သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြ အီရန် အလုပ်သမားတွေ အလုပ်ထုတ်ခံရ


အီရန်ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း အလုပ်သမားသပိတ်

အီရန်နိုင်ငံတောင်ပိုင်း ရေနံဓာတုကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမား ၄,၀၀၀ ကိုအလုပ်ထုတ်ပြီး အလုပ်သမားအသစ်တွေခန့်သွားမယ်လို့ အီရန်အစိုးရ သတင်းဌာနက ကြေညာခဲ့ပါတယ်။

Bushehr ပြည်နယ်အတွင်း အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ လုပ်ခလစာတိုးပေးဖို့၊ နေရာထိုင်ခင်းနဲ့သွားလာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းရဲ့ ဒေသဆိုင်ရာတာဝန်ရှိအကြီးအကဲကပြောတာကို သောကြာနေ့တုန်းက အီရန်အစိုးရပိုင် IRNA သတင်းဌာနကထုတ်လွှင့်ခဲ့ပါတယ်။

ရေနံဓာတုကုန်ထုတ်လုပ်ငန်း စီမံကိန်း ၈ ခုမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ စားဝတ်နေရေးနဲ့ပတ်သက်လို့ဆန္ ပြခဲ့တာဖြစ်ပြီး ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပြီးနောက် အလုပ်သမား ၄,၀၀၀ ကို အလုပ်ထုတ်ပြီး အလုပ်သမားအသစ်တွေနဲ့ အစားထိုးခန့်အပ်သွားမယ်လို့ Pars စီးပွားရေးအထူးဇုံရဲ့ အမှုဆောင်အရာရှိချုပ် Sekhavat Assadi ကပြောပါတယ်။

အလုပ်သမားတွေနဲ့တွေ့ဆုံခဲ့တဲ့ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကတော့ အလုပ်သမားဆန္ဒပြပွဲတွေဟာ အစိုးရကျင့်သုံးနေတဲ့ စနစ်တွေကို အခြေအနေ ပိုမိုနားလည်စေအောင် အထောက်အကူဖြစ်တယ်လို့ စနေနေ့ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲတုန်းကလည်း ဆရာဆရာမတွေနဲ့ ဘတ်စ်ကားမောင်းသူတွေ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုဆန္ဒ ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Bushehr ပြည်အနယ်အတွင်းမှာပဲ လုပ်ခလစာမရလို့ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြ အီရန် အလုပ်သမားတွေ အလုပ်ထုတ်ခံရ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG