအနားတွေ မလုပ်ရလို့ Amjad Amini ကို သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ Kurdistan လူ့အခွင့်အရေးကွန်ရက်အဖွဲ့က ပြောပါတယ်။ အစိုးရရဲ့ သတိပေးမှုတွေရှိပေမဲ့ အသက် ၂၂ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ သူတို့သမီးအတွက် ထုံးထမ်းစဉ်လာနဲ့အညီ ဘာသာရေးအခမ်းအနားတွေလုပ်မယ်လို့ Mahsa Amini ရဲ့ မိဘတွေက အခုသီတင်းပတ် အစောပိုင်းက ကြေညာချက်ထုတ်ခဲ့ကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။

ဒီနေ့ နှစ်ပတ်လည်နေ့မှာ Mahsa Amini ရဲ့ မိဘတွေနေထိုင်တဲ့ နိုင်ငံအနောက်ပိုင်းက Saqez မြို့အပါအဝင် Kurd လူမျိုးတွေနေထိုင်ကြတဲ့နေရာတွေမှာ ဆန္ဒပြပွဲတွေဖြစ်မှာစိုးရိမ်ပြီး လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ခေါင်းစည်းပဝါကို အသေအချာခြုံမထားလို့ဆိုပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဘာသာရေးရဲတွေက Mahsa Amini ကိုဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားစဉ်မှာပဲ နှလုံးဖောက်ပြီးလဲကျသွားလို့ ဆေးရုံပို့ဖို့ လုပ်နေစဉ်သေဆုံးသွားတယ်လို့ အီရန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒီသေဆုံးမှုကြောင့် အီရန်နိုင်ငံတဝန်း လနဲ့ချီကြာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့တာမှာ အီရန်ကိုအုပ်ချုပ်နေတဲ့ ဘာသာရေးခေါင်းဆောင် ဆင်းပေးဖို့အထိ တောင်းဆိုခဲ့ကြသလို အမျိုးသမီးတော်တော်များများကလည်း ခေါင်းစည်းပုဝါတွေ မခြုံဘဲ အာခံခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေအတွင်း အများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီနေ့မှာလည်း အီရန်နိုင်ငံထဲကနေရာတချို့မှာ ဆန္ဒပြသူတွေစုဝေးကာ တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့ကြပြီး မြန်မြန်လူစုခွဲခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Mahsa Amini သေဆုံးမှု ၁ နှစ်ပြည့် အီရန်မှာလုံခြုံရေးတင်းကြပ် 
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG