သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဘာသာရေးရဲတွေလက်မှာ သေဆုံးသူအမျိုးသမီး Sakharov လူ့အခွင့်အရေးဆုရရှိ


Mahsa Amini သေဆုံးပြီးနောက် အီရန်နိုင်ငံမှာ ဆန္ဒပြမှုတွေနေရာအနှံ့ပေါ်ပေါက်ခဲ့
Mahsa Amini သေဆုံးပြီးနောက် အီရန်နိုင်ငံမှာ ဆန္ဒပြမှုတွေနေရာအနှံ့ပေါ်ပေါက်ခဲ့

၂၀၂၃ ခုနှစ်အတွက် ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ Sakharov ဆုကို အီရန် ဘာသာရေးအစောင့်တပ်ဖွဲ့တွေ ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့တဲ့ Mahsa Amini နဲ့ အီရန်နိုင်ငံက “အမျိုးသမီး၊ အသက်၊ လွတ်လပ်မှု” လှုပ်ရှားမှုကို ပူးတွဲ​ချီးမြှင့်လိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။​

“စက်တင်ဘာ ၁၆ ရက်နေ့ဟာ Mahsa Amini သေဆုံးတဲ့ တနှစ်ပြည့်နေ့ ဖြစ်ပါတယ်၊ တန်းတူအခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုတို့အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတဲ့ အီရန်နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့အတူ ဥရောပသမဂ္ဂက ရပ်တည်ပါတယ်” - လို့ ဒီဆု ချီးမြှင့်ခြင်းနဲ့ပတ်သက်လို့ အီးယူ ပါလီမန်ဥက္ကဋ္ဌ Roberta Metsola က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သူတို့ကို ဒီဆု ချီးမြှင့်လိုက်ခြင်းအားဖြင့် - သူတို့ရဲ့ ကြိုးစား ဆောင်ရွက်မှုတွေကို ဥရောပ ပါလီမန်က အသိအမှတ်ပြုတဲ့ တချိန်ထဲမှာဘဲ လွတ်လပ်မှုအတွက် အသက်ပေးဆပ်ခဲ့ကြသူတွေကိုလည်း ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပါတယ် - လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။​ အီရန်နိုင်ငံအနောက်ပိုင်း Kurdistan ဒေသမှာ မွေးဖွားခဲ့သူ အသက် ၂၂ အရွယ် Mahsa Amini ဟာ ခေါင်းစည်းပုဝါ မခြုံတဲ့အတွက် အီရန် ဘာသာရေးအစောင့်တပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရစဉ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း သေဆုံးခဲ့ရတာပါ။ သူမဟာ ခေါင်းကို ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ Amini ရဲ့ မိသားစုက ပြောပေမဲ့ အီရန် အာဏာပိုင်တွေကတော့ သူမဟာ နဂို ရှိနေတဲ့ ရောဂါအခံကြောင့် သေဆုံးသွားတာလို့ ပြောပါတယ်။

သူမ သေဆုံးသွားခဲ့မှုအပေါ် မကျေနပ်ကြတဲ့ အီရန်နိုင်ငံသားတွေက နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာမှာ အဲဒီ ဆန္ဒပြမှုတွေဟာ ၁၉၇၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အီရန် အစ္စလမ်မစ်တော်လှန်ရေးလှုပ်ရှားမှုနောက်ပိုင်း အကြီးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG