သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ ကမ္ဘာတဝှမ်းဂုဏ်ပြုကျင်းပ


 မာလီနိုင်ငံ၊ နာရာမြို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျင်းပစဉ်။ (မတ်လ ၉ ၊ ၂၀၂၃) 
 မာလီနိုင်ငံ၊ နာရာမြို့မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျင်းပစဉ်။ (မတ်လ ၉ ၊ ၂၀၂၃) 

{{Zawgyi/Unicode}}

အမျိုးသမီးဆိုင်ရာ အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရတာအတွက် ကမ္ဘာတဝန်းက အမျိုးသမီးတွေဟာ မနေ့ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကမ္ဘာအနှံ့မှာ အမျိုးသမီးတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

အာဖဂ္ဂန်နစ္စတန်မှာဆိုရင် တာလီဘန်အစိုးရက အမျိုးသမီးတွေကို တက္ကသိုလ်တက်ခွင့် တားမြစ်ထားပါတယ်။

အီရန်မှာလည်း မွတ်ဆလင်အမျိုးသမီးတွေဝတ်ဆင်တဲ့ ခေါင်းစီးပုဝါမဝတ်ဆင်တဲ့အတွက် ဖမ်းဆီးခံရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ် Mahsa Amini အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲဆန္ဒပြမှုတွေကို ဖိနှိပ်နေပြီး သေဒဏ်ပေးခံရမှုတွေလည်းရှိနေပါတယ်။ ဒါ့ပြင် အမေရိကန်မှာလည်း ကိုယ်ဝန်ဖျက်ချခွင့်ကို ကန့်သတ်ချက်အသစ်တွေနဲ့ တားမြစ်ထားပြီး ယူကရိန်းစစ်ပွဲဟာလည်း အမျိုးသမီးတွေအပေါ်မှာ သက်ရောက်မှုတွေအများကြီးပဲ ရှိနေတဲ့အတွက်ကြောင့် အခုလို လမ်းပေါ်ထွက်ဆန္ဒပြမှုတွေကို ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။

တူရကီမှာဆိုရင်လည်း ကျား-မ အခြေပြု အကြမ်းဖက်မှုကြောင့် ဗုဒ္ဓဟူးနေ့က အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရပါတယ်။ ဒါဟာမနှစ်က အမျိုးသမီးနေ့ နောက်ပိုင်း တူရကီမှာသေဆုံးရသူ အမျိုးသမီးအရေအတွက်ဟာ တနှစ်အတွင်း ၃၂၈ ဦး ရှိလာပြီလို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။

မီဒီယာလွတ်လပ်ခွင့်အဖွဲ့တခုဖြစ်တဲ့ နယ်စည်းမခြားသတင်းထောက်များ (RSF) ကလည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးသတင်းထောက်တွေ ၇၃ ဦး အထိ ရှိနေတယ်လို့ ထုတ်ပြနပါတယ်။

အခု အပတ်အစောပိုင်းက ဥရောပသမဂ္ဂက အာဖဂန်နစ္စတန်၊ အီရန်၊ မြန်မာ၊ ရုရှား၊ တောင်ဆူဒန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံက အမျိုးသမီးအခွင့်အရေး ချိုးဖောက်သူ၊ ဖိနှိပ်အကြိမ်းဖက်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလို အမျိုးသမီးတွေ အကြမ်းဖက် ဖိနှိပ် ခံနေရတဲ့ အခြေအနေတွကို ထုတ်ဖော်ကန့်ကွက်တဲ့အနေနဲ့ အာဖဂန်နစ္စတန်၊ အီရန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ပြင်သစ်၊ တူရကီစတဲ့ ကမ္ဘာတဝန်းကမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေကိုပြုလုပ်ခဲ့ကြတာပါ။ ဟောင်ကောင်မှာတော့ ဆန္ဒပြပွဲမှာပါဝင်ဖို့ စီစဉ်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က အကြိမ်ကြိမ်ခေါ်တွေ့စစ်ဆေးခဲ့လို့ ဆန္ဒပြပွဲ ဖျက်သိမ်းခဲ့ရပါတယ်။

တချို့နိုင်ငံတွေမှာလည်း အာဏာပိုင်တွေက တားမြစ်အရေးယူတာတွေရှိလို့ ဒီအမျိုးသမီးနေ့ လှုပ်ရှားမှုပါဝင်တဲ့ တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လျှို့ဝှက်ထားခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}










ဆက်စပ်သတင်းများ ...

XS
SM
MD
LG