သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၂ ခုႏွစ္ ႏိုင္ငံတကာ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု


၂၀၂၂ ခုႏွစ္ ႏိုင္ငံတကာ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု
please wait

No media source currently available

0:00 0:10:59 0:00

တရားမမ ွ်တမႈ၊ က်ား-မ အေျခခံ ခြဲျခားဆက္ဆံမႈနဲ႔ အၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ၿပီး ပိုမို ပြင့္လင္းၿငိမ္းခ်မ္းတဲ့ လူ႔ေဘာင္အသိုင္းအဝိုင္း ေပၚေပါက္လာေရး ႀကိဳးပမ္းေနတဲ့ ျမန္မာအပါအဝင္ ကမာၻတဝန္းက အမ်ိဳးသမီး ၁၂ ဦးကို အေမရိကန္ ႏိုင္ငံျခားေရးဌာနက ဒီႏွစ္အတြက္ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ေတြအျဖစ္ ဂုဏ္ျပဳလိုက္ပါတယ္။

[Zawgyi/Unicode]

အက်င့္ပ်က္ျခစားမႈ၊ တရား မမ ွ်တမႈ၊ က်ား-မ အေျခခံ ခြဲျခားဆက္ဆံမႈေတြနဲ႔ အၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ၿပီး ပိုမို ပြင့္လင္း ၿငိမ္းခ်မ္းသာယာတဲ့ လူ႔ေဘာင္ အသိုင္းအဝိုင္းေတြ ျဖစ္ေပၚလာေရး ႀကိဳးပမ္းေနၾကတဲ့ ျမန္မာ အပါအဝင္ ကမာၻတဝန္းက အမ်ိဳးသမီး ၁၂ ဦးကို အေမရိကန္ ႏိုင္ငံျခားေရးဌာနက ဒီႏွစ္အတြက္ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ေတြအျဖစ္ ဂုဏ္ျပဳ လိုက္ပါတယ္။ ျမန္မာႏိုင္ငံကေတာ့ လူငယ္အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူတဦးျဖစ္တဲ့၊ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ဒုဝန္ႀကီး မအိသၪၨာေမာင္ ခ်ီးျမႇင့္ခံရတာပါ။ ဒီႏွစ္အတြက္ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ဂုဏ္ျပဳပြဲအေၾကာင္းကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း မတ္လ ၈ ရက္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ က်ေရာက္ၿပီး ရက္ပိုင္းအတြင္းမွာ အေမရိကန္ႏိုင္ငံျခားေရးဌာန ကမာၻတဝန္း တရားမ ွ်တေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ အေျခခံ လူ႔အခြင့္အေရးေတြ အတြက္ ေရွ႕တန္းကေန ရဲရဲဝံ့ဝံ့ တိုက္ပြဲဝင္ေနၾကတဲ့ အမ်ိဳးသမီးေတြကို ရဲစြမ္းသတၱိရွင္ေတြအျဖစ္ ဂုဏ္ျပဳေလ့ရွိတာ ျဖစ္ၿပီး ဒီႏွစ္ကေတာ့ ၁၆ ႀကိမ္ေျမာက္ ျဖစ္ပါတယ္။

ဒီႏွစ္ ဆုခ်ီးျမႇင့္တဲ့ အခမ္းအနားကို မတ္လ ၁၄ ရက္၊ ဒီသီတင္းပတ္ တနလၤာေန႔က ဝါရွင္တန္ဒီစီ ၿမိဳ႕ေတာ္မွာ က်င္းပခဲ့တာ ျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ၊ သမၼတ ကေတာ္ Jill Biden တို႔နဲ႔အတူ အထင္ကရ အမ်ိဳးသမီးေခါင္းေဆာင္တခ်ိဳ႕ လူကိုယ္တိုင္ တက္ေရာက္ၾကပါတယ္။ လက္ရွိ အက်ဥ္းခ်ခံေနရတဲ့ ဗီယက္နမ္ႏိုင္ငံ သတင္းေထာက္ ဆုရွင္တဦး ကလြဲလို႔ က်န္တဲ့ဆုရွင္ အားလုံး ကေတာ့ အြန္လိုင္းကတဆင့္ တက္ေရာက္ခဲ့ၾကပါတယ္။

ဒီအခမ္းအနားဟာ အမ်ိဳးသမီးေတြရဲ႕ ရဲစြမ္းေျပာင္ေျမာက္တဲ့ လုပ္ရပ္ေတြကို ဂုဏ္ျပဳ ခ်ီးျမႇင့္တာ ျဖစ္သလို၊ တခ်ိန္တည္းမွာလည္း ကမာၻတဝန္းက အမ်ိဳးသမီးေတြ ရင္ဆိုင္ေနရတဲ့ ထိတ္လန႔္ တုန္လႈပ္ဖြယ္ရာ အေျခအေနေတြကို သတိေပးရာလည္း ေရာက္ပါတယ္။ အထူးသျဖင့္ လက္ရွိမွာ ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈေတြ ႀကဳံေနရတဲ့ ယူကရိန္းႏိုင္ငံမွာ အမ်ိဳးသမီးေတြ ႀကဳံေတြ႕ေနရတဲ့ အေျခအေနေတြကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က အေလးထား ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

“ယူကရိန္း အမ်ိဳးသမီးေတြ သန္းနဲ႔ခ်ီ မိသားစုလိုက္ တိုင္းျပည္ကေန ထြက္ေျပး ေနၾကရသလို၊ ႐ုရွားရဲ႕ တရားမ ွ်တမႈ ကင္းမဲ့တဲ့ စစ္ပြဲကို ခုခံ တိုက္ခိုက္ေနၾကတဲ့ အမ်ိဳးသမီးေတြလည္း ျပည္တြင္းမွာ ေနာက္ထပ္ သန္းနဲ႔ခ်ီ ရွိေနပါတယ္။ လြန္ခဲ့တဲ့ ၁ ပတ္ေလာက္ကပဲ ဒီလိုလူေတြ အမ်ားအျပားကို ပိုလန္ႏိုင္ငံ နယ္စပ္မွာ က်ေနာ္ ေတြ႕ခဲ့ရပါတယ္။ ႐ုရွားရဲ႕ ရန္လို တိုက္ခိုက္မႈေတြကေန လြတ္ေျမာက္ဖို႔ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးေနရတဲ့ ပုံရိပ္ေတြက အလြယ္တကူ ေမ့ေပ်ာက္ပစ္ဖို႔ မလြယ္ပါဘူး။”

အလားတူ သမၼတ ကေတာ္ Jill Biden ကလည္း ယူကရိန္း အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အတြက္ စိတ္မေကာင္းျဖစ္ရတဲ့ အေၾကာင္း ေျပာဆိုခဲ့သလို၊ ပဋိပကၡေတြ၊ ဖိႏွိပ္မႈေတြနဲ႔ အက်ပ္အတည္းေတြၾကား ရဲရဲဝံ့ဝံ့ ႐ုန္းကန္ ေရွ႕ဆက္ေနၾကတဲ့ အမ်ိဳးသမီးေတြကို ခ်ီးက်ဴး ဂုဏ္ျပဳ ေျပာၾကားခဲ့ပါတယ္။

“ကမာၻႀကီး တိုးတက္ ေကာင္းမြန္လာဖို႔အတြက္ ေန႔စဥ္ ေန႔တိုင္း အမ်ိဳးသမီးေတြဟာ သင္ၾကား ျပသ၊ ထိန္းေၾကာင္း ေျမေတာင္ ေျမႇာက္ေပး တာေတြနဲ႔အတူ အိပ္မက္ေတြ အေကာင္အထည္ ေဖာ္ႏိုင္ေအာင္၊ ဦးေဆာင္မႈေတြ ေပးႏိုင္ေအာင္ ႀကိဳးပမ္းေနၾကသူေတြ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြဟာ မတရားမႈကို ႏုတ္ဆိတ္ မေနၾကပါဘူး။ ဒါေပမဲ့ အၾကမ္းဖက္မႈေတြ၊ အမုန္းတရားေတြ၊ ခြဲျခားဆက္ဆံမႈနဲ႔ ဖယ္ၾကဥ္ခံရမႈေတြက အမ်ိဳးသမီးေတြကို ႏုတ္ဆိတ္ေအာင္ လုပ္ေနတာေတြ ရွိပါတယ္။”

ဒီလို ႏုတ္ဆိတ္ေအာင္ လုပ္တာေတြရွိေပမဲ့လို႔ အမ်ိဳးသမီးေတြဟာ အေၾကာက္တရားေတြကို ေဘးဖယ္ၿပီး ပိုမို ၿငိမ္းခ်မ္းၿပီး ပြင့္လင္းတဲ့ လူေဘာင္ အသိုင္းအဝိုင္းေတြ ေပၚေပါက္လာေရး ႀကိဳးပမ္းေနၾကတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဒီဂုဏ္ျပဳ ခ်ီးျမႇင့္ပြဲ အခမ္းအနားမွာ ေျပာပါတယ္။

“ဒီႏွစ္ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ရွင္ေတြကေတာ့ ကမာၻႀကီး ပိုမို ၿငိမ္းခ်မ္းလာဖို႔၊ ကမာၻ႔တိုက္ႀကီး ၄ ခုမွာ တရားမ ွ်တမႈ ရွိေရး ႀကိဳးပမ္းေနသူေတြ ျဖစ္ၾကပါတယ္။ အစီအစဥ္တက် က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြ ကေန သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈေတြကေန ကာကြယ္ေရး အခက္အခဲ စိန္ေခၚမႈေတြကို ရင္ဆိုင္ ေျဖရွင္းေနၾကသူေတြ ျဖစ္ပါတယ္။ အမ်ိဳးသမီးငယ္ေတြ၊ လိင္စိတ္ကြဲျပားၾကတဲ့ LGBTQI ေတြ နဲ႔ လူမႈအသိုင္းအဝိုင္းတြင္း ဖယ္ၾကဥ္ခံရသူေတြရဲ႕ အခြင့္အေရးေတြ ပိုမို တိုးတက္ေကာင္းမြန္လာေအာင္ ေရွ႕ေဆာင္ ႀကိဳးပမ္းေနၾကတာ ျဖစ္ပါတယ္။”

ဒီႏွစ္ ႏိုင္ငံတကာ ရဲစြမ္းသတၱိရွင္ဆု ခ်ီးျမႇင့္ခံရတဲ့ အမ်ိဳးသမီး ၁၂ ဦးမွာ ၅ ဦးက ျမန္မာအပါအဝင္ အာရွတိုက္ႏိုင္ငံေတြက ျဖစ္ၿပီး၊ အာဖရိကတိုက္ ႏိုင္ငံေတြက ၃ ဦး၊ ေတာင္အေမရိကားက ၂ ဦးနဲ႔ ဥေရာပတိုက္က ၂ ဦး ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံက သဘာဝပတ္ဝန္းက်င္ေရး တက္ႂကြလႈပ္ရွားသူ ေရွ႕ေန Rizwana Hasan ၊ အီရတ္ႏိုင္ငံမွာ အက်င့္ပ်က္ ျခစားမႈေတြ ဦးေဆာင္ တိုက္ဖ်က္ရာမွာ ထင္ရွားတဲ့ လက္ရွိ ဒုတိယ ဘ႑ာေရးဝန္ႀကီး Taif Sami Mohammed ၊ ဗီယက္နမ္ႏိုင္ငံမွာ လက္ရွိ ဖမ္းဆီး ေထာင္ခ်ခံထားရတဲ့ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ သတင္းေထာက္ Phạm Đoan Trang ၊ နီေပါႏိုင္ငံက လိင္စိတ္ခံယူမႈ ကြဲျပားသူ လူနည္းစုေတြရဲ႕ အခြင့္အေရးနဲ႔ လူမႈ တရားမ ွ်တမႈေတြအတြက္ တိုက္ပြဲဝင္ေနတဲ့ Bhumika Shrestha ၊ ေတာင္အာဖရိကႏိုင္ငံမွာ က်ားမ ကြဲျပားမႈေၾကာင့္ အၾကမ္းဖက္ သတ္ျဖတ္ခံရမႈေတြနဲ႔ အစီအစဥ္တက် က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြကို တိုက္ဖ်က္ေရး ႀကိဳးပမ္းေနသူ Roegchanda Pascoe ၊ လိုင္ေဘးရီးယား ႏိုင္ငံက အမ်ိဳးသမီး အခြင့္အေရး တက္ႂကြလႈပ္ရွားသူ Facia Boyenoh Harris ၊ လစ္ဗ်ားႏိုင္ငံရဲ႕ ပထမဆုံး အမ်ိဳးသမီး ႏိုင္ငံျခားေရးဝန္ႀကီး Najla Mangoush ၊ မိုဒိုဗာႏိုင္ငံမွာ လႊတ္ေတာ္တြင္း အမ်ိဳးသမီးေတြ အခ်ိဳးက် ကိုယ္စားျပဳခြင့္ရေရး ဦးေဆာင္ ႀကိဳးပမ္းခဲ့သူ လႊတ္ေတာ္အမတ္ Doina Gherman ၊ ႐ိုေမးနီးယား အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားသူ Carmen Gheorghe ၊ ဘရာဇီးႏိုင္ငံမွာ အမ်ိဳးသမီးေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြ အၾကမ္းဖက္ တိုက္ခိုက္ခံရတဲ့ ျဖစ္ရပ္ေတြ အပါအဝင္ အက်င့္ပ်က္ျခစားမႈေတြနဲ႔ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး ကိစၥရပ္ေတြ ကိုင္တြယ္ရာမွာ ထင္ရွားတဲ့ ေရွ႕ေန Simone Sibilio do Nascimento ၊ ကိုလံဘီယာ ႏိုင္ငံက လူ႔အခြင့္အေရးနဲ႔ သဘာ၀ ပတ္ဝန္းက်င္ေရးရာ တက္ႂကြလႈပ္ရွားသူ Josefina Klinger Zúñiga တို႔နဲ႔ အတူ ျမန္မာႏိုင္ငံကေတာ့ လူငယ္ အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူ တဦးျဖစ္တဲ့ လက္ရွိမွာ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ရဲ႕ အမ်ိဳးသမီး၊ လူငယ္နဲ႔ ကေလးသူငယ္ေရးရာ ဒုဝန္ႀကီး မအိသၪၨာေမာင္ တို႔ ျဖစ္ပါတယ္။


“အမ်ိဳးသမီးေတြဟာ ဒီကေန႔ အေျခအေနအထိ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ရပိုင္ခြင့္ေတြအတြက္ ေတာင္းဆို ဆႏၵျပပြဲေတြမွာ တက္တက္ႂကြႂကြ ပါဝင္လႈပ္ရွားေနဆဲ ျဖစ္ပါတယ္။ ဒီကေန႔ က်မ ရခဲ့တဲ့ဆုဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ အမ်ိဳးသမီးေတြနဲ႔ လူငယ္ေတြအေပၚ စစ္တပ္က က်ဴးလြန္တဲ့ အၾကမ္းဖက္ ရာဇဝတ္မႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အဆုံးသတ္ေစဖို႔နဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ ဒီမိုကေရစီ ရရွိေရး၊ လူ႔အခြင့္အေရး ရရွိေရး ႀကိဳးစား႐ုန္းကန္မႈေတြ အတြက္ အသိအမွတ္ ျပဳေပးတဲ့ဆုလို႔ က်မ အေနနဲ႔ ခံယူပါတယ္။”

ဒီမိုကေရစီေရးနဲ႔ လူနည္စုေတြရဲ႕ အခြင့္အေရးေတြ အတြက္ ေရွ႕တန္းက တိုက္ပြဲဝင္သူတဦး အျဖစ္ ထင္ရွားတဲ့ မအိသၪၨာေမာင္ဟာ ျမန္မာႏိုင္ငံရဲ႕ ပညာေရး ျပဳျပင္ေျပာင္းလဲမႈနဲ႔ ေက်ာင္းသားသမဂၢ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့ လူငယ္ အမ်ိဳးသမီးတဦး ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ေက်ာင္းသားသပိတ္ လမ္းေလ ွ်ာက္ ခ်ီတက္ပြဲမွာ ပါဝင္ခဲ့ၿပီးတဲ့ေနာက္ ဖမ္းဆီး အက်ဥ္းခ် ခံခဲ့ရသူ ျဖစ္ပါတယ္။ စစ္ အာဏာသိမ္းမႈ ေနာက္ပိုင္းမွာလည္း ၿငိမ္းခ်မ္းတဲ့ ဒီမိုကေရစီေရး ေတာင္းဆို ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တဲ့အတြက္ ျမန္မာစစ္ေကာင္စီက ဖမ္းဝရမ္း ထုတ္ခံထားရသူ ျဖစ္ၿပီး လက္ရွိမွာ ထြက္ေျပး တိမ္းေရွာင္ေနရေပမဲ့လို႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး အတြက္ မဆုတ္မနစ္ ေရွ႕ဆက္ တိုက္ပြဲဝင္ေနတာေၾကာင့္ ခုလို ႏိုင္ငံတကာ အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ဆု ဂုဏ္ျပဳ ခ်ီးျမႇင္တာ ျဖစ္တဲ့အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေျပာခဲ့ပါတယ္။

ဆုရွင္ ၁၂ ဦးရဲ႕ကိုယ္စား လစ္ဗ်ား ႏိုင္ငံျခားေရး ဝန္ႀကီး Najla Mangoush က မိန႔္ခြန္း ေျပာၾကားခဲ့ၿပီး အခက္အခဲ အက်ပ္အတည္းေတြ ဘယ္လိုရွိရွိ၊ ကိုယ္ယုံၾကည္ရာ လုပ္သင့္လုပ္ထိုက္တာကို ရဲရဲဝံ့ဝံ့ လုပ္ဖို႔ ဆုံးျဖတ္ လုပ္ေဆာင္ရဲတာဟာ ရဲရင့္မႈ သတၱိခြန္အားပါလို႔ သူက ေျပာသြားပါတယ္။

“ကိုယ္လက္ခံ ယုံၾကည္တဲ့အတိုင္း ထုတ္ေဖာ္ေျပာဆိုဖို႔ ခက္ခဲလြန္းတဲ့ အခ်ိန္မွာေတာင္ ဒါကို ရေအာင္ ထုတ္ေဖာ္ဖို႔ ဆုံးျဖတ္တာ၊ အမ်ိဳးသမီးေတြ အႀကီးတန္း ရာထူးတာဝန္ေတြ ထမ္းေဆာင္တဲ့အခါ အခ်ိန္ျပည့္ ေစာင့္ၾကည့္၊ ေဝဖန္ ျပစ္တင္ခံရ၊ မတရား အႏိုင္က်င့္ခံရ တာေတြ ႀကဳံရမယ္ဆိုတာ သိပါလ်က္နဲ႔ ဒါေတြကို ရဲရဲဝံ့ဝံ့ ရင္ဆိုင္တာ၊ ဒါေတြကို သတၱိခြန္အား လို႔ ဆိုလိုပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔ ကိုယ့္တိုင္းျပည္ အိုးအိမ္ေတြကို စြန႔္ခြာၿပီး ေဘးလြတ္ရာမွာ ခိုလုံရွင္သန္ဖို႔ စြန႔္စြန႔္စားစား ဆုံးျဖတ္ရတာကလည္း ရဲစြမ္းသတၱိပါပဲ။”

ဒီလို အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ေတြနဲ႔အတူ ကမာၻတဝန္း အမ်ိဳးသမီးေတြရဲ႕ ဘဝေတြ တိုးတက္ ေကာင္းမြန္လာေအာင္ အားလုံး တညီတၫြတ္တည္း လက္တြဲ ေဆာင္႐ြက္သြားၾကမယ့္အေၾကာင္း အေမရိကန္ သမၼတ ကေတာ္ Jill Biden ကလည္း ေျပာၾကားခဲ့ပါတယ္။

“လက္တင္အေမရိကားမွာ တရားမ ွ်တမႈရေရး တိုက္ပြဲဝင္ေနၾကတဲ့ အမ်ိဳးသမီးေတြ၊ ဒါမွမဟုတ္ ေရွ႕အလယ္ပိုင္းမွာ ပညာ သင္ၾကားခြင့္ရေရး၊ ဥေရာပမွာ ဒီမိုကေရစီနဲ႔ တည္ၿငိမ္မႈ ရရွိေရး၊ အာဖရိက ဆာဟာရ သဲကႏၲာရ ႏိုင္ငံေတြမွာ ကိုယ့္မိသားစုကို ကာကြယ္ေပးႏိုင္ေရး၊ အာရွမွာ က်ား-မ အေျခခံ အၾကမ္းဖက္မႈေတြ တိုက္ဖ်က္ေရး ႀကိဳးပမ္းေနၾကတဲ့ အမ်ိဳးသမီးေတြ…. ဒီလို ရဲရဲဝံဝံ တိုက္ပြဲဝင္ေနတဲ့ အမ်ိဳးသမီးေတြ အားလုံးကို ေျပာခ်င္တာက က်မတို႔ ဟာ ဒီမိုကေရစီနဲ႔ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ စိတ္ခြန္အားအျပည့္နဲ႔ ဆက္လက္ လက္တြဲ ႀကိဳးပမ္းသြားၾကမယ္။ ကိုယ့္ရဲ႕ အသံေတြ ထုတ္ေဖာ္ေျပာဆိုဖို႔ ခက္ခဲတဲ့ အခ်ိန္မွာေတာင္ ကိုယ့္ကို ႏုတ္ပိတ္ဖို႔ ႀကိဳးစားသူေတြကို ဟန႔္တားဖို႔ အတူ လက္တြဲႀကိဳးပမ္း သြားၾကပါမယ္။”

ၿငိမ္းခ်မ္းေရး၊ တရားမ ွ်တေရးနဲ႔ လူသားတိုင္းရဲ႕ အေျခခံ အခြင့္အေရးေတြ အားလုံး တန္းတူ ရရွိေရး အတြက္ ၿခိမ္းေျခာက္မႈေတြ၊ အၾကမ္းဖက္မႈေတြ ၾကားကပဲ မေၾကာက္မ႐ြံ႕ ေရွ႕ဆက္ တိုက္ပြဲဝင္ေနၾကတဲ့ ကမာၻတဝန္းက အမ်ိဳးသမီးေတြကို အေမရိကန္ႏိုင္ငံျခားေရးဌာနက အမ်ိဳးသမီး ရဲစြမ္းသတၱိရွင္ေတြ အျဖစ္ ၂၀၀၇ ခုႏွစ္ကစလို႔ အေလးထား ဂုဏ္ျပဳခ်ီးျမႇင့္လာခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ ျမန္မာအပါအဝင္ ကမာၻတဝန္းက အမ်ိဳးသမီး ၁၇၀ နီးပါး ဒီဆု ခ်ီးျမႇင့္ခံခဲ့ရၿပီးပါၿပီ။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္က အမ်ိဳးသမီး ၂၁ ဦးကို ဂုဏ္ျပဳ ခ်ီးျမႇင့္တာမွာ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ မၿဖိဳးၿဖိဳးေအာင္ ခ်ီးျမႇင့္ခံခဲ့ရပါတယ္။ ဒီ့မတိုင္ခင္တုန္း ကလည္း ဒီဆုကို ၈၈ မ်ိဳးဆက္ ႏိုင္ငံေရးအက်ဥ္းသူေဟာင္းလည္းျဖစ္၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ ေဒၚဇင္မာေအာင္၊ အမ်ိဳးသမီးေတြေပၚ အၾကမ္းဖက္မႈမ်ိဳးစုံကေန ကာကြယ္ႏိုင္မယ့္ ဥပေဒေတြ ေပၚေပါက္လာဖို႔နဲ႔ ကခ်င္ျပည္နယ္တြင္း စစ္ပြဲေတြ ရပ္စဲေရး ႀကိဳးပမ္းခဲ့တဲ့ ကခ်င္တိုင္းရင္းသူ မေမစံပယ္ျဖဴနဲ႔ ပဋိပကၡေဒသက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေရး ေဆာင္႐ြက္ေနတဲ့ ကရင္တိုင္းရင္းသူ ေနာ္ကေညာေဖာတို႔လည္း ရခဲ့ဖူးတယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

========================

[Unicode]

၂၀၂၂ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု (အမျိုးသမီးကဏ္ဍ)

အကျင့်ပျက်ခြစားမှု၊ တရား မမ ျှတမှု၊ ကျား-မ အခြေခံ ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ပြီး ပိုမို ပွင့်လင်း ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင် အသိုင်းအဝိုင်းတွေ ဖြစ်ပေါ်လာရေး ကြိုးပမ်းနေကြတဲ့ မြန်မာ အပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီး ၁၂ ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနက ဒီနှစ်အတွက် အမျိုးသမီး ရဲစွမ်းသတ္တိရှင်တွေအဖြစ် ဂုဏ်ပြု လိုက်ပါတယ်။ မြန်မာနိုင်ငံကတော့ လူငယ်အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့၊ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဒုဝန်ကြီး မအိသဉ္ဇာမောင် ချီးမြှင့်ခံရတာပါ။ ဒီနှစ်အတွက် အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဂုဏ်ပြုပွဲအကြောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့ ကျရောက်ပြီး ရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန ကမ္ဘာတဝန်း တရားမ ျှတရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ အတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေကို ရဲစွမ်းသတ္တိရှင်တွေအဖြစ် ဂုဏ်ပြုလေ့ရှိတာ ဖြစ်ပြီး ဒီနှစ်ကတော့ ၁၆ ကြိမ်မြောက် ဖြစ်ပါတယ်။

ဒီနှစ် ဆုချီးမြှင့်တဲ့ အခမ်းအနားကို မတ်လ ၁၄ ရက်၊ ဒီသီတင်းပတ် တနင်္လာနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ သမ္မတ ကတော် Jill Biden တို့နဲ့အတူ အထင်ကရ အမျိုးသမီးခေါင်းဆောင်တချို့ လူကိုယ်တိုင် တက်ရောက်ကြပါတယ်။ လက်ရှိ အကျဉ်းချခံနေရတဲ့ ဗီယက်နမ်နိုင်ငံ သတင်းထောက် ဆုရှင်တဦး ကလွဲလို့ ကျန်တဲ့ဆုရှင် အားလုံး ကတော့ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားဟာ အမျိုးသမီးတွေရဲ့ ရဲစွမ်းပြောင်မြောက်တဲ့ လုပ်ရပ်တွေကို ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်သလို၊ တချိန်တည်းမှာလည်း ကမ္ဘာတဝန်းက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အခြေအနေတွေကို သတိပေးရာလည်း ရောက်ပါတယ်။ အထူးသဖြင့် လက်ရှိမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ကြုံနေရတဲ့ ယူကရိန်းနိုင်ငံမှာ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အလေးထား ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“ယူကရိန်း အမျိုးသမီးတွေ သန်းနဲ့ချီ မိသားစုလိုက် တိုင်းပြည်ကနေ ထွက်ပြေး နေကြရသလို၊ ရုရှားရဲ့ တရားမ ျှတမှု ကင်းမဲ့တဲ့ စစ်ပွဲကို ခုခံ တိုက်ခိုက်နေကြတဲ့ အမျိုးသမီးတွေလည်း ပြည်တွင်းမှာ နောက်ထပ် သန်းနဲ့ချီ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁ ပတ်လောက်ကပဲ ဒီလိုလူတွေ အများအပြားကို ပိုလန်နိုင်ငံ နယ်စပ်မှာ ကျနော် တွေ့ခဲ့ရပါတယ်။ ရုရှားရဲ့ ရန်လို တိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရတဲ့ ပုံရိပ်တွေက အလွယ်တကူ မေ့ပျောက်ပစ်ဖို့ မလွယ်ပါဘူး။”

အလားတူ သမ္မတ ကတော် Jill Biden ကလည်း ယူကရိန်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်း ပြောဆိုခဲ့သလို၊ ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေနဲ့ အကျပ်အတည်းတွေကြား ရဲရဲဝံ့ဝံ့ ရုန်းကန် ရှေ့ဆက်နေကြတဲ့ အမျိုးသမီးတွေကို ချီးကျူး ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။

“ကမ္ဘာကြီး တိုးတက် ကောင်းမွန်လာဖို့အတွက် နေ့စဉ် နေ့တိုင်း အမျိုးသမီးတွေဟာ သင်ကြား ပြသ၊ ထိန်းကြောင်း မြေတောင် မြှောက်ပေး တာတွေနဲ့အတူ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်အောင်၊ ဦးဆောင်မှုတွေ ပေးနိုင်အောင် ကြိုးပမ်းနေကြသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ မတရားမှုကို နုတ်ဆိတ် မနေကြပါဘူး။ ဒါပေမဲ့ အကြမ်းဖက်မှုတွေ၊ အမုန်းတရားတွေ၊ ခွဲခြားဆက်ဆံမှုနဲ့ ဖယ်ကြဉ်ခံရမှုတွေက အမျိုးသမီးတွေကို နုတ်ဆိတ်အောင် လုပ်နေတာတွေ ရှိပါတယ်။”

ဒီလို နုတ်ဆိတ်အောင် လုပ်တာတွေရှိပေမဲ့လို့ အမျိုးသမီးတွေဟာ အကြောက်တရားတွေကို ဘေးဖယ်ပြီး ပိုမို ငြိမ်းချမ်းပြီး ပွင့်လင်းတဲ့ လူဘောင် အသိုင်းအဝိုင်းတွေ ပေါ်ပေါက်လာရေး ကြိုးပမ်းနေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

“ဒီနှစ် အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ရှင်တွေကတော့ ကမ္ဘာကြီး ပိုမို ငြိမ်းချမ်းလာဖို့၊ ကမ္ဘာ့တိုက်ကြီး ၄ ခုမှာ တရားမ ျှတမှု ရှိရေး ကြိုးပမ်းနေသူတွေ ဖြစ်ကြပါတယ်။ အစီအစဉ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ကနေ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ရေး အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းနေကြသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးငယ်တွေ၊ လိင်စိတ်ကွဲပြားကြတဲ့ LGBTQI တွေ နဲ့ လူမှုအသိုင်းအဝိုင်းတွင်း ဖယ်ကြဉ်ခံရသူတွေရဲ့ အခွင့်အရေးတွေ ပိုမို တိုးတက်ကောင်းမွန်လာအောင် ရှေ့ဆောင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။”

ဒီနှစ် နိုင်ငံတကာ ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင့်ခံရတဲ့ အမျိုးသမီး ၁၂ ဦးမှာ ၅ ဦးက မြန်မာအပါအဝင် အာရှတိုက်နိုင်ငံတွေက ဖြစ်ပြီး၊ အာဖရိကတိုက် နိုင်ငံတွေက ၃ ဦး၊ တောင်အမေရိကားက ၂ ဦးနဲ့ ဥရောပတိုက်က ၂ ဦး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူ ရှေ့နေ Rizwana Hasan ၊ အီရတ်နိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေ ဦးဆောင် တိုက်ဖျက်ရာမှာ ထင်ရှားတဲ့ လက်ရှိ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Taif Sami Mohammed ၊ ဗီယက်နမ်နိုင်ငံမှာ လက်ရှိ ဖမ်းဆီး ထောင်ချခံထားရတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ သတင်းထောက် Phạm Đoan Trang ၊ နီပေါနိုင်ငံက လိင်စိတ်ခံယူမှု ကွဲပြားသူ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ လူမှု တရားမ ျှတမှုတွေအတွက် တိုက်ပွဲဝင်နေတဲ့ Bhumika Shrestha ၊ တောင်အာဖရိကနိုင်ငံမှာ ကျားမ ကွဲပြားမှုကြောင့် အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေနဲ့ အစီအစဉ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ကြိုးပမ်းနေသူ Roegchanda Pascoe ၊ လိုင်ဘေးရီးယား နိုင်ငံက အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ Facia Boyenoh Harris ၊ လစ်ဗျားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး Najla Mangoush ၊ မိုဒိုဗာနိုင်ငံမှာ လွှတ်တော်တွင်း အမျိုးသမီးတွေ အချိုးကျ ကိုယ်စားပြုခွင့်ရရေး ဦးဆောင် ကြိုးပမ်းခဲ့သူ လွှတ်တော်အမတ် Doina Gherman ၊ ရိုမေးနီးယား အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Carmen Gheorghe ၊ ဘရာဇီးနိုင်ငံမှာ အမျိုးသမီးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ အပါအဝင် အကျင့်ပျက်ခြစားမှုတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်တွေ ကိုင်တွယ်ရာမှာ ထင်ရှားတဲ့ ရှေ့နေ Simone Sibilio do Nascimento ၊ ကိုလံဘီယာ နိုင်ငံက လူ့အခွင့်အရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ Josefina Klinger Zúñiga တို့နဲ့ အတူ မြန်မာနိုင်ငံကတော့ လူငယ် အမျိုးသမီး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ လက်ရှိမှာ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုဝန်ကြီး မအိသဉ္ဇာမောင် တို့ ဖြစ်ပါတယ်။


“အမျိုးသမီးတွေဟာ ဒီကနေ့ အခြေအနေအထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေအတွက် တောင်းဆို ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ကျမ ရခဲ့တဲ့ဆုဟာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေနဲ့ လူငယ်တွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်စေဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး ရရှိရေး ကြိုးစားရုန်းကန်မှုတွေ အတွက် အသိအမှတ် ပြုပေးတဲ့ဆုလို့ ကျမ အနေနဲ့ ခံယူပါတယ်။”

ဒီမိုကရေစီရေးနဲ့ လူနည်စုတွေရဲ့ အခွင့်အရေးတွေ အတွက် ရှေ့တန်းက တိုက်ပွဲဝင်သူတဦး အဖြစ် ထင်ရှားတဲ့ မအိသဉ္ဇာမောင်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ လူငယ် အမျိုးသမီးတဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ကျောင်းသားသပိတ် လမ်းလေ ျှာက် ချီတက်ပွဲမှာ ပါဝင်ခဲ့ပြီးတဲ့နောက် ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသူ ဖြစ်ပါတယ်။ စစ် အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် မြန်မာစစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပြီး လက်ရှိမှာ ထွက်ပြေး တိမ်းရှောင်နေရပေမဲ့လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် မဆုတ်မနစ် ရှေ့ဆက် တိုက်ပွဲဝင်နေတာကြောင့် ခုလို နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဂုဏ်ပြု ချီးမြှင်တာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။

ဆုရှင် ၁၂ ဦးရဲ့ကိုယ်စား လစ်ဗျား နိုင်ငံခြားရေး ဝန်ကြီး Najla Mangoush က မိန့်ခွန်း ပြောကြားခဲ့ပြီး အခက်အခဲ အကျပ်အတည်းတွေ ဘယ်လိုရှိရှိ၊ ကိုယ်ယုံကြည်ရာ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ လုပ်ဖို့ ဆုံးဖြတ် လုပ်ဆောင်ရဲတာဟာ ရဲရင့်မှု သတ္တိခွန်အားပါလို့ သူက ပြောသွားပါတယ်။

“ကိုယ်လက်ခံ ယုံကြည်တဲ့အတိုင်း ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲလွန်းတဲ့ အချိန်မှာတောင် ဒါကို ရအောင် ထုတ်ဖော်ဖို့ ဆုံးဖြတ်တာ၊ အမျိုးသမီးတွေ အကြီးတန်း ရာထူးတာဝန်တွေ ထမ်းဆောင်တဲ့အခါ အချိန်ပြည့် စောင့်ကြည့်၊ ဝေဖန် ပြစ်တင်ခံရ၊ မတရား အနိုင်ကျင့်ခံရ တာတွေ ကြုံရမယ်ဆိုတာ သိပါလျက်နဲ့ ဒါတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တာ၊ ဒါတွေကို သတ္တိခွန်အား လို့ ဆိုလိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်တိုင်းပြည် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာမှာ ခိုလုံရှင်သန်ဖို့ စွန့်စွန့်စားစား ဆုံးဖြတ်ရတာကလည်း ရဲစွမ်းသတ္တိပါပဲ။”

ဒီလို အမျိုးသမီး ရဲစွမ်းသတ္တိရှင်တွေနဲ့အတူ ကမ္ဘာတဝန်း အမျိုးသမီးတွေရဲ့ ဘဝတွေ တိုးတက် ကောင်းမွန်လာအောင် အားလုံး တညီတညွတ်တည်း လက်တွဲ ဆောင်ရွက်သွားကြမယ့်အကြောင်း အမေရိကန် သမ္မတ ကတော် Jill Biden ကလည်း ပြောကြားခဲ့ပါတယ်။

“လက်တင်အမေရိကားမှာ တရားမ ျှတမှုရရေး တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေ၊ ဒါမှမဟုတ် ရှေ့အလယ်ပိုင်းမှာ ပညာ သင်ကြားခွင့်ရရေး၊ ဥရောပမှာ ဒီမိုကရေစီနဲ့ တည်ငြိမ်မှု ရရှိရေး၊ အာဖရိက ဆာဟာရ သဲကန္တာရ နိုင်ငံတွေမှာ ကိုယ့်မိသားစုကို ကာကွယ်ပေးနိုင်ရေး၊ အာရှမှာ ကျား-မ အခြေခံ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရေး ကြိုးပမ်းနေကြတဲ့ အမျိုးသမီးတွေ…. ဒီလို ရဲရဲဝံဝံ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေ အားလုံးကို ပြောချင်တာက ကျမတို့ ဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိတ်ခွန်အားအပြည့်နဲ့ ဆက်လက် လက်တွဲ ကြိုးပမ်းသွားကြမယ်။ ကိုယ့်ရဲ့ အသံတွေ ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲတဲ့ အချိန်မှာတောင် ကိုယ့်ကို နုတ်ပိတ်ဖို့ ကြိုးစားသူတွေကို ဟန့်တားဖို့ အတူ လက်တွဲကြိုးပမ်း သွားကြပါမယ်။”

ငြိမ်းချမ်းရေး၊ တရားမ ျှတရေးနဲ့ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးတွေ အားလုံး တန်းတူ ရရှိရေး အတွက် ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကြားကပဲ မကြောက်မရွံ့ ရှေ့ဆက် တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက အမျိုးသမီး ရဲစွမ်းသတ္တိရှင်တွေ အဖြစ် ၂၀၀၇ ခုနှစ်ကစလို့ အလေးထား ဂုဏ်ပြုချီးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာအပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီး ၁၇၀ နီးပါး ဒီဆု ချီးမြှင့်ခံခဲ့ရပြီးပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အမျိုးသမီး ၂၁ ဦးကို ဂုဏ်ပြု ချီးမြှင့်တာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဖြိုးဖြိုးအောင် ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီ့မတိုင်ခင်တုန်း ကလည်း ဒီဆုကို ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်၊ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှုမျိုးစုံကနေ ကာကွယ်နိုင်မယ့် ဥပဒေတွေ ပေါ်ပေါက်လာဖို့နဲ့ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ ရပ်စဲရေး ကြိုးပမ်းခဲ့တဲ့ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူနဲ့ ပဋိပက္ခဒေသက အမျိုးသမီးနဲ့ ကလေးငယ်တွေအရေး ဆောင်ရွက်နေတဲ့ ကရင်တိုင်းရင်းသူ နော်ကညောဖောတို့လည်း ရခဲ့ဖူးတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG