သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

(၁၁၁) ၾကိမ္ေျမာက္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔


(၁၁၁) ၾကိမ္ေျမာက္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔
please wait

No media source currently available

0:00 0:11:13 0:00

မတ္လ ၈ ရက္ေန႔က က်ေရာက္ခဲ့တဲ့ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ျမန္မာ အပါအဝင္ ကမာၻတဝန္းက အမ်ိဳးသမီးေရး တက္ႂကြ လႈပ္ရွားသူေတြ ပုံစံ အမ်ိဳးမ်ိဳးနဲ႔ အထိမ္းအမွတ္ျပဳ ဆင္ႏႊဲခဲ့ၾကပါတယ္။

[Zawgyi/Unicode]

မတ္လ ၈ ရက္ေန႔က က်ေရာက္ခဲ့တဲ့ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ျမန္မာ အပါအဝင္ ကမာၻတဝန္းက အမ်ိဳးသမီးေရး တက္ႂကြ လႈပ္ရွားသူေတြ ပုံစံ အမ်ိဳးမ်ိဳးနဲ႔ အထိမ္းအမွတ္ျပဳ ဆင္ႏႊဲခဲ့ၾကပါတယ္။ အမ်ိဳးသမီးေတြ ႀကဳံေတြ႕ရတဲ့ အိမ္တြင္း အၾကမ္းဖက္မႈေတြ၊ က်ား-မ တန္းတူညီမ ွ်မႈ မရရွိေသးတာေတြကို မီးေမာင္း ထိုးျပခဲ့ၾကသလို၊ အမ်ိဳးသမီးေတြအေပၚ ခြဲျခားဆက္ဆံမႈေတြ ရပ္ၿပီး တရားမ ွ်တမႈ ရရွိေရး စုေဝး ေတာင္းဆို ဆႏၵျပတာေတြ ေနရာအေတာ္မ်ားမ်ားမွာ လုပ္ခဲ့ၾကပါတယ္။ ျမန္မာ အပါအဝင္ ကမာၻ႔ေနရာ ေဒသတခ်ိဳ႕မွာ ဒီႏွစ္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ဘယ္လို ပုံစံနဲ႔ ဆင္ႏႊဲၾကသလဲ။ ဘာေၾကာင့္ အဲ့ဒီလိုဆင္ႏႊဲၾကတာလဲ ဆိုတာေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ဆက္ထားပါတယ္။


ႏွစ္စဥ္ ႏွစ္တိုင္း မတ္လ ၈ ရက္ေန႔မွာ က်င္းပေလ့ရွိတဲ့ (အျပည္ျပည္ဆိုင္ရာ) ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ကမာၻတဝန္းက အမ်ိဳးသမီးေရး တက္ႂကြ လႈပ္ရွားသူေတြ ပုံစံ မ်ိဳးစုံနဲ႔ ဆင္ႏႊဲၾကေလ့ရွိပါတယ္။ ဒီႏွစ္ကေတာ့ ၁၁၁ ႀကိမ္ေျမာက္ က်င္းပတာပါ။ ကိုဗစ္ ကပ္ေဘးနဲ႔အတူ ေနာက္ဆက္တြဲ လူမႈ စီးပြား အက်ပ္အတည္းေတြ ႀကဳံေနရတဲ့အခ်ိန္မွာ ႏိုင္ငံ အေတာ္မ်ားမ်ားမွာ အမ်ိဳးသမီးေတြ ေထာင္နဲ႔ခ်ီ လမ္းေပၚထြက္ စုေဝး ခ်ီတက္ ဆႏၵ ျပတာေတြ ရွိခဲ့သလို၊ က်ား-မ တန္းတူေရး ေတာင္းဆိုမႈေတြနဲ႔ အသိပညာေပး ေဆြးေႏြးပြဲ၊ ဂုဏ္ျပဳပြဲ၊ ဆုေတာင္းပြဲ စသျဖင့္ ပုံစံမ်ိဳးစုံနဲ႔ ဆင္ႏႊဲၾကပါတယ္။

မကၠဆီကိုႏိုင္ငံမွာလည္း အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး ေတာင္းဆို ဆႏၵျပေနၾကပါတယ္။ အဂၤါေန႔က ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ ခ်ီတက္ပြဲမွာ မကၠဆီကို အမ်ိဳးသမီး ေသာင္းနဲ႔ခ်ီ ပါဝင္ခဲ့ၾကပါတယ္။ မကၠဆီကိုႏိုင္ငံမွာ ေန႔စဥ္ အမ်ိဳးသမီး ၁၀ ေယာက္ အၾကမ္းဖက္ သတ္ျဖတ္ခံေနရ တာေၾကာင့္ ကမာၻေပၚမွာ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြ အၾကမ္းဖက္ သတ္ျဖတ္ခံရမႈ အဆိုး႐ြာဆုံး ႏိုင္ငံေတြထဲမွာ ပါဝင္ပါတယ္။ ဒီလို အေျခအေနေတြ အဆုံးသတ္ေရး ႀကိဳးပမ္းေနတာလို႔ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ ခ်ီတက္ပြဲမွာ ပါဝင္တဲ့ ကေခ်သည္ Adriana Escamilla က ေျပာပါတယ္။

“က်မ ဘာလို႔ ဒီေနရာကို ေရာက္ေနတာလဲ ဆိုရင္ေတာ့ အမ်ိဳးသားေတြရဲ႕ အႏိုင္က်င့္မႈေတြကို မခံႏိုင္လို႔၊ က်မတို႔ကို ဖိႏွိပ္ေနတဲ့ ဖိုဝါဒႀကီးစိုးတဲ့ စနစ္ကို မေက်နပ္လို႔။ ဒီ ခံစားခ်က္ေတြကို က်မရဲ႕ ခႏၶာ ၊ က်မရဲ႕ ကကြက္ေတြနဲ႔ ေဖာ္ထုတ္ ကန႔္ကြက္ဖို႔အတြက္ ေအာ္ဟစ္ ေႂကြးေၾကာ္ဖို႔ လာခဲ့တာပါ။”

အမ်ိဳးသမီးေတြ အခ်င္းခ်င္း ပံ့ပိုး ကူညီ ေဖးမၿပီး အနာဂတ္ မ်ိဳးဆက္ မိန္းခေလးငယ္ေတြ သူတို႔ ႀကဳံေတြ႕ခဲ့ရသလို ဆက္ၿပီး မႀကံဳရေစဖို႔ ခုလို ခ်ီတက္ ေတာင္းဆို ဆႏၵျပၾကတာလို႔ ဆႏၵျပပြဲမွာ ပါဝင္သူေတြက ေျပာပါတယ္။

အလားတူ အာဂ်င္တီးနား ႏိုင္ငံက ခ်ီတက္ပြဲမွာလည္း အၾကမ္းဖက္ သတ္ျဖတ္ခံရတဲ့ အမ်ိဳးသမီးေတြအတြက္ တရားမ ွ်တမႈ ရရွိေရး ေတာင္းဆိုခဲ့ၾကပါတယ္။

"က်မတို႔ မိန္းခေလးေတြ အလုပ္သြားတဲ့အခါ၊ မိတ္ေဆြ သူငယ္ခ်င္းေတြ နဲ႔ေတြ႕ဖို႔ အျပင္ထြက္တဲ့ အခါတိုင္း ႀကဳံေနရတဲ့ အေၾကာက္တရားေတြ အဆုံးသတ္ဖို႔ နဲ႔ က်ား-မ သာတူညီမ ွ်တန္းတူ အခြင့္အေရး ရဖို႔ ခုလို လမ္းေတြေပၚမွာ တႏွစ္ၿပီးတႏွစ္ က်မတို႔ ခ်ီတက္ ေတာင္းဆို ေနၾကတာပါ။ ကိုခ်စ္တဲ့သူေတြ ေနာက္တႀကိမ္ ေတြ႕ရပါ့မလား။ သူတို႔ေတြ အသတ္ခံရမလား စသျဖင့္ ေၾကာက္႐ြံ႕ ထိတ္လန႔္ ေနရတာေတြ မျဖစ္သင့္ေတာ့ပါဘူး။”

အသက္ ၂၂ ႏွစ္အ႐ြယ္ အာဂ်င္တီးနား ေက်ာင္းသူ Camila Pisano ေျပာသြားတာပါ။

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္ သတ္ျဖတ္မႈေတြ ဆိုးဆိုး႐ြား႐ြား ရွိေနတဲ့ ခုလို လက္တင္ အေမရိကားႏိုင္ငံေတြမွာ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ ခ်ီတက္ပြဲေတြ က်င္းပၾကသလိုပဲ၊ အေမရိကန္ျပည္ေထာင္စု နဲ႔ ဥေရာပ ႏိုင္ငံေတြ၊ အာရွေဒသမွာဆိုရင္လည္း အိႏၵိယ၊ ပါကစၥတန္၊ တ႐ုတ္၊ ဖိလစ္ပိုင္၊ ျမန္မာ စတဲ့ ႏိုင္ငံေတြမွာလည္း အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြ ပုံစံမ်ိဳးစုံနဲ႔ စုေဝး ဆင္ႏႊဲၾကပါတယ္။

ႏိုင္ငံေတြ၊ ေနရာေဒသေတြ မတူၾကေပမဲ့လို႔ အမ်ိဳးသမီး ျဖစ္လို႔ ခြဲျခားဆက္ဆံၿပီး ႏိုင့္ထက္ စီးနင္းလုပ္ခံရတဲ့ အေျခအေနေတြ ကေတာ့ ေနရာတိုင္းမွာ ရွိေနတာေတြ႕ရၿပီး ဒါေတြကို အဆုံးသတ္ရမွာ ျဖစ္တယ္လို႔ ဖိလစ္ပိုင္ အမ်ိဳးသမီးေရး လႈပ္ရွားမႈအဖြဲ႕ ကိုယ္စားလွယ္တဦးျဖစ္တဲ့ Arlene Brosas က ေျပာပါတယ္။

"က်မတို႔ ႏိုင္ငံရဲ႕ လက္ရွိ စနစ္ေအာက္မွာ အႏိုင္က်င့္ ဗိုက်ခံေနရတဲ့ အမ်ိဳးသမီးေတြရဲ႕ အသံေတြကို ကမာၻႀကီးတခုလုံး ၾကားေစခ်င္ပါတယ္။ ဒီအေျခအေနေတြက ဖိလစ္ပိုင္ ႏိုင္ငံတင္ ႀကဳံရတာ မဟုတ္ပါဘူး။ တျခား ႏိုင္ငံေတြမွာလည္း အမ်ိဳးသမီးေတြဟာ ပုံစံ မ်ိဳးစုံနဲ႔ ဗိုက် အႏိုင္က်င့္ ခံရေနပါတယ္။”

ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔မွာ ဖိလစ္ပိုင္ အမ်ိဳးသမီးေတြ ေထာင္နဲ႔ခ်ီ ၿမိဳ႕ေတာ္ မနီလာ လမ္းမေတြေပၚမွာ ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။

စစ္တပ္ အာဏာသိမ္းမႈ ေနာက္ပိုင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ အၾကမ္းဖက္မႈေတြ ပိုဆိုးလာေနတဲ့ ျမန္မာႏိုင္ငံမွာလည္း စစ္ပြဲေတြ၊ အခက္အခဲေတြ ၾကားမွာပဲ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ရတဲ့နည္းနဲ႔ ဆင္ႏႊဲခဲ့ၾကတယ္လို႔ အမ်ိဳးသမီးေရး တက္ႂကြ လႈပ္ရွားသူေတြက ေျပာပါတယ္။ ျမန္မာစစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြၾကား အျပန္အလွန္ ပစ္ခတ္မႈေတြ မၾကာခန ရွိေနတဲ့ ကရင္နီေဒသ၊ ဒီေမာ့ဆို ၿမိဳ႕နယ္မွာ ေက်း႐ြာ ၁၅ ႐ြာေလာက္က အမ်ိဳးသမီး ၁၅၀ ေလာက္ စုေဝးၿပီး ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ဆင္ႏႊဲခဲ့တယ္လို႔ ကိုယ္တိုင္ ပါဝင္သူ တဦးျဖစ္တဲ့ ေက်းလက္ေျမ အမ်ိဳးသမီးအဖြဲ႕က မမူစဲက ေျပာပါတယ္။ ပစ္ခတ္ တိုက္ခိုက္မႈေတြ ရွိေနတဲ့ၾကားမွာ သူတို႔ ဘာေၾကာင့္ ခုလို ခက္ခက္ခဲခဲ ဆင္ႏႊဲၾကရတာလဲ ဆိုတာကိုလည္း သူက ခုလို ရွင္းျပပါတယ္။

“အဓိက ရည္႐ြယ္ခ်က္ ကေတာ့ အာဏာသိမ္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ တိုင္းရင္သားျပည္သူေတြ အေပၚ တိုက္ခိုက္မႈေတြ၊ စစ္ေျပးေရွာင္ေနရတဲ့ ဒုကၡေတြ၊ ေန႔စဥ္ေန႔တိုင္း ေလယာဥ္ေတြနဲ႔ ဗုံးက်ဲသလို စစ္ေၾကာင္း ထိုးတာေတြလည္း ရွိသလို၊ မိုင္းေတြလည္း ရပ္႐ြာေတြထဲမွာ ေထာင္ထားတာေတြ ရွိတယ္။ ဒါေတြေၾကာင့္ အမ်ိဳးသမီးေတြက အေၾကာက္တရားေတြနဲ႔ တေနရာၿပီးတေနရာ ေျပးလႊားေနရတယ္။ ဒါေတြကို က်မတို႔က ျပန္လည္ၿပီးေတာ့ ဒီအေၾကာက္တရားေတြကို အမ်ိဳးသမီးေတြ စုစည္းၿပီး အံတုႏိုင္ဖို႔။ ၿပီးရင္ အခ်င္းခ်င္း အျပန္အလွန္ ခြန္အားယူႏိုင္ဖို႔၊ ဒီဒုကၡေတြကို ေႏြဦးေတာ္လွန္ေရးရဲ႕ စိတ္ဓာတ္နဲ႔ ဆက္လက္ၿပီးေတာ့မွ အႏိုင္ယူႏိုင္ဖို႔ ရည္႐ြယ္ၿပီးေတာ့ လုပ္တာ ျဖစ္တယ္။ ေနာက္တခုကေတာ့ အမ်ိဳးသမီးေတြ ဒီကာလအတြင္း ႐ုပ္ပိုင္း စိတ္ပိုင္း ျပန္လည္ ကုစားႏိုင္ဖို႔အျပင္ သူတို႔ေတြ ေရာက္ရွိေနတဲ့ ေနရာေတြမွာ စိတ္ဓာတ္ခြန္အား ျပန္လည္ ေမြးဖြားႏိုင္ၿပီးေတာ့မွ ယုံၾကည္မႈရွိရွိနဲ႔ က်တဲ့အခန္းက႑ေတြမွာ ရယူႏိုင္တဲ့ ဦးေဆာင္မႈေတြကို ျပန္လည္ ေနရာ ရယူႏိုင္ဖို႔အတြက္ ရည္႐ြယ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။”

ကရင္နီေဒသဘက္မွာ ပစ္ခတ္ တိုက္ခိုက္မႈေတြ ေန႔စဥ္ဆိုသလို ရွိေနတာေၾကာင့္ သတိထား သြားလာၾကရတဲ့အတြက္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ကို ၃ ရက္ေစာၿပီး မတ္လ ၅ ရက္ေန႔မွာ ႀကိဳၿပီး က်င္းပခဲ့တယ္လို႔လည္း မမူစဲက ေျပာျပပါတယ္။

“က်မတို႔က်င္းပေနခ်ိန္ ရက္ပိုင္း အတြင္းမွွာကိုပဲ ဒီက ရပ္႐ြာေတြကို စစ္ေၾကာင္းေတြ ထိုးေနတယ္။ ေလေၾကာင္းကေနလည္း ဗုံးေတြ က်ဲေနတယ္။ ေျမျပင္မွာ အခ်င္းခ်င္း ပစ္ခတ္မႈေတြလည္း ရွိေနတယ္။ ဒါေပမဲ့ ဒီဟာေတြကို က်မတို႔က ေၾကာက္ေနမယ့္အစား က်မတို႔ အမ်ိဳးသမီးေတြ အေနနဲ႔ ဒါကိုေၾကာက္ၿပီး ဘယ္ေနရာကို ဆက္ေျပးရမလဲ ျဖစ္ေနမယ့္အစား၊ က်မတို႔ အားလုံး စုၿပီး အတူတူ အေၾကာက္တရားကို တြန္းလွန္ႏိုင္ဖို႔အတြက္ ဒီလို စုစည္းၿပီး ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္လုပ္ၿပီး အဲ့ဒီေန႔မွာ အမ်ိဳးသမီးေတြကိုလည္း က်မတို႔ အခ်င္းခ်င္း အျပန္အလွန္ ဂုဏ္ျပဳၾကရင္း၊ ေဖးမၾကရင္း၊ စိတ္ဓာတ္ခြန္အားေတြ ေပးၾကရင္း၊ အခ်င္းခ်င္း ဒါေတြကို တဒဂၤအတြင္းမွာပဲ ျဖစ္ျဖစ္ က်မတို႔ေတြ ပုံမွန္ အေနအထားမွာလို၊ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး အဲ့ဒီ အခမ္းအနားအတြင္း နာရီအတြင္း စကၠန႔္အတြင္းမွာ က်မတို႔ေတြ စကားေျပာၾကတယ္။ က ခုန္ၾကတယ္။ က်မတို႔ သီခ်င္းေတြ ဆိုၾကတယ္။ က်မတို႔ ပန္းေတြ ေပးၾကတယ္။ အဲ့ဒါေလးေတြကို က်မတို႔ ရေအာင္ လုပ္ခဲ့တာပါ။”

စစ္တပ္ အာဏာသိမ္းမႈေနာက္ပိုင္း အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ရဲရဲရင့္ရင္ ပါဝင္ခဲ့ၾကတဲ့ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ကို မီးေမာင္းထိုးျပတဲ့ အေနနဲ႔လည္း ဆႏၵျပပြဲေတြအတြင္း အမ်ိဳးသမီးထမီေတြ အလံလႊင့္ ထူခဲ့ၾကတာကို ျပန္လည္ ေဖာ္ထုတ္ခဲ့ၾကၿပီး ထမီ လက္ေဆာင္ေပးတာေတြ လုပ္ခဲ့သလို၊ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးခဲ့ရတဲ့ အမ်ိဳးသမီးေတြ အတြက္ ေအာက္ေမ့ ဂုဏ္ျပဳတဲ့ ဆုေတာင္းပြဲလည္း က်င္းပခဲ့တယ္လို႔ မမူစဲက ေျပာပါတယ္။

“ႏွစ္ေပါင္း ၇၀ ေက်ာ္ ျပည္တြင္းစစ္ေၾကာင့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြဟာ စစ္ပြဲၾကားထဲမွာ ေတာေတြ ေတာင္ေတြထဲမွာ၊ မိုးထဲေလထဲမွာ ကေလးေမြးခဲ့ရတယ္။ သားသမီး မိသားစုေတြ ရာသီဥတုဒဏ္ေၾကာင့္ ေသဆုံးရတာေတြ ရွိတယ္။ လူသားဒိုင္းအျဖစ္ အသုံးျပဳခံရတာေတြ ရွိတယ္။ မုဒိန္းက်င့္ ခံရတာေတြ ရွိတယ္။ ဒါေတြၿပီးေတာ့မလားဆို အခုတခါ ထပ္ၿပီးမွ စစ္အာဏာ သိမ္းလိုက္တဲ့အခါမွာ ဒီဒုကၡေတြကို တေက်ာ့ျပန္ ခံစားရတယ္။ အဲ့ဒီေတာ့ က်မတို႔ ေမ ွ်ာ္လင့္စရာ ၿငိမ္းခ်မ္းေရး တခုပဲ ရွိတယ္။ ဖက္ဒရယ္ ဒီမိုကေရစီကို က်မတို႔ လိုလားတယ္။ တရားမ ွ်တမႈကို လိုလားတယ္။ ျပည္သူ႔အာဏာကို ျပည္သူကို ျပန္ေပးၿပီး က်မတို႔အမ်ိဳးသမီးေတြရဲ႕ စိတ္ပိုင္း ႐ုပ္ပိုင္း ဆိုင္ရာေတြကို ျပန္လည္ ကုစားၿပီးေတာ့မွ က်မတို႔အမ်ိဳးသမီးေတြလည္း တိုင္းျပည္ တည္ေဆာက္ေရးမွာ ဟန္ခ်က္ညီညီ ေျခလွမ္း လွမ္းၿပီး ျပန္လည္ ပါဝင္ခ်င္ပါတယ္။ ဒါေၾကာင့္မို႔ စစ္ပြဲေတြနဲ႔ က်မတို႔ အမ်ိဳးသမီးေတြရဲ႕ စိတ္ဓာတ္ေတြကို မ႐ိုက္ခ်ိဳးပါနဲ႔။ စိတ္ဓာတ္က်ေအာင္ မလုပ္ပါနဲ႔။ ဒုကၡေတြ ခါးဆီးခံရေအာင္ ဆက္ၿပီးေတာ့ မႏွိပ္စက္ပါနဲ႔လို႔ က်မတို႔ ေျပာခ်င္ပါတယ္။”

ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ အေမရိကန္သံ႐ုံးကလည္း - ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပ လႈပ္ရွားမႈေတြ အတြင္း က်ဆုံးခဲ့ရတဲ့ လူငယ္အမ်ိဳးသမီး မအိန္ဂ်ယ္ ၾကယ္စင္၊ မျမသြဲ႕သြဲ႕ခိုင္ နဲ႔မခင္မ်ိဳးခ်စ္ တို႔အပါအဝင္ ေႂကြလႊင့္ခဲ့တဲ့ အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြ အားလုံးကို ေအာက္ေမ့ ဂုဏ္ျပဳေၾကာင္းနဲ႔ ဒီမိုကေရစီေရးအတြက္ မဆုတ္မနစ္ ႀကိဳးပမ္း အားထုတ္ေနၾကတဲ့ ရဲဝံ့တဲ့ အမ်ိဳးသမီးေတြ အားလုံးကို ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္း သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ဒီႏွစ္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔မွာေတာ့ လက္ရွိ စစ္ပြဲေတြ ျဖစ္ေနတဲ့ ယူကရိန္းနဲ႔ ျမန္မာလို ပဋိပကၡ ေဒသေတြမွာ အမ်ိဳးသမီးေတြ ရင္ဆိုင္ရတဲ့ အေျခအေနေတြကို အမ်ိဳးသမီး ေခါင္းေဆာင္ေတြက အဓိက ေထာက္ျပ ေျပာဆိုၾကပါတယ္။ ယူကရိန္းမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားစု ပါဝင္တဲ့ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ အိုးမဲ့အိမ္မဲ့ ထြက္ေျပးေနရတဲ့ အေျခအေနကို ေၾကာက္မက္ဖြယ္ရာ မ်က္ျမင္ ေတြ႕ေနရတဲ့ အခ်ိန္မွာ ျမန္မာ၊ အာဖဂန္နစၥတန္၊ ယီမင္ စတဲ့ ေနရာေတြမွာလည္း ပဋိပကၡေတြအတြင္း အမ်ိဳးသမီးနဲ႔ မိန္းခေလးေတြ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြ ရွိေနတယ္ဆိုတာကို ကုလသမဂၢရဲ႕ အမ်ိဳးသမီးေရးရာ အမႈေဆာင္ ၫႊန္ၾကားေရးမႉး Sima Bahous (ဆီမာဘာဟတ္စ္) က မတ္လ ၈ ရက္၊ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔မွာ ကုလသမဂၢ ဌာနခ်ဳပ္ကို ေပးပို႔တဲ့ ဗြီဒီယို မိန႔္ခြန္းထဲမွာ ေျပာဆိုသြားပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က စခဲ့တဲ့ COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးနဲ႔ လူမႈေရး ဆုတ္ယုတ္မႈ ဒဏ္ေတြကို ခါးဆီး ခံေနၾကရတဲ့ အမ်ိဳးသမီးေတြဟာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ နစ္နာ ဆုံးရႈံးမႈေတြ ပိုၿပီး ႀကဳံလာေနရပါတယ္။ ဒီလို အေျခအေနေတြ ေျပာင္းလဲလာဖို႔ အတြက္ အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြက ဒီႏွစ္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔မွာ အေလးထား ေျပာဆိုခဲ့ၾကတယ္ ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ ျပဳပါ။ က်မ ခင္ျဖဴေထြးပါရွင္။

===============================

[Unicode]
(၁၁၁) ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ (အမျိုးသမီးကဏ္ဍ)

မတ်လ ၈ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ ပုံစံ အမျိုးမျိုးနဲ့ အထိမ်းအမှတ်ပြု ဆင်နွှဲခဲ့ကြပါတယ်။ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ ကျား-မ တန်းတူညီမ ျှမှု မရရှိသေးတာတွေကို မီးမောင်း ထိုးပြခဲ့ကြသလို၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရပ်ပြီး တရားမ ျှတမှု ရရှိရေး စုဝေး တောင်းဆို ဆန္ဒပြတာတွေ နေရာအတော်များများမှာ လုပ်ခဲ့ကြပါတယ်။ မြန်မာ အပါအဝင် ကမ္ဘာ့နေရာ ဒေသတချို့မှာ ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဘယ်လို ပုံစံနဲ့ ဆင်နွှဲကြသလဲ။ ဘာကြောင့် အဲ့ဒီလိုဆင်နွှဲကြတာလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။


နှစ်စဉ် နှစ်တိုင်း မတ်လ ၈ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ (အပြည်ပြည်ဆိုင်ရာ) နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်းက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ ပုံစံ မျိုးစုံနဲ့ ဆင်နွှဲကြလေ့ရှိပါတယ်။ ဒီနှစ်ကတော့ ၁၁၁ ကြိမ်မြောက် ကျင်းပတာပါ။ ကိုဗစ် ကပ်ဘေးနဲ့အတူ နောက်ဆက်တွဲ လူမှု စီးပွား အကျပ်အတည်းတွေ ကြုံနေရတဲ့အချိန်မှာ နိုင်ငံ အတော်များများမှာ အမျိုးသမီးတွေ ထောင်နဲ့ချီ လမ်းပေါ်ထွက် စုဝေး ချီတက် ဆန္ဒ ပြတာတွေ ရှိခဲ့သလို၊ ကျား-မ တန်းတူရေး တောင်းဆိုမှုတွေနဲ့ အသိပညာပေး ဆွေးနွေးပွဲ၊ ဂုဏ်ပြုပွဲ၊ ဆုတောင်းပွဲ စသဖြင့် ပုံစံမျိုးစုံနဲ့ ဆင်နွှဲကြပါတယ်။

မက္ကဆီကိုနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။ အင်္ဂါနေ့က နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲမှာ မက္ကဆီကို အမျိုးသမီး သောင်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ မက္ကဆီကိုနိုင်ငံမှာ နေ့စဉ် အမျိုးသမီး ၁၀ ယောက် အကြမ်းဖက် သတ်ဖြတ်ခံနေရ တာကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ အကြမ်းဖက် သတ်ဖြတ်ခံရမှု အဆိုးရွာဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒီလို အခြေအနေတွေ အဆုံးသတ်ရေး ကြိုးပမ်းနေတာလို့ နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲမှာ ပါဝင်တဲ့ ကချေသည် Adriana Escamilla က ပြောပါတယ်။

“ကျမ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ ဆိုရင်တော့ အမျိုးသားတွေရဲ့ အနိုင်ကျင့်မှုတွေကို မခံနိုင်လို့၊ ကျမတို့ကို ဖိနှိပ်နေတဲ့ ဖိုဝါဒကြီးစိုးတဲ့ စနစ်ကို မကျေနပ်လို့။ ဒီ ခံစားချက်တွေကို ကျမရဲ့ ခန္ဓာ ၊ ကျမရဲ့ ကကွက်တွေနဲ့ ဖော်ထုတ် ကန့်ကွက်ဖို့အတွက် အော်ဟစ် ကြွေးကြော်ဖို့ လာခဲ့တာပါ။”

အမျိုးသမီးတွေ အချင်းချင်း ပံ့ပိုး ကူညီ ဖေးမပြီး အနာဂတ် မျိုးဆက် မိန်းခလေးငယ်တွေ သူတို့ ကြုံတွေ့ခဲ့ရသလို ဆက်ပြီး မကြုံရစေဖို့ ခုလို ချီတက် တောင်းဆို ဆန္ဒပြကြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

အလားတူ အာဂျင်တီးနား နိုင်ငံက ချီတက်ပွဲမှာလည်း အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမ ျှတမှု ရရှိရေး တောင်းဆိုခဲ့ကြပါတယ်။

"ကျမတို့ မိန်းခလေးတွေ အလုပ်သွားတဲ့အခါ၊ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့တွေ့ဖို့ အပြင်ထွက်တဲ့ အခါတိုင်း ကြုံနေရတဲ့ အကြောက်တရားတွေ အဆုံးသတ်ဖို့ နဲ့ ကျား-မ သာတူညီမ ျှတန်းတူ အခွင့်အရေး ရဖို့ ခုလို လမ်းတွေပေါ်မှာ တနှစ်ပြီးတနှစ် ကျမတို့ ချီတက် တောင်းဆို နေကြတာပါ။ ကိုချစ်တဲ့သူတွေ နောက်တကြိမ် တွေ့ရပါ့မလား။ သူတို့တွေ အသတ်ခံရမလား စသဖြင့် ကြောက်ရွံ့ ထိတ်လန့် နေရတာတွေ မဖြစ်သင့်တော့ပါဘူး။”

အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနား ကျောင်းသူ Camila Pisano ပြောသွားတာပါ။

အမျိုးသမီးတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့ ခုလို လက်တင် အမေရိကားနိုင်ငံတွေမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲတွေ ကျင်းပကြသလိုပဲ၊ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေ၊ အာရှဒေသမှာဆိုရင်လည်း အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဖိလစ်ပိုင်၊ မြန်မာ စတဲ့ နိုင်ငံတွေမှာလည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ ပုံစံမျိုးစုံနဲ့ စုဝေး ဆင်နွှဲကြပါတယ်။

နိုင်ငံတွေ၊ နေရာဒေသတွေ မတူကြပေမဲ့လို့ အမျိုးသမီး ဖြစ်လို့ ခွဲခြားဆက်ဆံပြီး နိုင့်ထက် စီးနင်းလုပ်ခံရတဲ့ အခြေအနေတွေ ကတော့ နေရာတိုင်းမှာ ရှိနေတာတွေ့ရပြီး ဒါတွေကို အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ Arlene Brosas က ပြောပါတယ်။

"ကျမတို့ နိုင်ငံရဲ့ လက်ရှိ စနစ်အောက်မှာ အနိုင်ကျင့် ဗိုကျခံနေရတဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို ကမ္ဘာကြီးတခုလုံး ကြားစေချင်ပါတယ်။ ဒီအခြေအနေတွေက ဖိလစ်ပိုင် နိုင်ငံတင် ကြုံရတာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေမှာလည်း အမျိုးသမီးတွေဟာ ပုံစံ မျိုးစုံနဲ့ ဗိုကျ အနိုင်ကျင့် ခံရနေပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ဖိလစ်ပိုင် အမျိုးသမီးတွေ ထောင်နဲ့ချီ မြို့တော် မနီလာ လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာနေတဲ့ မြန်မာနိုင်ငံမှာလည်း စစ်ပွဲတွေ၊ အခက်အခဲတွေ ကြားမှာပဲ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ရတဲ့နည်းနဲ့ ဆင်နွှဲခဲ့ကြတယ်လို့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ မကြာခန ရှိနေတဲ့ ကရင်နီဒေသ၊ ဒီမော့ဆို မြို့နယ်မှာ ကျေးရွာ ၁၅ ရွာလောက်က အမျိုးသမီး ၁၅၀ လောက် စုဝေးပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဆင်နွှဲခဲ့တယ်လို့ ကိုယ်တိုင် ပါဝင်သူ တဦးဖြစ်တဲ့ ကျေးလက်မြေ အမျိုးသမီးအဖွဲ့က မမူစဲက ပြောပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားမှာ သူတို့ ဘာကြောင့် ခုလို ခက်ခက်ခဲခဲ ဆင်နွှဲကြရတာလဲ ဆိုတာကိုလည်း သူက ခုလို ရှင်းပြပါတယ်။

“အဓိက ရည်ရွယ်ချက် ကတော့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းရင်သားပြည်သူတွေ အပေါ် တိုက်ခိုက်မှုတွေ၊ စစ်ပြေးရှောင်နေရတဲ့ ဒုက္ခတွေ၊ နေ့စဉ်နေ့တိုင်း လေယာဉ်တွေနဲ့ ဗုံးကျဲသလို စစ်ကြောင်း ထိုးတာတွေလည်း ရှိသလို၊ မိုင်းတွေလည်း ရပ်ရွာတွေထဲမှာ ထောင်ထားတာတွေ ရှိတယ်။ ဒါတွေကြောင့် အမျိုးသမီးတွေက အကြောက်တရားတွေနဲ့ တနေရာပြီးတနေရာ ပြေးလွှားနေရတယ်။ ဒါတွေကို ကျမတို့က ပြန်လည်ပြီးတော့ ဒီအကြောက်တရားတွေကို အမျိုးသမီးတွေ စုစည်းပြီး အံတုနိုင်ဖို့။ ပြီးရင် အချင်းချင်း အပြန်အလှန် ခွန်အားယူနိုင်ဖို့၊ ဒီဒုက္ခတွေကို နွေဦးတော်လှန်ရေးရဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့မှ အနိုင်ယူနိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာ ဖြစ်တယ်။ နောက်တခုကတော့ အမျိုးသမီးတွေ ဒီကာလအတွင်း ရုပ်ပိုင်း စိတ်ပိုင်း ပြန်လည် ကုစားနိုင်ဖို့အပြင် သူတို့တွေ ရောက်ရှိနေတဲ့ နေရာတွေမှာ စိတ်ဓာတ်ခွန်အား ပြန်လည် မွေးဖွားနိုင်ပြီးတော့မှ ယုံကြည်မှုရှိရှိနဲ့ ကျတဲ့အခန်းကဏ္ဍတွေမှာ ရယူနိုင်တဲ့ ဦးဆောင်မှုတွေကို ပြန်လည် နေရာ ရယူနိုင်ဖို့အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။”

ကရင်နီဒေသဘက်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလို ရှိနေတာကြောင့် သတိထား သွားလာကြရတဲ့အတွက် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၃ ရက်စောပြီး မတ်လ ၅ ရက်နေ့မှာ ကြိုပြီး ကျင်းပခဲ့တယ်လို့လည်း မမူစဲက ပြောပြပါတယ်။

“ကျမတို့ကျင်းပနေချိန် ရက်ပိုင်း အတွင်းမှာကိုပဲ ဒီက ရပ်ရွာတွေကို စစ်ကြောင်းတွေ ထိုးနေတယ်။ လေကြောင်းကနေလည်း ဗုံးတွေ ကျဲနေတယ်။ မြေပြင်မှာ အချင်းချင်း ပစ်ခတ်မှုတွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဒီဟာတွေကို ကျမတို့က ကြောက်နေမယ့်အစား ကျမတို့ အမျိုးသမီးတွေ အနေနဲ့ ဒါကိုကြောက်ပြီး ဘယ်နေရာကို ဆက်ပြေးရမလဲ ဖြစ်နေမယ့်အစား၊ ကျမတို့ အားလုံး စုပြီး အတူတူ အကြောက်တရားကို တွန်းလှန်နိုင်ဖို့အတွက် ဒီလို စုစည်းပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်လုပ်ပြီး အဲ့ဒီနေ့မှာ အမျိုးသမီးတွေကိုလည်း ကျမတို့ အချင်းချင်း အပြန်အလှန် ဂုဏ်ပြုကြရင်း၊ ဖေးမကြရင်း၊ စိတ်ဓာတ်ခွန်အားတွေ ပေးကြရင်း၊ အချင်းချင်း ဒါတွေကို တဒင်္ဂအတွင်းမှာပဲ ဖြစ်ဖြစ် ကျမတို့တွေ ပုံမှန် အနေအထားမှာလို၊ ဘာမှမဖြစ်ခဲ့သလိုမျိုး အဲ့ဒီ အခမ်းအနားအတွင်း နာရီအတွင်း စက္ကန့်အတွင်းမှာ ကျမတို့တွေ စကားပြောကြတယ်။ က ခုန်ကြတယ်။ ကျမတို့ သီချင်းတွေ ဆိုကြတယ်။ ကျမတို့ ပန်းတွေ ပေးကြတယ်။ အဲ့ဒါလေးတွေကို ကျမတို့ ရအောင် လုပ်ခဲ့တာပါ။”

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရဲရဲရင့်ရင် ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတဲ့ အနေနဲ့လည်း ဆန္ဒပြပွဲတွေအတွင်း အမျိုးသမီးထမီတွေ အလံလွှင့် ထူခဲ့ကြတာကို ပြန်လည် ဖော်ထုတ်ခဲ့ကြပြီး ထမီ လက်ဆောင်ပေးတာတွေ လုပ်ခဲ့သလို၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အမျိုးသမီးတွေ အတွက် အောက်မေ့ ဂုဏ်ပြုတဲ့ ဆုတောင်းပွဲလည်း ကျင်းပခဲ့တယ်လို့ မမူစဲက ပြောပါတယ်။

“နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ပွဲကြားထဲမှာ တောတွေ တောင်တွေထဲမှာ၊ မိုးထဲလေထဲမှာ ကလေးမွေးခဲ့ရတယ်။ သားသမီး မိသားစုတွေ ရာသီဥတုဒဏ်ကြောင့် သေဆုံးရတာတွေ ရှိတယ်။ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာတွေ ရှိတယ်။ မုဒိန်းကျင့် ခံရတာတွေ ရှိတယ်။ ဒါတွေပြီးတော့မလားဆို အခုတခါ ထပ်ပြီးမှ စစ်အာဏာ သိမ်းလိုက်တဲ့အခါမှာ ဒီဒုက္ခတွေကို တကျော့ပြန် ခံစားရတယ်။ အဲ့ဒီတော့ ကျမတို့ မေ ျှာ်လင့်စရာ ငြိမ်းချမ်းရေး တခုပဲ ရှိတယ်။ ဖက်ဒရယ် ဒီမိုကရေစီကို ကျမတို့ လိုလားတယ်။ တရားမ ျှတမှုကို လိုလားတယ်။ ပြည်သူ့အာဏာကို ပြည်သူကို ပြန်ပေးပြီး ကျမတို့အမျိုးသမီးတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာတွေကို ပြန်လည် ကုစားပြီးတော့မှ ကျမတို့အမျိုးသမီးတွေလည်း တိုင်းပြည် တည်ဆောက်ရေးမှာ ဟန်ချက်ညီညီ ခြေလှမ်း လှမ်းပြီး ပြန်လည် ပါဝင်ချင်ပါတယ်။ ဒါကြောင့်မို့ စစ်ပွဲတွေနဲ့ ကျမတို့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်တွေကို မရိုက်ချိုးပါနဲ့။ စိတ်ဓာတ်ကျအောင် မလုပ်ပါနဲ့။ ဒုက္ခတွေ ခါးဆီးခံရအောင် ဆက်ပြီးတော့ မနှိပ်စက်ပါနဲ့လို့ ကျမတို့ ပြောချင်ပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် အမေရိကန်သံရုံးကလည်း - မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြ လှုပ်ရှားမှုတွေ အတွင်း ကျဆုံးခဲ့ရတဲ့ လူငယ်အမျိုးသမီး မအိန်ဂျယ် ကြယ်စင်၊ မမြသွဲ့သွဲ့ခိုင် နဲ့မခင်မျိုးချစ် တို့အပါအဝင် ကြွေလွှင့်ခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ အားလုံးကို အောက်မေ့ ဂုဏ်ပြုကြောင်းနဲ့ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် ကြိုးပမ်း အားထုတ်နေကြတဲ့ ရဲဝံ့တဲ့ အမျိုးသမီးတွေ အားလုံးကို ချီးကျူး ဂုဏ်ပြုကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာတော့ လက်ရှိ စစ်ပွဲတွေ ဖြစ်နေတဲ့ ယူကရိန်းနဲ့ မြန်မာလို ပဋိပက္ခ ဒေသတွေမှာ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေကို အမျိုးသမီး ခေါင်းဆောင်တွေက အဓိက ထောက်ပြ ပြောဆိုကြပါတယ်။ ယူကရိန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစု ပါဝင်တဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့ အခြေအနေကို ကြောက်မက်ဖွယ်ရာ မျက်မြင် တွေ့နေရတဲ့ အချိန်မှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ယီမင် စတဲ့ နေရာတွေမှာလည်း ပဋိပက္ခတွေအတွင်း အမျိုးသမီးနဲ့ မိန်းခလေးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ ရှိနေတယ်ဆိုတာကို ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး Sima Bahous (ဆီမာဘာဟတ်စ်) က မတ်လ ၈ ရက်၊ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကုလသမဂ္ဂ ဌာနချုပ်ကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ပြောဆိုသွားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စခဲ့တဲ့ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးနဲ့ လူမှုရေး ဆုတ်ယုတ်မှု ဒဏ်တွေကို ခါးဆီး ခံနေကြရတဲ့ အမျိုးသမီးတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နစ်နာ ဆုံးရှုံးမှုတွေ ပိုပြီး ကြုံလာနေရပါတယ်။ ဒီလို အခြေအနေတွေ ပြောင်းလဲလာဖို့ အတွက် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အလေးထား ပြောဆိုခဲ့ကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG