သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၁၁၁) ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့


(၁၁၁) ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့
please wait

No media source currently available

0:00 0:11:13 0:00

မတ်လ ၈ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ ပုံစံ အမျိုးမျိုးနဲ့ အထိမ်းအမှတ်ပြု ဆင်နွှဲခဲ့ကြပါတယ်။

[Zawgyi/Unicode]

မတ်လ ၈ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ ပုံစံ အမျိုးမျိုးနဲ့ အထိမ်းအမှတ်ပြု ဆင်နွှဲခဲ့ကြပါတယ်။ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ ကျား-မ တန်းတူညီမ ျှမှု မရရှိသေးတာတွေကို မီးမောင်း ထိုးပြခဲ့ကြသလို၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရပ်ပြီး တရားမ ျှတမှု ရရှိရေး စုဝေး တောင်းဆို ဆန္ဒပြတာတွေ နေရာအတော်များများမှာ လုပ်ခဲ့ကြပါတယ်။ မြန်မာ အပါအဝင် ကမ္ဘာ့နေရာ ဒေသတချို့မှာ ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဘယ်လို ပုံစံနဲ့ ဆင်နွှဲကြသလဲ။ ဘာကြောင့် အဲ့ဒီလိုဆင်နွှဲကြတာလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။


နှစ်စဉ် နှစ်တိုင်း မတ်လ ၈ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ (အပြည်ပြည်ဆိုင်ရာ) နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်းက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ ပုံစံ မျိုးစုံနဲ့ ဆင်နွှဲကြလေ့ရှိပါတယ်။ ဒီနှစ်ကတော့ ၁၁၁ ကြိမ်မြောက် ကျင်းပတာပါ။ ကိုဗစ် ကပ်ဘေးနဲ့အတူ နောက်ဆက်တွဲ လူမှု စီးပွား အကျပ်အတည်းတွေ ကြုံနေရတဲ့အချိန်မှာ နိုင်ငံ အတော်များများမှာ အမျိုးသမီးတွေ ထောင်နဲ့ချီ လမ်းပေါ်ထွက် စုဝေး ချီတက် ဆန္ဒ ပြတာတွေ ရှိခဲ့သလို၊ ကျား-မ တန်းတူရေး တောင်းဆိုမှုတွေနဲ့ အသိပညာပေး ဆွေးနွေးပွဲ၊ ဂုဏ်ပြုပွဲ၊ ဆုတောင်းပွဲ စသဖြင့် ပုံစံမျိုးစုံနဲ့ ဆင်နွှဲကြပါတယ်။

မက္ကဆီကိုနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။ အင်္ဂါနေ့က နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲမှာ မက္ကဆီကို အမျိုးသမီး သောင်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ မက္ကဆီကိုနိုင်ငံမှာ နေ့စဉ် အမျိုးသမီး ၁၀ ယောက် အကြမ်းဖက် သတ်ဖြတ်ခံနေရ တာကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ အကြမ်းဖက် သတ်ဖြတ်ခံရမှု အဆိုးရွာဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒီလို အခြေအနေတွေ အဆုံးသတ်ရေး ကြိုးပမ်းနေတာလို့ နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲမှာ ပါဝင်တဲ့ ကချေသည် Adriana Escamilla က ပြောပါတယ်။

“ကျမ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ ဆိုရင်တော့ အမျိုးသားတွေရဲ့ အနိုင်ကျင့်မှုတွေကို မခံနိုင်လို့၊ ကျမတို့ကို ဖိနှိပ်နေတဲ့ ဖိုဝါဒကြီးစိုးတဲ့ စနစ်ကို မကျေနပ်လို့။ ဒီ ခံစားချက်တွေကို ကျမရဲ့ ခန္ဓာ ၊ ကျမရဲ့ ကကွက်တွေနဲ့ ဖော်ထုတ် ကန့်ကွက်ဖို့အတွက် အော်ဟစ် ကြွေးကြော်ဖို့ လာခဲ့တာပါ။”

အမျိုးသမီးတွေ အချင်းချင်း ပံ့ပိုး ကူညီ ဖေးမပြီး အနာဂတ် မျိုးဆက် မိန်းခလေးငယ်တွေ သူတို့ ကြုံတွေ့ခဲ့ရသလို ဆက်ပြီး မကြုံရစေဖို့ ခုလို ချီတက် တောင်းဆို ဆန္ဒပြကြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

အလားတူ အာဂျင်တီးနား နိုင်ငံက ချီတက်ပွဲမှာလည်း အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမ ျှတမှု ရရှိရေး တောင်းဆိုခဲ့ကြပါတယ်။

"ကျမတို့ မိန်းခလေးတွေ အလုပ်သွားတဲ့အခါ၊ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့တွေ့ဖို့ အပြင်ထွက်တဲ့ အခါတိုင်း ကြုံနေရတဲ့ အကြောက်တရားတွေ အဆုံးသတ်ဖို့ နဲ့ ကျား-မ သာတူညီမ ျှတန်းတူ အခွင့်အရေး ရဖို့ ခုလို လမ်းတွေပေါ်မှာ တနှစ်ပြီးတနှစ် ကျမတို့ ချီတက် တောင်းဆို နေကြတာပါ။ ကိုချစ်တဲ့သူတွေ နောက်တကြိမ် တွေ့ရပါ့မလား။ သူတို့တွေ အသတ်ခံရမလား စသဖြင့် ကြောက်ရွံ့ ထိတ်လန့် နေရတာတွေ မဖြစ်သင့်တော့ပါဘူး။”

အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနား ကျောင်းသူ Camila Pisano ပြောသွားတာပါ။

အမျိုးသမီးတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့ ခုလို လက်တင် အမေရိကားနိုင်ငံတွေမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ချီတက်ပွဲတွေ ကျင်းပကြသလိုပဲ၊ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေ၊ အာရှဒေသမှာဆိုရင်လည်း အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဖိလစ်ပိုင်၊ မြန်မာ စတဲ့ နိုင်ငံတွေမှာလည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ ပုံစံမျိုးစုံနဲ့ စုဝေး ဆင်နွှဲကြပါတယ်။

နိုင်ငံတွေ၊ နေရာဒေသတွေ မတူကြပေမဲ့လို့ အမျိုးသမီး ဖြစ်လို့ ခွဲခြားဆက်ဆံပြီး နိုင့်ထက် စီးနင်းလုပ်ခံရတဲ့ အခြေအနေတွေ ကတော့ နေရာတိုင်းမှာ ရှိနေတာတွေ့ရပြီး ဒါတွေကို အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ Arlene Brosas က ပြောပါတယ်။

"ကျမတို့ နိုင်ငံရဲ့ လက်ရှိ စနစ်အောက်မှာ အနိုင်ကျင့် ဗိုကျခံနေရတဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို ကမ္ဘာကြီးတခုလုံး ကြားစေချင်ပါတယ်။ ဒီအခြေအနေတွေက ဖိလစ်ပိုင် နိုင်ငံတင် ကြုံရတာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေမှာလည်း အမျိုးသမီးတွေဟာ ပုံစံ မျိုးစုံနဲ့ ဗိုကျ အနိုင်ကျင့် ခံရနေပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ဖိလစ်ပိုင် အမျိုးသမီးတွေ ထောင်နဲ့ချီ မြို့တော် မနီလာ လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာနေတဲ့ မြန်မာနိုင်ငံမှာလည်း စစ်ပွဲတွေ၊ အခက်အခဲတွေ ကြားမှာပဲ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ရတဲ့နည်းနဲ့ ဆင်နွှဲခဲ့ကြတယ်လို့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ မကြာခန ရှိနေတဲ့ ကရင်နီဒေသ၊ ဒီမော့ဆို မြို့နယ်မှာ ကျေးရွာ ၁၅ ရွာလောက်က အမျိုးသမီး ၁၅၀ လောက် စုဝေးပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဆင်နွှဲခဲ့တယ်လို့ ကိုယ်တိုင် ပါဝင်သူ တဦးဖြစ်တဲ့ ကျေးလက်မြေ အမျိုးသမီးအဖွဲ့က မမူစဲက ပြောပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားမှာ သူတို့ ဘာကြောင့် ခုလို ခက်ခက်ခဲခဲ ဆင်နွှဲကြရတာလဲ ဆိုတာကိုလည်း သူက ခုလို ရှင်းပြပါတယ်။

“အဓိက ရည်ရွယ်ချက် ကတော့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းရင်သားပြည်သူတွေ အပေါ် တိုက်ခိုက်မှုတွေ၊ စစ်ပြေးရှောင်နေရတဲ့ ဒုက္ခတွေ၊ နေ့စဉ်နေ့တိုင်း လေယာဉ်တွေနဲ့ ဗုံးကျဲသလို စစ်ကြောင်း ထိုးတာတွေလည်း ရှိသလို၊ မိုင်းတွေလည်း ရပ်ရွာတွေထဲမှာ ထောင်ထားတာတွေ ရှိတယ်။ ဒါတွေကြောင့် အမျိုးသမီးတွေက အကြောက်တရားတွေနဲ့ တနေရာပြီးတနေရာ ပြေးလွှားနေရတယ်။ ဒါတွေကို ကျမတို့က ပြန်လည်ပြီးတော့ ဒီအကြောက်တရားတွေကို အမျိုးသမီးတွေ စုစည်းပြီး အံတုနိုင်ဖို့။ ပြီးရင် အချင်းချင်း အပြန်အလှန် ခွန်အားယူနိုင်ဖို့၊ ဒီဒုက္ခတွေကို နွေဦးတော်လှန်ရေးရဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့မှ အနိုင်ယူနိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာ ဖြစ်တယ်။ နောက်တခုကတော့ အမျိုးသမီးတွေ ဒီကာလအတွင်း ရုပ်ပိုင်း စိတ်ပိုင်း ပြန်လည် ကုစားနိုင်ဖို့အပြင် သူတို့တွေ ရောက်ရှိနေတဲ့ နေရာတွေမှာ စိတ်ဓာတ်ခွန်အား ပြန်လည် မွေးဖွားနိုင်ပြီးတော့မှ ယုံကြည်မှုရှိရှိနဲ့ ကျတဲ့အခန်းကဏ္ဍတွေမှာ ရယူနိုင်တဲ့ ဦးဆောင်မှုတွေကို ပြန်လည် နေရာ ရယူနိုင်ဖို့အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။”

ကရင်နီဒေသဘက်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလို ရှိနေတာကြောင့် သတိထား သွားလာကြရတဲ့အတွက် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၃ ရက်စောပြီး မတ်လ ၅ ရက်နေ့မှာ ကြိုပြီး ကျင်းပခဲ့တယ်လို့လည်း မမူစဲက ပြောပြပါတယ်။

“ကျမတို့ကျင်းပနေချိန် ရက်ပိုင်း အတွင်းမှာကိုပဲ ဒီက ရပ်ရွာတွေကို စစ်ကြောင်းတွေ ထိုးနေတယ်။ လေကြောင်းကနေလည်း ဗုံးတွေ ကျဲနေတယ်။ မြေပြင်မှာ အချင်းချင်း ပစ်ခတ်မှုတွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဒီဟာတွေကို ကျမတို့က ကြောက်နေမယ့်အစား ကျမတို့ အမျိုးသမီးတွေ အနေနဲ့ ဒါကိုကြောက်ပြီး ဘယ်နေရာကို ဆက်ပြေးရမလဲ ဖြစ်နေမယ့်အစား၊ ကျမတို့ အားလုံး စုပြီး အတူတူ အကြောက်တရားကို တွန်းလှန်နိုင်ဖို့အတွက် ဒီလို စုစည်းပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်လုပ်ပြီး အဲ့ဒီနေ့မှာ အမျိုးသမီးတွေကိုလည်း ကျမတို့ အချင်းချင်း အပြန်အလှန် ဂုဏ်ပြုကြရင်း၊ ဖေးမကြရင်း၊ စိတ်ဓာတ်ခွန်အားတွေ ပေးကြရင်း၊ အချင်းချင်း ဒါတွေကို တဒင်္ဂအတွင်းမှာပဲ ဖြစ်ဖြစ် ကျမတို့တွေ ပုံမှန် အနေအထားမှာလို၊ ဘာမှမဖြစ်ခဲ့သလိုမျိုး အဲ့ဒီ အခမ်းအနားအတွင်း နာရီအတွင်း စက္ကန့်အတွင်းမှာ ကျမတို့တွေ စကားပြောကြတယ်။ က ခုန်ကြတယ်။ ကျမတို့ သီချင်းတွေ ဆိုကြတယ်။ ကျမတို့ ပန်းတွေ ပေးကြတယ်။ အဲ့ဒါလေးတွေကို ကျမတို့ ရအောင် လုပ်ခဲ့တာပါ။”

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရဲရဲရင့်ရင် ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြတဲ့ အနေနဲ့လည်း ဆန္ဒပြပွဲတွေအတွင်း အမျိုးသမီးထမီတွေ အလံလွှင့် ထူခဲ့ကြတာကို ပြန်လည် ဖော်ထုတ်ခဲ့ကြပြီး ထမီ လက်ဆောင်ပေးတာတွေ လုပ်ခဲ့သလို၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အမျိုးသမီးတွေ အတွက် အောက်မေ့ ဂုဏ်ပြုတဲ့ ဆုတောင်းပွဲလည်း ကျင်းပခဲ့တယ်လို့ မမူစဲက ပြောပါတယ်။

“နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ပွဲကြားထဲမှာ တောတွေ တောင်တွေထဲမှာ၊ မိုးထဲလေထဲမှာ ကလေးမွေးခဲ့ရတယ်။ သားသမီး မိသားစုတွေ ရာသီဥတုဒဏ်ကြောင့် သေဆုံးရတာတွေ ရှိတယ်။ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာတွေ ရှိတယ်။ မုဒိန်းကျင့် ခံရတာတွေ ရှိတယ်။ ဒါတွေပြီးတော့မလားဆို အခုတခါ ထပ်ပြီးမှ စစ်အာဏာ သိမ်းလိုက်တဲ့အခါမှာ ဒီဒုက္ခတွေကို တကျော့ပြန် ခံစားရတယ်။ အဲ့ဒီတော့ ကျမတို့ မေ ျှာ်လင့်စရာ ငြိမ်းချမ်းရေး တခုပဲ ရှိတယ်။ ဖက်ဒရယ် ဒီမိုကရေစီကို ကျမတို့ လိုလားတယ်။ တရားမ ျှတမှုကို လိုလားတယ်။ ပြည်သူ့အာဏာကို ပြည်သူကို ပြန်ပေးပြီး ကျမတို့အမျိုးသမီးတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာတွေကို ပြန်လည် ကုစားပြီးတော့မှ ကျမတို့အမျိုးသမီးတွေလည်း တိုင်းပြည် တည်ဆောက်ရေးမှာ ဟန်ချက်ညီညီ ခြေလှမ်း လှမ်းပြီး ပြန်လည် ပါဝင်ချင်ပါတယ်။ ဒါကြောင့်မို့ စစ်ပွဲတွေနဲ့ ကျမတို့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်တွေကို မရိုက်ချိုးပါနဲ့။ စိတ်ဓာတ်ကျအောင် မလုပ်ပါနဲ့။ ဒုက္ခတွေ ခါးဆီးခံရအောင် ဆက်ပြီးတော့ မနှိပ်စက်ပါနဲ့လို့ ကျမတို့ ပြောချင်ပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် အမေရိကန်သံရုံးကလည်း - မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြ လှုပ်ရှားမှုတွေ အတွင်း ကျဆုံးခဲ့ရတဲ့ လူငယ်အမျိုးသမီး မအိန်ဂျယ် ကြယ်စင်၊ မမြသွဲ့သွဲ့ခိုင် နဲ့မခင်မျိုးချစ် တို့အပါအဝင် ကြွေလွှင့်ခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ အားလုံးကို အောက်မေ့ ဂုဏ်ပြုကြောင်းနဲ့ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် ကြိုးပမ်း အားထုတ်နေကြတဲ့ ရဲဝံ့တဲ့ အမျိုးသမီးတွေ အားလုံးကို ချီးကျူး ဂုဏ်ပြုကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာတော့ လက်ရှိ စစ်ပွဲတွေ ဖြစ်နေတဲ့ ယူကရိန်းနဲ့ မြန်မာလို ပဋိပက္ခ ဒေသတွေမှာ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေကို အမျိုးသမီး ခေါင်းဆောင်တွေက အဓိက ထောက်ပြ ပြောဆိုကြပါတယ်။ ယူကရိန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစု ပါဝင်တဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့ အခြေအနေကို ကြောက်မက်ဖွယ်ရာ မျက်မြင် တွေ့နေရတဲ့ အချိန်မှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ယီမင် စတဲ့ နေရာတွေမှာလည်း ပဋိပက္ခတွေအတွင်း အမျိုးသမီးနဲ့ မိန်းခလေးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ ရှိနေတယ်ဆိုတာကို ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး Sima Bahous (ဆီမာဘာဟတ်စ်) က မတ်လ ၈ ရက်၊ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကုလသမဂ္ဂ ဌာနချုပ်ကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ပြောဆိုသွားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စခဲ့တဲ့ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးနဲ့ လူမှုရေး ဆုတ်ယုတ်မှု ဒဏ်တွေကို ခါးဆီး ခံနေကြရတဲ့ အမျိုးသမီးတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နစ်နာ ဆုံးရှုံးမှုတွေ ပိုပြီး ကြုံလာနေရပါတယ်။ ဒီလို အခြေအနေတွေ ပြောင်းလဲလာဖို့ အတွက် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အလေးထား ပြောဆိုခဲ့ကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

===============================

[Unicode]
(၁၁၁) ကွိမျမွောကျ နိုငျငံတကာ အမြိုးသမီးမြားနေ့ (အမြိုးသမီးကဏ်ဍ)























XS
SM
MD
LG